ယူကရိန်းငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် တိုးတက်မှုများကို စိတ်မရှည်တော့ကြောင်း အမေရိကန်အစိုးရ ပြော

226

ဂျန်ဇက် (NP News) - မေ ၁၇
ရုရှားနှင့်ယူကရိန်းကြား ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုများတွင် တိုးတက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်က စိတ်မရှည်တော့ကြောင်းနှင့် စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရန်အတွက် မည်သည့်ကိစ္စမျိုးကိုမဆို စဉ်းစားရန် ဆန္ဒရှိ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောခဲ့သည်။
မာကိုရူဘီအိုက “လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ အလွန်ခက်ခဲတဲ့နေရာတစ်ခုမှာ ရောက်ရှိနေပြီဆိုတာ သိသာ ထင်ရှားပါတယ်။ ဒီစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် စေ့စပ်ညှိနှိုင်းမှုနည်လမ်းတွေနဲ့ အနာဂတ်မှာ ဘယ်လိုစစ်ပွဲကို မဆိုတားဆီးနိုင်မယ့် ခြေလှမ်းတွေကိုရှာဖွေနိုင်ဖို့ ကျွန်တော်တို့မျှော် လင့်ပါတယ်။ ကျွန်တော်တို့ ကတိပြုထားဆဲ ဖြစ်တဲ့အလုပ်တွေ အများကြီးရှိနေပါသေးတယ်။ အခုအချိန်မှာ အားလုံးကစိတ်မရှည်ဖြစ်နေပြီဆိုတာ သိသာ ထင်ရှားပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်တာကို မြင်ချင်ပေမယ့် အဲဒါက ခက်ခဲပါတယ်။ ဒါပေမဲ့လည်း မကြာခင်အချိန်အတွင်းမှာ သိသာထင်ရှားတဲ့တိုးတက်မှုတွေရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲကို အဆုံးသတ်ရန်အတွက် အလားအလာရှိသော တိုက်ရိုက်ဆွေးနွေးပွဲများ မလုပ်ဆောင်မီ မာကိုရူဘီအို၏ မှတ်ချက်ပြုပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါ ဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး ကောင်းမွန် သောရလဒ်များ ရရှိလာစေရန်အတွက် ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံစလုံး ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။ မာကိုရူ ဘီအိုက ‘တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက် ဘယ်လိုကိစ္စရပ်မျိုးကိုမဆို အမေရိကန်က ထည့်သွင်းစဉ်းစားသွားမှာပါ’ ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္သည့္ တိုးတက္မႈမ်ားကို စိတ္မရွည္ေတာ့ေၾကာင္း အေမရိကန္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၇
႐ုရွားႏွင့္ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးႀကိဳးပမ္းအားထုတ္မႈမ်ားတြင္ တိုးတက္မႈမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္က စိတ္မရွည္ေတာ့ေၾကာင္းႏွင့္ စစ္ပြဲကို အၿပီးတိုင္အဆုံးသတ္ရန္အတြက္ မည္သည့္ကိစၥမ်ိဳးကိုမဆို စဥ္းစားရန္ ဆႏၵရွိ ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာခဲ့သည္။
မာကို႐ူဘီအိုက “လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ အလြန္ခက္ခဲတဲ့ေနရာတစ္ခုမွာ ေရာက္ရွိေနၿပီဆိုတာ သိသာ ထင္ရွားပါတယ္။ ဒီစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ေစ့စပ္ညႇိႏႈိင္းမႈနည္လမ္းေတြနဲ႔ အနာဂတ္မွာ ဘယ္လိုစစ္ပြဲကို မဆိုတားဆီးႏိုင္မယ့္ ေျခလွမ္းေတြကိုရွာေဖြႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္ လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ကတိျပဳထားဆဲ ျဖစ္တဲ့အလုပ္ေတြ အမ်ားႀကီးရွိေနပါေသးတယ္။ အခုအခ်ိန္မွာ အားလုံးကစိတ္မရွည္ျဖစ္ေနၿပီဆိုတာ သိသာ ထင္ရွားပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ အဆုံးသတ္တာကို ျမင္ခ်င္ေပမယ့္ အဲဒါက ခက္ခဲပါတယ္။ ဒါေပမဲ့လည္း မၾကာခင္အခ်ိန္အတြင္းမွာ သိသာထင္ရွားတဲ့တိုးတက္မႈေတြရလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာခဲ့သည္။
႐ုရွားႏွင့္ ယူကရိန္းၾကားစစ္ပြဲကို အဆုံးသတ္ရန္အတြက္ အလားအလာရွိေသာ တိုက္႐ိုက္ေဆြးေႏြးပြဲမ်ား မလုပ္ေဆာင္မီ မာကို႐ူဘီအို၏ မွတ္ခ်က္ျပဳေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ အဆိုပါ ေဆြးေႏြးပြဲမ်ားႏွင့္ပတ္သက္ၿပီး ေကာင္းမြန္ ေသာရလဒ္မ်ား ရရွိလာေစရန္အတြက္ ႐ုရွားႏွင့္ယူကရိန္းႏွစ္ႏိုင္ငံစလုံး ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဖိအားေပးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။ မာကို႐ူ ဘီအိုက ‘တရားမွ်တၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ၿငိမ္းခ်မ္းေရးကိုရရွိဖို႔အတြက္ ဘယ္လိုကိစၥရပ္မ်ိဳးကိုမဆို အေမရိကန္က ထည့္သြင္းစဥ္းစားသြားမွာပါ’ ဟု ေျပာခဲ့သည္။