အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်မှ လေထုတွင် အမှုန်အမွှားပါဝင်မှုမြင့်တက်ခဲ့

594

သက်ပိုင် (NP News)မေ-၂၁
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရ ပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ လေထုထဲ တွင် (၂.၅) မိုက်ခရွန်အရွယ်ရှိသော အမှုန်ပါဝင်မှု မြင့်တက်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Sampling Point နေရာများတွင် ဝန်းကျင်လေထု အရည်အသွေးကို ပုံမှန်စစ်ဆေးရာမှ ပြီးခဲ့သည့် ဧပြီလ အတွင်း တိုင်းတာချက်တွင် ယခုကဲ့သို့ ပါရှိခြင်းဖြစ်သည်။ ယခုကဲ့သို့ လေထုထဲတွင် အမှုန်အမွှား ပါဝင်မှု မြင့်တက်နေခြင်းမှာ ငလျင်ကြောင့် ထိခိုက်ခဲ့သော အဆောက်အအုံများကို ဖြိုဖျက်နေသည့် ကာလဖြစ် သည့်အတွက် ဖြစ်နိုင်ကြောင်း မန္တလေးမြို့ ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်မောင်ဦးက NP News သို့ ပြောသည်။
“ဖုန်မှုန့်တွေကတော့ အခုတလော တော်တော်များတယ်။ ကျွန်တော်တို့ဆိုရင် လမ်းသွားရင် မျက်နှာတစ်ခုလုံး ဖုန်တွေသဲတွေချည်းပဲ။ ကြည့်ရတာတော့ ငလျင်ဒဏ်ထိထားတဲ့ အိမ်တွေကို ဖြိုနေ တာဆိုတော့ အဲ့ဒီကထွက်တဲ့အမှုန်တွေ လွင့်လာတာလို့ ထင်ပါတယ်”ဟု ၎င်းကဆိုသည်။
ထိုသို့တိုင်းတာရာတွင် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2) ၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့်အဓိက Parameter များကို အဓိကထားတိုင်းတာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ လေထုအရည်အသွေး ညွှန်းကိန်း (AQI) အဆင့်သတ်မှတ်ရာတွင် ရလဒ် (ဝ-၅၀) အထိ လေထုအရည် အသွေးကောင်းမွန် သောအဆင့်(အစိမ်း ရောင်)၊ (၅၁-၁၀ဝ) လက်ခံနိုင် သောလေထုအရည် အသွေးရှိ သည့်အဆင့် (အဝါရောင်)၊ (၁၀၁-၁၅၀)ခံနိုင်ရည်နည်းပါးသူများအတွက် ကျန်းမာရေးကိုထိခိုက်စေနိုင် သောအဆင့် (လိမ္မော်ရောင်)၊ (၁၅၁-၂၀ဝ)ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဆင့် (အနီရောင်)၊ (၂၀၁- ၃၀ဝ) ကျန်းမာရေးကိုအလွန်ထိခိုက်စေနိုင်သော အဆင့် (ခရမ်းရောင်)၊ (၃၁၀-၅၀ဝ) ကျန်းမာရေးအ တွက် ဘေးအန္တရာယ်ရှိသော အဆင့် (အနီရင့်ရောင်)ဟူ၍ အဆင့်ခြောက်ဆင့် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံရှိ တိုင်နှင့်ပြည်နယ်အသီးသီးရှိ လေထုအရည်အသွေး တိုင်းတာချက်များအရ ကျိုင်း တုံနှင့် တာချီလိတ်မြို့တို့တွင် ခံနိုင်ရည်နည်း ပါးသူများအတွက် ကျန်းမာရေးကိုထိခိုက်စေနိုင်သော အဆင့် (လိမ္မော်ရောင်)အခြေအနေရှိနေပြီး ရန်ကုန်၊ နေပြည်တော်အပါအဝင် အခြားမြို့များတွင် လေထု အရည်အသွေးမှာ လက်ခံနိုင်သောလေထုအဆင့် (အဝါရောင်)အခြေအနေတွင် ရှိနေကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။
(၂ဒသမ၅) မိုက်ခရွန်အရွယ်ရှိသော အမှုန် (PM 2.5)များသည် အသက်ရှူလမ်းကြောင်းမှ တဆင့် အဆုတ်ရှိလေအိတ်များ၊ သွေးကြောများနှင့် သွေးကြောမျှင်လေးများထဲသို့ တိုက်ရိုက်ဝင်ရောက် နိုင်ပြီး ထိုသို့ဝင်ရောက်သွားခြင်းကြောင့် အသက် ရှူမဝခြင်း၊ နှာခေါင်းစပ်ခြင်း စသည့်လက္ခဏာများ ပေါ်ပေါက် လာနိုင်ပြီး ခန္ဓာကိုယ်ရှိလုပ်ဆောင်မှုစနစ်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကျန်းမာရေးပညာရှင် များက ထောက်ပြပြောဆိုထားသည်။
ထို့ပြင် လည်ချောင်းစပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ သို့မဟုတ် အခြားမူမမှန် သောလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့်အမြန်ပြရန်လိုအပ်ကြောင်းနှင့် အမှုန် အမွှားများသော နေရာ များသို့ သွားရောက်မည်ဆိုပါက N95 Mask များတပ်ရန် လိုအပ်ကြောင်းကိုလည်း ပညာရှင်များက ပြောဆိုထားသည်။

Zawgyi Version:
အမရပူရႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္မွ ေလထုတြင္ အမႈန္အမႊားပါဝင္မႈျမင့္တက္ခဲ့
သက္ပိုင္ (NP News)ေမ-၂၁
မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ အမရ ပူရၿမိဳ႕နယ္ႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းမွ ေလထုထဲ တြင္ (၂.၅) မိုက္ခ႐ြန္အ႐ြယ္ရွိေသာ အမႈန္ပါဝင္မႈ ျမင့္တက္ခဲ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္း က်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနအေနျဖင့္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ Sampling Point ေနရာမ်ားတြင္ ဝန္းက်င္ေလထု အရည္အေသြးကို ပုံမွန္စစ္ေဆးရာမွ ၿပီးခဲ့သည့္ ဧၿပီလ အတြင္း တိုင္းတာခ်က္တြင္ ယခုကဲ့သို႔ ပါရွိျခင္းျဖစ္သည္။ ယခုကဲ့သို႔ ေလထုထဲတြင္ အမႈန္အမႊား ပါဝင္မႈ ျမင့္တက္ေနျခင္းမွာ ငလ်င္ေၾကာင့္ ထိခိုက္ခဲ့ေသာ အေဆာက္အအုံမ်ားကို ၿဖိဳဖ်က္ေနသည့္ ကာလျဖစ္ သည့္အတြက္ ျဖစ္ႏိုင္ေၾကာင္း မႏၲေလးၿမိဳ႕ ေဒသခံတစ္ဦးျဖစ္သူ ဦးေမာင္ေမာင္ဦးက NP News သို႔ ေျပာသည္။
“ဖုန္မႈန႔္ေတြကေတာ့ အခုတေလာ ေတာ္ေတာ္မ်ားတယ္။ ကြၽန္ေတာ္တို႔ဆိုရင္ လမ္းသြားရင္ မ်က္ႏွာတစ္ခုလုံး ဖုန္ေတြသဲေတြခ်ည္းပဲ။ ၾကည့္ရတာေတာ့ ငလ်င္ဒဏ္ထိထားတဲ့ အိမ္ေတြကို ၿဖိဳေန တာဆိုေတာ့ အဲ့ဒီကထြက္တဲ့အမႈန္ေတြ လြင့္လာတာလို႔ ထင္ပါတယ္”ဟု ၎ကဆိုသည္။
ထိုသို႔တိုင္းတာရာတြင္ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2) ၊ Nitrogen Dioxide (NO2)၊ Ozone (O3) ႏွင့္ Carbon Monoxide (CO) စသည့္အဓိက Parameter မ်ားကို အဓိကထားတိုင္းတာခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။ ေလထုအရည္အေသြး ၫႊန္းကိန္း (AQI) အဆင့္သတ္မွတ္ရာတြင္ ရလဒ္ (ဝ-၅၀) အထိ ေလထုအရည္ အေသြးေကာင္းမြန္ ေသာအဆင့္(အစိမ္း ေရာင္)၊ (၅၁-၁၀ဝ) လက္ခံႏိုင္ ေသာေလထုအရည္ အေသြးရွိ သည့္အဆင့္ (အဝါေရာင္)၊ (၁၀၁-၁၅၀)ခံႏိုင္ရည္နည္းပါးသူမ်ားအတြက္ က်န္းမာေရးကိုထိခိုက္ေစႏိုင္ ေသာအဆင့္ (လိေမၼာ္ေရာင္)၊ (၁၅၁-၂၀ဝ)က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာအဆင့္ (အနီေရာင္)၊ (၂၀၁- ၃၀ဝ) က်န္းမာေရးကိုအလြန္ထိခိုက္ေစႏိုင္ေသာ အဆင့္ (ခရမ္းေရာင္)၊ (၃၁၀-၅၀ဝ) က်န္းမာေရးအ တြက္ ေဘးအႏၲရာယ္ရွိေသာ အဆင့္ (အနီရင့္ေရာင္)ဟူ၍ အဆင့္ေျခာက္ဆင့္ သတ္မွတ္ထားသည္။
ျမန္မာႏိုင္ငံရွိ တိုင္ႏွင့္ျပည္နယ္အသီးသီးရွိ ေလထုအရည္အေသြး တိုင္းတာခ်က္မ်ားအရ က်ိဳင္း တုံႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ ခံႏိုင္ရည္နည္း ပါးသူမ်ားအတြက္ က်န္းမာေရးကိုထိခိုက္ေစႏိုင္ေသာ အဆင့္ (လိေမၼာ္ေရာင္)အေျခအေနရွိေနၿပီး ရန္ကုန္၊ ေနျပည္ေတာ္အပါအဝင္ အျခားၿမိဳ႕မ်ားတြင္ ေလထု အရည္အေသြးမွာ လက္ခံႏိုင္ေသာေလထုအဆင့္ (အဝါေရာင္)အေျခအေနတြင္ ရွိေနေၾကာင္း ထုတ္ျပန္ ခ်က္တြင္ပါရွိသည္။
(၂ဒသမ၅) မိုက္ခ႐ြန္အ႐ြယ္ရွိေသာ အမႈန္ (PM 2.5)မ်ားသည္ အသက္ရႉလမ္းေၾကာင္းမွ တဆင့္ အဆုတ္ရွိေလအိတ္မ်ား၊ ေသြးေၾကာမ်ားႏွင့္ ေသြးေၾကာမွ်င္ေလးမ်ားထဲသို႔ တိုက္႐ိုက္ဝင္ေရာက္ ႏိုင္ၿပီး ထိုသို႔ဝင္ေရာက္သြားျခင္းေၾကာင့္ အသက္ ရႉမဝျခင္း၊ ႏွာေခါင္းစပ္ျခင္း စသည့္လကၡဏာမ်ား ေပၚေပါက္ လာႏိုင္ၿပီး ခႏၶာကိုယ္ရွိလုပ္ေဆာင္မႈစနစ္မ်ားအေပၚ သက္ေရာက္မႈရွိႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ မ်ားက ေထာက္ျပေျပာဆိုထားသည္။
ထို႔ျပင္ လည္ေခ်ာင္းစပ္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ အသက္ရႉမဝျခင္း၊ သို႔မဟုတ္ အျခားမူမမွန္ ေသာလကၡဏာမ်ား ျဖစ္ေပၚလာပါက ဆရာဝန္ႏွင့္အျမန္ျပရန္လိုအပ္ေၾကာင္းႏွင့္ အမႈန္ အမႊားမ်ားေသာ ေနရာ မ်ားသို႔ သြားေရာက္မည္ဆိုပါက N95 Mask မ်ားတပ္ရန္ လိုအပ္ေၾကာင္းကိုလည္း ပညာရွင္မ်ားက ေျပာဆိုထားသည္။