ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီးမှာ အိုစမာဘင်လာဒင်နဲ့ဆက်စပ်ပြီး ကုလစာရင်းဝင် အကြမ်းဖက်သမား၏ သားဖြစ်နေ

474

Htay Oung (NP News) - မေ ၁၇
ပါကစ္စတန်စစ်တပ်အပြည်ပြည်ဆိုင်ရာ ပြည်သူ့ဆက်ဆံရေး (ISPR) ဋ္ဌာနရဲ့ လက်ရှိ ညွှန်ကြားရေးမှူးချုပ် အာ မက် ရှရစ်ဖ် ချောင်ဒရီဟာ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်နဲ့ ဆက်နွယ်နေတဲ့အတွက် ကုလသမဂ္ဂက အကြမ်းဖက်သမားအဖြစ် ကြေညာခြင်းခံထားရသူ ဆူလတန် ဘာရှီအူဒင်မာမွတ်ရဲ့သားဖြစ် ကြောင်း၊ အကြမ်းဖက်ကွန်ရက် ဆက်စပ်နေသူရဲ့ သွေးသားရင်းချာတစ်ဦးက နိုင်ငံ့လက်နက်ကိုင်အဖွဲ့အစည်းမှာ အကြီးအကဲဖြစ်နေခြင်းက နယူးဒေလီ-အစ္စလာမ်မာဘတ်တို့အကြား ပဋိပက္ခဖြစ်ရတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ နက်ရှိုင်းစွာ ဆက်စပ်နေပုံဇာတ်လမ်းကိုပြောပြနေတယ်လို့ အိန္ဒိယ “ဘစ်ဇင်း နက်ဇ်တိုင်းမ်” က ၂ဝ၂၅ ခုနှစ် မေလ ၁၅ ရက်က ရေးသားခဲ့ပါတယ်။
ချောင်ဒရီဟာ ပါကစ္စတန်ကို အကြမ်းဖက်ဝါဒရဲ့သားကောင်ဖြစ်စေသူလို့ မကြာခဏ ဖော်ပြခြင်းခံရပါတယ်။ သူ့ဖခင် မာမွတ်ဟာ ၂၀၀၁ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ “အယ်လ်ကိုင်ဒါ ပိတ်ဆို့ အရေးယူမှုစာရင်း” မှာ ပါဝင်ခဲ့ပြီး အစ္စလာမ်မစ် အကြမ်းဖက်သမားများကို နျူကလီယာနည်းပညာနဲ့ ကူညီထောက်ပံ့ပေးသူဖြစ်နေ တယ်ဆိုခြင်းက ကျောချမ်းစရာ ကောင်းလှပါတယ်။
မာမွတ်ဟာ တစ်ချိန်က ပါကစ္စတန်ရဲ့နျူကလီယာအစီအစဉ်မှာ အရေးပါသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဂျီဟတ် ဝါဒီအုပ်စုများကို နျူကလီယာ၊ ဇီဝနဲ့ ဓာတုလက်နက်ဆိုင်ရာ အသိပညာများ ဖြန့်ဝေနေခြင်းကို ဖုံးကွယ်ဖို့ ဟန် ပြဖွဲ့စည်းထားတဲ့ “အူမာရ် တမီးယားအီးနျူး” (UTN) အဖွဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် အိုစမာဘင်လာဒင်နဲ့ရော (အာဖဂန်) တာလီဘန်ခေါင်းဆောင်များနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
မာမွတ်ရဲ့ ဘာသာရေးစွဲလမ်းမှု၊ အစ္စလာမ်မစ် အစွန်းရောက်ဝါဒအပေါ် ထောက်ခံမှုတို့ဟာ သူ့ရဲ့ လုပ်ဖော်ကိုင် ဖက်များကို ထိတ်လန့်စေခဲ့တယ်လို့ ၂၀၀၉ ခုနှစ် အမေရိကန် “နယူးယောက်ခ်တိုင်းမ်” က သတင်းရေးခဲ့ဖူးပါ တယ်။
၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ကုလသမဂ္ဂကော်မတီရဲ့ထုတ်ပြန်ချက်မှာ မာမွတ်ဟာ "အိုစာမာဘင်လာဒင်၊ အယ်လ်ကိုင်ဒါနဲ့ တာလီဘန်တို့ရဲ့လုပ်ဆောင်ချက်များကို ထောက်ပံ့ခြင်း အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများရဲ့ ငွေကြေးထောက်ပံ့မှု၊ အစီအစဉ်ရေးဆွဲမှုနဲ့ အကောင်အထည်ဖော်မှုတို့မှာ ပါဝင်ခဲ့တယ်” လို့ ဖော်ပြထားပါတယ်။
(အရှေ့အလယ်ပိုင်းနဲ့ အာဖရိကရှိ အမေရိကန်သံရုံးနဲ့ စစ်သင်္ဘောများ ဗုံးခွဲခံရတဲ့အပြင် ဆက်တိုက်ဆိုသလို လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရတဲ့ 9/11 ဖြစ်စဉ်အပြီး) ဖော်ထုတ်တွေ့ရှိချက်တွေဟာ အမေရိကန်ထောက်လှမ်း ရေး လောကအတွက် အကြီးအကျယ် တုန်လှုပ်စရာတွေချည့်ပါပဲ။ အထူးသဖြင့် ပါကစ္စတန်နျူကလီယာစီမံကိန်း မှာ ဦးနှောက်သဖွယ် အရေးပါသူ မာမွတ်က နျူကလီးယားလက်နက် ဖော်ဆောင်ရေး အယ်လ်ကိုင်ဒါ အဖွဲ့ဝင်များနဲ့ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိလိုက်ရတဲ့အခါ အမေရိကန်အဖွဲ့အစည်းများအနေနဲ့ ထိတ်ထိတ် ပျာပျာဖြစ်ရပါတယ်။
တွေ့ဆုံမှုတစ်ခုမှာဆိုရင် သူတို့မှာရှိနေတဲ့ နျူကလီယာပစ္စည်းများ အသုံးပြုနည်းနဲ့ပတ်သက်ပြီး အကြံဉာဏ် လိုအပ်တယ်လို့ ဘင်လာဒင်ရဲ့လုပ်ဖော်ကိုင်ဖက်က မာမွတ်ကို ပြောပြကြောင်း၊ မာမွတ်က အခြေခံဖွဲ့တည်ပုံနဲ့ သက်ရောက်မှုများအကြောင်း အသေးစိတ်ရှင်းလင်း သင်ပြပေးခဲ့တယ်လို့ သိရှိရပါတယ်။
အမေရိကန် “မင်ဟက်တန်စီမံကိန်း” မှာ ပါဝင်ခဲ့တဲ့ မန်ချက်စတာ တက္ကသိုလ် ၁၉၆၂-၁၉၆၉-ခုနှစ် “နျူကလီ ယာသိပ္ပံ မဟာဘွဲ့” နှစ်ထပ်ကွမ်းရ မာမွတ်ဟာ ပါကစ္စတန်နျူကလီ ယာဖခင်ကြီး အဗ္ဗဒူလ်ကိုင်ဒီယာခန်း နဲ့ အတူ အစ္စလာမ်မာဘဘ်ရဲ့ ယူရေနီယမ်ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပူးပေါင်းခဲ့ပြီး၊ နောက်ပိုင်းမှာ “ပလူတိုနီယမ်ဗုံး” ချဲ့ထွင် တည်ဆာက်ရေး လုပ်ငန်းများမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ အစွန်းရောက်အတွေး အခေါ် များကြောင့် ၂၀၀၁- ခုနှစ်မှာ အငြိမ်းစားပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြန်ပေးဆွဲမှုအစီအစဉ်များနဲ့ နျူကလီယာလက်နက်အခြေခံ ကိစ္စများမှာ ပါဝင်နေတဲ့အတွက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
ဖခင်ဖြစ်သူက အကြမ်းဖက်သမား နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်သည့်တိုင် ချောင်ဒရီကတော့ ပါကစ္စတန် စစ်တပ်မှာ အဆင့်ဆင့် ရာထူးတိုးတက်လာခဲ့ပြီး ခုတော့ (တပ်မတော်ပြောရေးဆိုခွင့်ရှိသူ) ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် သတင်းအချက်အလက် စစ်ဆင်ရေးကို ဦးဆောင်နေပါတယ်။ တကယ်တော့ အဲဒီဌာနဟာ တစ်ချိန်က သူ့ဖခင် မာမွတ်ရဲ့ အစွန်းရောက်အတွေးအခေါ်များကြောင့် ပါကစ္စတန်တပ်မတော်ကိုယ်တိုင် စိုးရိမ်ကြောင်း ပြောဆိုခဲ့ဖူးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေတယ်လို့ အိန္ဒိယသတင်းစာက ရေးပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ပါကစၥတန္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမွာ အိုစမာဘင္လာဒင္နဲ႔ဆက္စပ္ၿပီး ကုလစာရင္းဝင္ အၾကမ္းဖက္သမား၏ သားျဖစ္ေန
Htay Oung (NP News) - ေမ ၁၇
ပါကစၥတန္စစ္တပ္အျပည္ျပည္ဆိုင္ရာ ျပည္သူ႔ဆက္ဆံေရး (ISPR) ႒ာနရဲ႕ လက္ရွိ ၫႊန္ၾကားေရးမႉးခ်ဳပ္ အာ မက္ ရွရစ္ဖ္ ေခ်ာင္ဒရီဟာ အယ္လ္ကိုင္ဒါအၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္ အိုစမာဘင္လာဒင္နဲ႔ ဆက္ႏြယ္ေနတဲ့အတြက္ ကုလသမဂၢက အၾကမ္းဖက္သမားအျဖစ္ ေၾကညာျခင္းခံထားရသူ ဆူလတန္ ဘာရွီအူဒင္မာမြတ္ရဲ႕သားျဖစ္ ေၾကာင္း၊ အၾကမ္းဖက္ကြန္ရက္ ဆက္စပ္ေနသူရဲ႕ ေသြးသားရင္းခ်ာတစ္ဦးက ႏိုင္ငံ့လက္နက္ကိုင္အဖြဲ႕အစည္းမွာ အႀကီးအကဲျဖစ္ေနျခင္းက နယူးေဒလီ-အစၥလာမ္မာဘတ္တို႔အၾကား ပဋိပကၡျဖစ္ရတဲ့ ပါကစၥတန္စစ္တပ္ရဲ႕ အၾကမ္းဖက္အဖြဲ႕အစည္းနဲ႔ နက္ရႈိင္းစြာ ဆက္စပ္ေနပုံဇာတ္လမ္းကိုေျပာျပေနတယ္လို႔ အိႏၵိယ “ဘစ္ဇင္း နက္ဇ္တိုင္းမ္” က ၂ဝ၂၅ ခုႏွစ္ ေမလ ၁၅ ရက္က ေရးသားခဲ့ပါတယ္။
ေခ်ာင္ဒရီဟာ ပါကစၥတန္ကို အၾကမ္းဖက္ဝါဒရဲ႕သားေကာင္ျဖစ္ေစသူလို႔ မၾကာခဏ ေဖာ္ျပျခင္းခံရပါတယ္။ သူ႔ဖခင္ မာမြတ္ဟာ ၂၀၀၁ ခုႏွစ္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ “အယ္လ္ကိုင္ဒါ ပိတ္ဆို႔ အေရးယူမႈစာရင္း” မွာ ပါဝင္ခဲ့ၿပီး အစၥလာမ္မစ္ အၾကမ္းဖက္သမားမ်ားကို န်ဴကလီယာနည္းပညာနဲ႔ ကူညီေထာက္ပံ့ေပးသူျဖစ္ေန တယ္ဆိုျခင္းက ေက်ာခ်မ္းစရာ ေကာင္းလွပါတယ္။
မာမြတ္ဟာ တစ္ခ်ိန္က ပါကစၥတန္ရဲ႕န်ဴကလီယာအစီအစဥ္မွာ အေရးပါသူတစ္ဦးျဖစ္ပါတယ္။ သူဟာ ဂ်ီဟတ္ ဝါဒီအုပ္စုမ်ားကို န်ဴကလီယာ၊ ဇီဝနဲ႔ ဓာတုလက္နက္ဆိုင္ရာ အသိပညာမ်ား ျဖန႔္ေဝေနျခင္းကို ဖုံးကြယ္ဖို႔ ဟန္ ျပဖြဲ႕စည္းထားတဲ့ “အူမာရ္ တမီးယားအီးန်ဴး” (UTN) အဖြဲ႕ အဖြဲ႕ဝင္တစ္ဦးအျဖစ္ အိုစမာဘင္လာဒင္နဲ႔ေရာ (အာဖဂန္) တာလီဘန္ေခါင္းေဆာင္မ်ားနဲ႔ပါ ေတြ႕ဆုံခဲ့ပါတယ္။
မာမြတ္ရဲ႕ ဘာသာေရးစြဲလမ္းမႈ၊ အစၥလာမ္မစ္ အစြန္းေရာက္ဝါဒအေပၚ ေထာက္ခံမႈတို႔ဟာ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ ဖက္မ်ားကို ထိတ္လန႔္ေစခဲ့တယ္လို႔ ၂၀၀၉ ခုႏွစ္ အေမရိကန္ “နယူးေယာက္ခ္တိုင္းမ္” က သတင္းေရးခဲ့ဖူးပါ တယ္။
၂၀၀၁ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္ ကုလသမဂၢေကာ္မတီရဲ႕ထုတ္ျပန္ခ်က္မွာ မာမြတ္ဟာ "အိုစာမာဘင္လာဒင္၊ အယ္လ္ကိုင္ဒါနဲ႔ တာလီဘန္တို႔ရဲ႕လုပ္ေဆာင္ခ်က္မ်ားကို ေထာက္ပံ့ျခင္း အပါအဝင္ အၾကမ္းဖက္လႈပ္ရွားမႈမ်ားရဲ႕ ေငြေၾကးေထာက္ပံ့မႈ၊ အစီအစဥ္ေရးဆြဲမႈနဲ႔ အေကာင္အထည္ေဖာ္မႈတို႔မွာ ပါဝင္ခဲ့တယ္” လို႔ ေဖာ္ျပထားပါတယ္။
(အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကရွိ အေမရိကန္သံ႐ုံးနဲ႔ စစ္သေဘၤာမ်ား ဗုံးခြဲခံရတဲ့အျပင္ ဆက္တိုက္ဆိုသလို လူေပါင္း ၃၀၀၀ ခန႔္ ေသဆုံးခဲ့ရတဲ့ 9/11 ျဖစ္စဥ္အၿပီး) ေဖာ္ထုတ္ေတြ႕ရွိခ်က္ေတြဟာ အေမရိကန္ေထာက္လွမ္း ေရး ေလာကအတြက္ အႀကီးအက်ယ္ တုန္လႈပ္စရာေတြခ်ည့္ပါပဲ။ အထူးသျဖင့္ ပါကစၥတန္န်ဴကလီယာစီမံကိန္း မွာ ဦးေႏွာက္သဖြယ္ အေရးပါသူ မာမြတ္က န်ဴကလီးယားလက္နက္ ေဖာ္ေဆာင္ေရး အယ္လ္ကိုင္ဒါ အဖြဲ႕ဝင္မ်ားနဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရွိလိုက္ရတဲ့အခါ အေမရိကန္အဖြဲ႕အစည္းမ်ားအေနနဲ႔ ထိတ္ထိတ္ ပ်ာပ်ာျဖစ္ရပါတယ္။
ေတြ႕ဆုံမႈတစ္ခုမွာဆိုရင္ သူတို႔မွာရွိေနတဲ့ န်ဴကလီယာပစၥည္းမ်ား အသုံးျပဳနည္းနဲ႔ပတ္သက္ၿပီး အႀကံဉာဏ္ လိုအပ္တယ္လို႔ ဘင္လာဒင္ရဲ႕လုပ္ေဖာ္ကိုင္ဖက္က မာမြတ္ကို ေျပာျပေၾကာင္း၊ မာမြတ္က အေျခခံဖြဲ႕တည္ပုံနဲ႔ သက္ေရာက္မႈမ်ားအေၾကာင္း အေသးစိတ္ရွင္းလင္း သင္ျပေပးခဲ့တယ္လို႔ သိရွိရပါတယ္။
အေမရိကန္ “မင္ဟက္တန္စီမံကိန္း” မွာ ပါဝင္ခဲ့တဲ့ မန္ခ်က္စတာ တကၠသိုလ္ ၁၉၆၂-၁၉၆၉-ခုႏွစ္ “န်ဴကလီ ယာသိပၸံ မဟာဘြဲ႕” ႏွစ္ထပ္ကြမ္းရ မာမြတ္ဟာ ပါကစၥတန္န်ဴကလီ ယာဖခင္ႀကီး အဗၺဒူလ္ကိုင္ဒီယာခန္း နဲ႔ အတူ အစၥလာမ္မာဘဘ္ရဲ႕ ယူေရနီယမ္ဖြံ႕ၿဖိဳးေရး စီမံကိန္းမွာ ပူးေပါင္းခဲ့ၿပီး၊ ေနာက္ပိုင္းမွာ “ပလူတိုနီယမ္ဗုံး” ခ်ဲ႕ထြင္ တည္ဆာက္ေရး လုပ္ငန္းမ်ားမွာလည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ သူရဲ႕ အစြန္းေရာက္အေတြး အေခၚ မ်ားေၾကာင့္ ၂၀၀၁- ခုႏွစ္မွာ အၿငိမ္းစားေပးခဲ့တယ္လို႔ ဆိုပါတယ္။ ျပန္ေပးဆြဲမႈအစီအစဥ္မ်ားနဲ႔ န်ဴကလီယာလက္နက္အေျခခံ ကိစၥမ်ားမွာ ပါဝင္ေနတဲ့အတြက္ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္တယ္လို႔လည္း ေျပာၾကပါတယ္။
ဖခင္ျဖစ္သူက အၾကမ္းဖက္သမား နာမည္ဆိုးနဲ႔ ေက်ာ္ၾကားသူ ျဖစ္သည့္တိုင္ ေခ်ာင္ဒရီကေတာ့ ပါကစၥတန္ စစ္တပ္မွာ အဆင့္ဆင့္ ရာထူးတိုးတက္လာခဲ့ၿပီး ခုေတာ့ (တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး အျဖစ္ သတင္းအခ်က္အလက္ စစ္ဆင္ေရးကို ဦးေဆာင္ေနပါတယ္။ တကယ္ေတာ့ အဲဒီဌာနဟာ တစ္ခ်ိန္က သူ႔ဖခင္ မာမြတ္ရဲ႕ အစြန္းေရာက္အေတြးအေခၚမ်ားေၾကာင့္ ပါကစၥတန္တပ္မေတာ္ကိုယ္တိုင္ စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့ဖူးတဲ့ အဖြဲ႕အစည္းတစ္ခု ျဖစ္ေနတယ္လို႔ အိႏၵိယသတင္းစာက ေရးပါတယ္။
#HtayOung #OungMarine