ယခုတွေ့ရှိနေရသော ကိုဗစ်ဗီဇပြောင်းပိုးများသည် ပြင်းထန်မှုမရှိသည့်အတွက် အရမ်းစိုးရိမ်ရန် မလို

349

Pearl(NP News)- မေ ၂၅
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ်သတင်းထုတ်ပြန်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်တွင် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကြပ်မတ်ကုသမှုပေးရသော လူနာများ မရှိခြင်း၊ သေဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရကြောင်းသိရသည်။
ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါပိုးများဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း၊ လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်ကြောင်းလည်း သိရသည်။
မိုးရာသီကာလ စိုစွတ်သည့် ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့် စောင့်ကြပ်ကြည့်ရှုရန် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
လက်ရှိတွင် ဦးစားပေးအုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးခြင်းအား ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ်စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
ထို့ကြောင့် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ယခုေတြ႕ရွိေနရေသာ ကိုဗစ္ဗီဇေျပာင္းပိုးမ်ားသည္ ျပင္းထန္မႈမရွိသည့္အတြက္ စိုးရိမ္ရန္ မလို
Pearl(NP News)- ေမ ၂၅
ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို ပိုမိုအရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ကမာၻ႔ႏိုင္ငံအခ်ိဳ႕ႏွင့္ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ေဒသတြင္းႏိုင္ငံအခ်ိဳ႕တြင္ ရာသီတုပ္ေကြးေရာဂါႏွင့္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျဖစ္ပြားမႈမ်ား လတ္တေလာျမင့္တက္လာသည္ကို ေတြ႕ရွိရေၾကာင္းသိရသည္။
ေဒသတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္ျဖစ္ပြားမႈ အနည္းငယ္ျမင့္တက္လာေသာ္လည္း ကူးစက္ျဖစ္ပြားေနေသာ ကိုဗစ္-၁၉ အိုမီခ႐ြန္ ဗီဇေျပာင္းမ်ိဳးကြဲမ်ားသည္ XBB ႏွင့္ JN.1 တို႔မွ မ်ိဳး႐ိုးဗီဇေျပာင္းလာေသာ ေရာဂါပိုးမ်ားျဖစ္ၿပီး ေရာဂါပိုမိုျပင္းထန္မႈႏွင့္ ပိုမိုေသဆုံးမႈမရွိေၾကာင္း၊ လက္ရွိထိုးႏွံေနေသာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ား ထိုးႏွံျခင္းျဖင့္ ေရာဂါျပင္းထန္ႏိုင္ေျခႏွင့္ ေသဆုံးႏိုင္ေျခကို ထိေရာက္စြာေလွ်ာ့ခ်ႏိုင္ေၾကာင္းလည္း သိရသည္။
မိုးရာသီကာလ စိုစြတ္သည့္ ရာသီဥတုအေျခအေနေၾကာင့္ အသက္ရႉလမ္းေၾကာင္းမွ ကူးစက္တတ္ေသာ ရာသီတုပ္ေကြးေရာဂါႏွင့္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျဖစ္ပြားမႈမ်ားကို ပိုမိုအားျဖည့္ ေစာင့္ၾကပ္ၾကည့္ရႈရန္ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္းက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈ၍ အပတ္စဥ္သတင္းထုတ္ျပန္ျခင္းအား ေဆာင္႐ြက္လ်က္ရွိရာ ယခုရက္သတၱပတ္တြင္ အနည္းငယ္ျမင့္တက္လာေသာ္လည္း ျပင္းထန္လူနာႏွင့္ အထူးၾကပ္မတ္ကုသမႈေပးရေသာ လူနာမ်ား မရွိျခင္း၊ ေသဆုံးသူမရွိျခင္းတို႔ေၾကာင့္ စိုးရိမ္ဖြယ္ရာ မရွိေၾကာင္းသိရသည္။
လက္ရွိတြင္ ဦးစားေပးအုပ္စုမ်ားကို ကိုဗစ္-၁၉ ေရာဂါ ထပ္ေဆာင္းကာကြယ္ေဆးမ်ားကို ထိုးႏွံေပးျခင္းအား ဆက္လက္အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္မည္ျဖစ္ၿပီး က်န္းမာေရးဝန္ႀကီးဌာန ေဆးသုေတသနဦးစီးဌာနမွ SARS CoV-2 မ်ိဳး႐ိုး ဗီဇေျပာင္းလဲမႈအား စဥ္ဆက္မျပတ္ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ရွိရာ ယခုအထိေတြ႕ရွိရေသာ ဗီဇေျပာင္းပိုးမ်ားသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္လည္း ကူးစက္လ်က္ရွိၿပီး ျပင္းထန္မႈမရွိသည့္ မ်ိဳးကြဲမ်ားျဖစ္ေၾကာင္း ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္းက ေျပာသည္။
ထို႔ေၾကာင့္ လက္ရွိထိုးႏွံေပးေနေသာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ားျဖင့္ ထိေရာက္စြာကာကြယ္ႏိုင္ေၾကာင္းႏွင့္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈေရးႏွင့္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားကို ပိုမိုအရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။