အမေရိကန်သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်သော FBI ဒါရိုက်တာဟောင်းကို စုံစမ်းစစ်ဆေးမည်

 391

Pika (NP News) - မေ ၁၇

အမေရိကန်လျိုဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် အမေရိကန်ပြည်တွင်းလုံခြုံရေးအဖွဲ့ FBI ဒါရိုက်တာဟောင်း ဂျိန်းစ့် ကိုမေးကို သမ္မတဒေါ်နယ်ထရမ့်အားသတ်ရန် ခြိမ်းခြောက်မှုဖြင့်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ကိုမေးသည် သမ္မတဒေါ်နယ်ထရမ့်အပြင် ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီး ခရစ်တီနိုအမ်ကိုလည်း ခြိမ်းခြောက်မှု များလုပ်ဆောင်ခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးခံရဖွယ်ရှိနေသည်။
FBI ဒါရိုက်တာဟောင်းဂျိန်းစ့် ကိုမေးသည် ဒေါ်နယ်ထရမ့် နှင့် နိုအမ်ကို ရာထူးမှနုတ်ထွက်ရန်၊ သတ်ရန် စသော စာသားစကားလုံးများဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြကြသည်။ အမေရိကန် ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဖြစ်သူ နိုအမ်က" FBI ဒါရိုက်တာဟောင်းဂျိန်းစ့် ဟာ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ တောင်းဆိုတာတွေရှိခဲ့တယ်။ ပြည်တွင်း လုံခြုံရေးအဖွဲ့တွေဟာ အဲဒီအမှုကိစ္စကို စုံစမ်းစစ်ဆေးနေပြီး သင့်တော်သလို တုံ့ပြန်သွားမယ်။ လက်ရှိအချိန်မှာ FBI ဒါရိုက်တာဟောင်းဂျိန်းစ့် ကိုမေးကိုစုံစမ်းစစ်ဆေးဖို့ ၊ မေးမြန်းဖို့ အေးဂျင့်တွေစေလွှတ်သွားမယ်" ဟု ပြောသည်။
အိမ်ဖြူတော် ဝန်ထမ်းရေးရာအဖွဲ့ဒုတိယအကြီးအကဲ ဘူဒိုဝစ်က ကိုမေး၏ပိုစ့်သည် အမေရိကန် လက်ရှိသမ္မတကို လုပ်ကြံသတ်ဖြတ်ရန် လှုံဆော်ကြံစည်ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။ ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာကလည်း ကိုမေးသည် ၎င်း၏ဖခင်ဖြစ်သလို အမေရိကန်သမ္မတကို သတ်ဖြတ်ရန် တောင်းဆိုခြင်းမျိုးဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုထားသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ယူချိန်အတွင်း FBI ဒါရိုက်တာအဖြစ်တာဝန်ယူနေသူ ကိုမေးကို ပထမဦးဆုံးထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောနှစ်အတွင်း ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲမတိုင်ခင်ကတည်းက လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းများကို ရင်ဆိုင်ခဲ့ရပြီး နှစ်ကြိမ်စလုံး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲ အကြိုမဲဆွယ်စည်းရုံးပွဲတွင် သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရသော်လည်း နားရွက်ကိုသာ ထိမှန်ခဲ့ပြီး အသက်ရှင်သန်ခွင့်ရခဲ့သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဒေါ်နယ်ထရမ့်ကို ဖလော်ရီဒါပြည်နယ်ရှိ ဂေါက်ကွင်းတွင် လုပ်ကြံရန် ကြံစည်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သည်။

Zawgyi Version:
အေမရိကန္သမၼတကို လုပ္ႀကံသတ္ျဖတ္ရန္ ၿခိမ္းေျခာက္ေသာ FBI ဒါ႐ိုက္တာေဟာင္းကို စုံစမ္းစစ္ေဆးမည္
Pika (NP News) - ေမ ၁၇

အေမရိကန္လ်ိဳဝွက္စုံစမ္းေထာက္လွမ္းေရးအဖြဲ႕သည္ အေမရိကန္ျပည္တြင္းလုံၿခဳံေရးအဖြဲ႕ FBI ဒါ႐ိုက္တာေဟာင္း ဂ်ိန္းစ့္ ကိုေမးကို သမၼတေဒၚနယ္ထရမ့္အားသတ္ရန္ ၿခိမ္းေျခာက္မႈျဖင့္စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။ ကိုေမးသည္ သမၼတေဒၚနယ္ထရမ့္အျပင္ ျပည္ထဲေရးႏွင့္ လုံၿခဳံေရးဝန္ႀကီး ခရစ္တီႏိုအမ္ကိုလည္း ၿခိမ္းေျခာက္မႈ မ်ားလုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ စုံစမ္းစစ္ေဆးခံရဖြယ္ရွိေနသည္။
FBI ဒါ႐ိုက္တာေဟာင္းဂ်ိန္းစ့္ ကိုေမးသည္ ေဒၚနယ္ထရမ့္ ႏွင့္ ႏိုအမ္ကို ရာထူးမွႏုတ္ထြက္ရန္၊ သတ္ရန္ စေသာ စာသားစကားလုံးမ်ားျဖင့္ ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ မီဒီယာမ်ားက ေဖာ္ျပၾကသည္။ အေမရိကန္ ျပည္ထဲေရးႏွင့္လုံၿခဳံေရးဝန္ႀကီးျဖစ္သူ ႏိုအမ္က" FBI ဒါ႐ိုက္တာေဟာင္းဂ်ိန္းစ့္ ဟာ ေဒၚနယ္ထရမ့္ကို လုပ္ႀကံဖို႔ ေတာင္းဆိုတာေတြရွိခဲ့တယ္။ ျပည္တြင္း လုံၿခဳံေရးအဖြဲ႕ေတြဟာ အဲဒီအမႈကိစၥကို စုံစမ္းစစ္ေဆးေနၿပီး သင့္ေတာ္သလို တုံ႔ျပန္သြားမယ္။ လက္ရွိအခ်ိန္မွာ FBI ဒါ႐ိုက္တာေဟာင္းဂ်ိန္းစ့္ ကိုေမးကိုစုံစမ္းစစ္ေဆးဖို႔ ၊ ေမးျမန္းဖို႔ ေအးဂ်င့္ေတြေစလႊတ္သြားမယ္" ဟု ေျပာသည္။
အိမ္ျဖဴေတာ္ ဝန္ထမ္းေရးရာအဖြဲ႕ဒုတိယအႀကီးအကဲ ဘူဒိုဝစ္က ကိုေမး၏ပိုစ့္သည္ အေမရိကန္ လက္ရွိသမၼတကို လုပ္ႀကံသတ္ျဖတ္ရန္ လႈံေဆာ္ႀကံစည္ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာသည္။ ေဒၚနယ္ထရမ့္၏ သားျဖစ္သူ ေဒၚနယ္ထရမ့္ ဂ်ဴနီယာကလည္း ကိုေမးသည္ ၎၏ဖခင္ျဖစ္သလို အေမရိကန္သမၼတကို သတ္ျဖတ္ရန္ ေတာင္းဆိုျခင္းမ်ိဳးျဖစ္ေၾကာင္း မွတ္ခ်က္ျပဳေျပာဆိုထားသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္ ျပန္လည္တာဝန္ယူခ်ိန္အတြင္း FBI ဒါ႐ိုက္တာအျဖစ္တာဝန္ယူေနသူ ကိုေမးကို ပထမဦးဆုံးထုတ္ပယ္ခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာႏွစ္အတြင္း က်င္းပခဲ့ေသာ သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ကတည္းက လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းျခင္းမ်ားကို ရင္ဆိုင္ခဲ့ရၿပီး ႏွစ္ႀကိမ္စလုံး အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့ေသာ ၂ဝ၂၄ ခုႏွစ္ ဇူလိုင္လအတြင္း က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲ အႀကိဳမဲဆြယ္စည္း႐ုံးပြဲတြင္ ေသနတ္ျဖင့္ လုပ္ႀကံပစ္သတ္ခံရေသာ္လည္း နား႐ြက္ကိုသာ ထိမွန္ခဲ့ၿပီး အသက္ရွင္သန္ခြင့္ရခဲ့သည္။ ထို႔ျပင္ ၂၀၂၄ ခုႏွစ္ စက္တင္ဘာလအတြင္း ေဒၚနယ္ထရမ့္ကို ဖေလာ္ရီဒါျပည္နယ္ရွိ ေဂါက္ကြင္းတြင္ လုပ္ႀကံရန္ ႀကံစည္မႈျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးအဖြဲ႕မ်ားက ဖမ္းဆီးႏိုင္ခဲ့သည္။

Related news

© 2021. All rights reserved.