ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရက ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ ဦးဆောင်သော အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲမှတ်ပုံတင်ခွင့် ပိတ်ပင်

 126

ဂျန်ဇက် (NP News) - မေ ၁၇

ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့၏ ရွေးကောက်ပွဲကော်မရှင်သည် အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲ မှတ်ပုံတင်မည့်ပါတီ စာရင်းမှ ပိတ်ပင်လိုက်ကြောင်း သိရသည်။ ရွေးကောက်ပွဲကော်မရှင်သည် လာမည့် ရွေးကောက်ပွဲတွင် ရာထူးမှဖြုတ်ချခံရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာတစ်ကျော့ပြန် ဝင်ရောက်ယှဉ်ပြိုင်မည်ကို တားဆီးရန်အတွက် အေဝါမီလိဂ်ပါတီကို မှတ်ပုံတင်ခွင့်မပေးခြင်းဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်ယာယီအစိုးရအဖွဲ့ ထုတ်ပြန်သောအမိန့်စည်းကမ်းများအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေများအရ အေဝါမီလိဂ်ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ဆန္ဒပြမှုများ၊ ကို တားမြစ် ပိတ်ပင်လိုက်ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦးဖြစ်သော အာမက်က " ပြည်ထဲရေးဝန်ကြီးဌာနဟာ အေဝါမီလိဂ်ပါတီ ရဲ့လှုပ်ရှားမှုတွေကို ပိတ်ပင်လိုက်တယ်။ အဲဒီအခြေနေတွေကြောင့် ရွေးကောက်ပွဲကော်မရှင်ကလည်း အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေမှတ်ပုံတင်စာရင်းကနေ ပိတ်ပင်ဆိုင်းငံ့လိုက်တယ်" ဟု ပြောသည်။
ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့က အေဝါမီလိဂ်ပါတီသည် နိုင်ငံလုံခြုံရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအသစ်ပြင်ဆင်ပြောင်းလဲမည့်အစီအစဉ်များကို ခြိမ်းခြောက်လျက်ရှိနေကြောင်း ပြောသည်။ အေဝါမီလိဂ်ပါတီသည် ဘင်္ဂလားဒေရှ့်နိုင်ငံသမိုင်းတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက အာဏာရပါတီ အဖြစ် နှစ်ပေါင်းများစွာတာဝန်ယူခဲ့သောပါတီဖြစ်သည်။ ပြီးခဲ့သောနှစ်ကဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသား များ ဦးဆောင်ဆန္ဒပြမှုကြောင့် ရာထူးမှဖြုတ်ချခံလိုက်ရသော ရှိတ်ဟာစီနာသည် အေဝါမီလိဂ်ပါတီ ခေါင်းဆောင် ဖြစ်ကြောင်း သိရသည်။
အေဝါမီလိဂ်ပါတီသည် ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့၏ပိတ်ပင်မှုများကို ပယ်ချထားပြီး တရားမဝင်အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်များက တရားမဝင်ကြောင်းတုံ့ပြန်ထားသည်။ ထို့ပြင် ပါတီခေါင်းဆောင်ဖြစ်သော ရှိတ်ဟာစီနာကလည်း ပြည်သူများအခွင့်ရေးအတွက် တိုက်ပွဲဝင်သွားရန်တိုက်တွန်းတောင်းဆိုထားသည်။ ရှိတ်ဟာစီနာသည် ရာထူးမှဖြုတ်ချခံရပြီးနောက် ပြည်ပသို့ထွက်ပြေးခဲ့သော်လည်း အိမ်စောင့်အစိုးရအဖွဲ့က ရှိတ်ဟာစီနာကို လူသားအပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့်စွဲချက်တင်ထားကြောင်းသိရသည်။ ရှိတ်ဟာစီနာ သည် ၎င်းအပေါ်စွဲဆိုထားသောစွဲချက်များကို ငြင်းဆန်ပယ်ချထားပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပြန်လာကာ အမှုရင်ဆိုင်ခြင်းမျိုးမရှိကြောင်း သိရသည်။

Zawgyi Version:
ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရက ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာ ဦးေဆာင္ေသာ ေအဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲမွတ္ပုံတင္ခြင့္ ပိတ္ပင္
ဂ်န္ဇက္ (NP News) - ေမ ၁၇

ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕၏ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ေအဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲ မွတ္ပုံတင္မည့္ပါတီ စာရင္းမွ ပိတ္ပင္လိုက္ေၾကာင္း သိရသည္။ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ လာမည့္ ေ႐ြးေကာက္ပြဲတြင္ ရာထူးမွျဖဳတ္ခ်ခံရေသာ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာတစ္ေက်ာ့ျပန္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ကို တားဆီးရန္အတြက္ ေအဝါမီလိဂ္ပါတီကို မွတ္ပုံတင္ခြင့္မေပးျခင္းျဖစ္ေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္ယာယီအစိုးရအဖြဲ႕ ထုတ္ျပန္ေသာအမိန႔္စည္းကမ္းမ်ားအျပင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဆိုင္ရာဥပေဒမ်ားအရ ေအဝါမီလိဂ္ပါတီ၏ ႏိုင္ငံေရးလႈပ္ရွားမႈမ်ား၊ဆႏၵျပမႈမ်ား၊ ကို တားျမစ္ ပိတ္ပင္လိုက္ၿပီးေနာက္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေအဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ရန္ ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္တာဝန္ရွိသူတစ္ဦးျဖစ္ေသာ အာမက္က " ျပည္ထဲေရးဝန္ႀကီးဌာနဟာ ေအဝါမီလိဂ္ပါတီ ရဲ႕လႈပ္ရွားမႈေတြကို ပိတ္ပင္လိုက္တယ္။ အဲဒီအေျခေနေတြေၾကာင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း ေအဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္မယ့္ ပါတီေတြမွတ္ပုံတင္စာရင္းကေန ပိတ္ပင္ဆိုင္းငံ့လိုက္တယ္" ဟု ေျပာသည္။
ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕က ေအဝါမီလိဂ္ပါတီသည္ ႏိုင္ငံလုံၿခဳံေရးႏွင့္ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒအသစ္ျပင္ဆင္ေျပာင္းလဲမည့္အစီအစဥ္မ်ားကို ၿခိမ္းေျခာက္လ်က္ရွိေနေၾကာင္း ေျပာသည္။ ေအဝါမီလိဂ္ပါတီသည္ ဘဂၤလားေဒရွ႕္ႏိုင္ငံသမိုင္းတြင္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းကတည္းက အာဏာရပါတီ အျဖစ္ ႏွစ္ေပါင္းမ်ားစြာတာဝန္ယူခဲ့ေသာပါတီျဖစ္သည္။ ၿပီးခဲ့ေသာႏွစ္ကျဖစ္ပြားခဲ့ေသာ တကၠသိုလ္ေက်ာင္းသား မ်ား ဦးေဆာင္ဆႏၵျပမႈေၾကာင့္ ရာထူးမွျဖဳတ္ခ်ခံလိုက္ရေသာ ရွိတ္ဟာစီနာသည္ ေအဝါမီလိဂ္ပါတီ ေခါင္းေဆာင္ ျဖစ္ေၾကာင္း သိရသည္။
ေအဝါမီလိဂ္ပါတီသည္ ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရအဖြဲ႕၏ပိတ္ပင္မႈမ်ားကို ပယ္ခ်ထားၿပီး တရားမဝင္အစိုးရ အဖြဲ႕၏ ဆုံးျဖတ္ခ်က္မ်ားက တရားမဝင္ေၾကာင္းတုံ႔ျပန္ထားသည္။ ထို႔ျပင္ ပါတီေခါင္းေဆာင္ျဖစ္ေသာ ရွိတ္ဟာစီနာကလည္း ျပည္သူမ်ားအခြင့္ေရးအတြက္ တိုက္ပြဲဝင္သြားရန္တိုက္တြန္းေတာင္းဆိုထားသည္။ ရွိတ္ဟာစီနာသည္ ရာထူးမွျဖဳတ္ခ်ခံရၿပီးေနာက္ ျပည္ပသို႔ထြက္ေျပးခဲ့ေသာ္လည္း အိမ္ေစာင့္အစိုးရအဖြဲ႕က ရွိတ္ဟာစီနာကို လူသားအေပၚ က်ဴးလြန္ေသာ ရာဇဝတ္မႈျဖင့္စြဲခ်က္တင္ထားေၾကာင္းသိရသည္။ ရွိတ္ဟာစီနာ သည္ ၎အေပၚစြဲဆိုထားေသာစြဲခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားၿပီး ဘဂၤလားေဒရွ႕္ႏိုင္ငံသို႔ ျပန္လာကာ အမႈရင္ဆိုင္ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.