မိမိနှင့် ရုရှားသမ္မတပူတင်ကြား ပုဂ္ဂိုလ်ရေးတွေ့ဆုံဆွေးနွေးနိုင်မှသာယူကရိန်းစစ်ပွဲဆွေးနွေးမှုတိုးတက်မည်ဟု ဒေါ်နယ်ထရမ့်ပြော

 110

ဂျန်ဇက် (NP News) - မေ ၁၇

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မိမိ နှင့် ရုရှားသမ္မတပူတင်ကြား ပုဂ္ဂိုလ်ရေးတွေ့ဆုံဆွေးနွေးနိုင်မှသာ ယူကရိန်းစစ်ပွဲဖြေရှင်းနိုင်ရေးတိုးတက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှား ကိုယ်စားလှယ် အဖွဲ့နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့သည် အမေရိကန်အစိုးရကြားဝင်စေ့စပ်ပေးမှုဖြင့် တူရကီနိုင်ငံတွင် ဆွေးနွေးမည်ဖြစ်ပြီး သမ္မတအဆင့်တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုမျိုး မဟုတ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင်ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရအဖွဲ့အသစ်က ယူကရိန်း နှင့် ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်စေ့စပ်ဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယူကရိန်းစစ်ပွဲကိုဖြေရှင်းနိုင်ရန်ကြိုးပမ်းခဲ့ရာ ရုရှားသမ္မတပူတင်နှင့်ဖုန်းဆက်ဆွေးနွေးခဲ့ဖူးသလို ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖူး ကြောင်း သိရသည်။
အမေရိကန်သမ္မတက "ကျွန်တော်နဲ့ ရုရှားသမ္မတပူတင်ကြားတွေ့ဆုံဆွေးနွေးမှုမရှိဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ပူတင်ဟာ တူရကီနိုင်ငံမှာကျင်းပမယ့် ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ဖွယ်မရှိဘူး။ ပူတင်ဟာ ကျွန်တော်မရှိဘူးဆိုရင် သူလာမှာမဟုတ်ဘူး" ဟု ပြောသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယခုသီတင်းပတ်အစောပိုင်းက တူရကီနိုင်ငံတွင်ကျင်းပမည့် ယူကရိန်းစစ်ပွဲ ဆွေးနွေးပွဲကိုတက်ရောက်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် အစီအစဉ်ပြောင်းလဲခဲ့ကြောင်း သိရသည်။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ရုရှားသမ္မတပူတင် နှင့် အမေရိကန်သမ္မတကြား မကြာမီတွေ့ဆုံဆွေးနွေးနိုင်ရန် ပြင်ဆင်ခြင်းမျိုးမရှိသေးကြောင်း ရုရှားသမ္မတပူတင်သည် ယူကရိန်းစစ်ပွဲကို ဆွေးနွေးရန် တူရကီနိုင်ငံသို့သွားရောက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ရုရှား နှင့် ယူကရိန်းနိုင်ငံ တို့သည် ၂၀၂၂ ခုနှစ်တွင် စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှားသမ္မတပူတင်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား မျက်နှာချင်းတိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ရုရှားနှင့်ယူကရိန်းနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားသည် ယူကရိန်းပိုင်နက်အနည်းဆုံး ၄ခုကို သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။ ယူကရိန်းသည် ရုရှားနှင့် အပစ်ခတ်ရပ်စဲရန်အတွက် ပိုင်နက်နယ်မြေအချို့ကို စွန့်လွှတ်ဆုံးရှုံးရဖွယ်ရှိနေသည်ဟု သတင်းများလည်းထွက်ပေါ်နေသည်။

Zawgyi Version:
မိမိႏွင့္ ႐ုရွားသမၼတပူတင္ၾကား ပုဂၢိဳလ္ေရးေတြ႕ဆုံေဆြးေႏြးႏိုင္မွသာယူကရိန္းစစ္ပြဲေဆြးေႏြးမႈတိုးတက္မည္ဟု ေဒၚနယ္ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၇

အေမရိကန္သမၼတေဒၚနယ္ထရမ့္က မိမိ ႏွင့္ ႐ုရွားသမၼတပူတင္ၾကား ပုဂၢိဳလ္ေရးေတြ႕ဆုံေဆြးေႏြးႏိုင္မွသာ ယူကရိန္းစစ္ပြဲေျဖရွင္းႏိုင္ေရးတိုးတက္မႈရွိမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွား ကိုယ္စားလွယ္ အဖြဲ႕ႏွင့္ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တို႔သည္ အေမရိကန္အစိုးရၾကားဝင္ေစ့စပ္ေပးမႈျဖင့္ တူရကီႏိုင္ငံတြင္ ေဆြးေႏြးမည္ျဖစ္ၿပီး သမၼတအဆင့္တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈမ်ိဳး မဟုတ္ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံတြင္ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရအဖြဲ႕အသစ္က ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ေစ့စပ္ေဆြးေႏြးလ်က္ရွိေနေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ ယူကရိန္းစစ္ပြဲကိုေျဖရွင္းႏိုင္ရန္ႀကိဳးပမ္းခဲ့ရာ ႐ုရွားသမၼတပူတင္ႏွင့္ဖုန္းဆက္ေဆြးေႏြးခဲ့ဖူးသလို ယူကရိန္းသမၼတ ဇီလန္စကီးႏွင့္ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးဖူး ေၾကာင္း သိရသည္။
အေမရိကန္သမၼတက "ကြၽန္ေတာ္နဲ႔ ႐ုရွားသမၼတပူတင္ၾကားေတြ႕ဆုံေဆြးေႏြးမႈမရွိဘူးဆိုရင္ ဘာမွျဖစ္လာမွာ မဟုတ္ဘူး။ ပူတင္ဟာ တူရကီႏိုင္ငံမွာက်င္းပမယ့္ ေဆြးေႏြးပြဲကို ကိုယ္တိုင္တက္ေရာက္ဖြယ္မရွိဘူး။ ပူတင္ဟာ ကြၽန္ေတာ္မရွိဘူးဆိုရင္ သူလာမွာမဟုတ္ဘူး" ဟု ေျပာသည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ယခုသီတင္းပတ္အေစာပိုင္းက တူရကီႏိုင္ငံတြင္က်င္းပမည့္ ယူကရိန္းစစ္ပြဲ ေဆြးေႏြးပြဲကိုတက္ေရာက္ရန္ စီစဥ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အစီအစဥ္ေျပာင္းလဲခဲ့ေၾကာင္း သိရသည္။
႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္ေကာဗ့္က ႐ုရွားသမၼတပူတင္ ႏွင့္ အေမရိကန္သမၼတၾကား မၾကာမီေတြ႕ဆုံေဆြးေႏြးႏိုင္ရန္ ျပင္ဆင္ျခင္းမ်ိဳးမရွိေသးေၾကာင္း ႐ုရွားသမၼတပူတင္သည္ ယူကရိန္းစစ္ပြဲကို ေဆြးေႏြးရန္ တူရကီႏိုင္ငံသို႔သြားေရာက္မည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။ ႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံ တို႔သည္ ၂၀၂၂ ခုႏွစ္တြင္ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ႐ုရွားသမၼတပူတင္ႏွင့္ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား မ်က္ႏွာခ်င္းတိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။
႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္းတည္းက ႐ုရွားသည္ ယူကရိန္းပိုင္နက္အနည္းဆုံး ၄ခုကို သိမ္းယူႏိုင္ခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသည္ ႐ုရွားႏွင့္ အပစ္ခတ္ရပ္စဲရန္အတြက္ ပိုင္နက္နယ္ေျမအခ်ိဳ႕ကို စြန႔္လႊတ္ဆုံးရႈံးရဖြယ္ရွိေနသည္ဟု သတင္းမ်ားလည္းထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.