ဖြစ်နိုင်ခြေရှိတဲ့ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုမတိုင်ခင် တပ်ဖွဲ့ဝင်တွေကိုစုစည်းထားကြဖို့ တရုတ်(တိုင်ပေ)သမ္မတ တိုက်တွန်း

70

Pika (NP News) - မေ ၁၇
လာမယ့်သီတင်းပတ်အစောပိုင်းမှာ ဖြစ်လာနိုင်ခြေရှိတဲ့ တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှု အသစ်မတိုင်ခင် တပ်ဖွဲ့ဝင်တွေစုဝေးမှုတွေလုပ်ဆောင်ဖို့ တရုတ်(တိုင်ပေ)သမ္မတလိုင်ချန်တေးက ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ တရုတ်စစ်တပ်ဟာ တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်နိုင် တယ်လို့ တရုတ်(တိုင်ပေ)အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ယခုလိုလုပ်ဆောင်မှုတွေ ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။
တရုတ်အစိုးရဟာ လိုင်ချန်တေးကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အတွက် လိုင်ချန်တေးရဲ့ကမ်းလှမ်းချက်တွေအားလုံးကို ငြင်းဆန်ပယ်ချခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပေမယ့်လည်း တရုတ်(တိုင်ပေ)အစိုးရက တရုတ်ရဲ့ပြောဆိုချက်တွေအားလုံးကို ငြင်းဆန်ပယ်ချထားပြီး တရုတ်(တိုင်ပေ)ပြည်သူ တွေကပဲ ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။
လိုင်ချန်တေးဟာ တောင်ပိုင်း Kaohsiung မြို့မှာရှိတဲ့ အခြေစိုက်စခန်းတွေရဲ့စစ်တပ်အင်ဂျင်နီယာတွေနဲ့ ရေငုပ် သင်္ဘောဆန့်ကျင်ရေး ရဟတ်ယာဉ်တပ်ဖွဲ့ဝင်တွေဆီကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုမိန့်ခွန်း ပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ျဖစ္ႏိုင္ေျခရွိတဲ့ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈမတိုင္ခင္ တပ္ဖြဲ႕ဝင္ေတြကိုစုစည္းထားၾကဖို႔ တ႐ုတ္(တိုင္ေပ)သမၼတ တိုက္တြန္း
Pika (NP News) - ေမ ၁၇
လာမယ့္သီတင္းပတ္အေစာပိုင္းမွာ ျဖစ္လာႏိုင္ေျခရွိတဲ့ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ တ႐ုတ္ရဲ႕စစ္ေရးေလ့က်င့္မႈ အသစ္မတိုင္ခင္ တပ္ဖြဲ႕ဝင္ေတြစုေဝးမႈေတြလုပ္ေဆာင္ဖို႔ တ႐ုတ္(တိုင္ေပ)သမၼတလိုင္ခ်န္ေတးက ေျပာၾကားခဲ့ တယ္လို႔ သိရပါတယ္။ တ႐ုတ္စစ္တပ္ဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ႏိုင္ တယ္လို႔ တ႐ုတ္(တိုင္ေပ)အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုလုပ္ေဆာင္မႈေတြ ထြက္ေပၚလာတာ လည္းျဖစ္ပါတယ္။
တ႐ုတ္အစိုးရဟာ လိုင္ခ်န္ေတးကို ခြဲထြက္ေရးသမားတစ္ဦးအျဖစ္ သတ္မွတ္ထားၿပီး ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အတြက္ လိုင္ခ်န္ေတးရဲ႕ကမ္းလွမ္းခ်က္ေတြအားလုံးကို ျငင္းဆန္ပယ္ခ်ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္အစိုးရက တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားေပမယ့္လည္း တ႐ုတ္(တိုင္ေပ)အစိုးရက တ႐ုတ္ရဲ႕ေျပာဆိုခ်က္ေတြအားလုံးကို ျငင္းဆန္ပယ္ခ်ထားၿပီး တ႐ုတ္(တိုင္ေပ)ျပည္သူ ေတြကပဲ ၎တို႔ရဲ႕အနာဂါတ္ကို ဆုံးျဖတ္ႏိုင္တယ္လို႔ အႀကိမ္ႀကိမ္ေျပာၾကားခဲ့ပါတယ္။
လိုင္ခ်န္ေတးဟာ ေတာင္ပိုင္း Kaohsiung ၿမိဳ႕မွာရွိတဲ့ အေျခစိုက္စခန္းေတြရဲ႕စစ္တပ္အင္ဂ်င္နီယာေတြနဲ႔ ေရငုပ္ သေဘၤာဆန႔္က်င္ေရး ရဟတ္ယာဥ္တပ္ဖြဲ႕ဝင္ေတြဆီကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုမိန႔္ခြန္း ေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။