တရုတ်နိုင်ငံမှာ နှစ် ၆၀၀ သက်တမ်းရှိ သမိုင်းဝင် တရုတ် ဗဟိုရ်စည် မျှော်စင် တစ်စိတ်တစ်ပိုင်း ပြိုကျမှု ဖြစ်ပွား

 72

ရောင်နီ (NP News) - မေ ၂၂

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ နှစ်သက်တမ်း ၆၀၀ ရှိ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များစွာကို ဆွဲဆောင်ရာ သမိုင်းဝင် ဖန်ယန် စည်ဗဟိုရ်မျှော်စင်ဟာ မေလ ၁၉ ရက်မှာ တစ်စိတ်တစ်ပိုင်းပြိုကျသွားခဲ့ပါတယ်
ဖန်ယန်စည်ဗဟိုရ် တာဝါဟာ ၁၃၇၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့အကြီးဆုံး ရှေးဟောင်း မျှော်စင်ကြီး တစ်ခုလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်းနဲ့ မိုင် ၂၀၀ ခန့် အကွာ၊ အန်ဟွင်းပြည်နယ်၊ ဖန်ယန်းခရိုင်မှာ တည်ရှိပြီး ကမ္ဘာလှည့် ခရီးသွား အများအပြားကို ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် တနင်္လာနေ့ (မေလ ၁၉ ရက်) မှာ ရာနဲ့ချီတဲ့ အမိုးအုတ်ကြွပ်ပြားတွေ မြေပြင်ပေါ် ပြုတ်ကြွလာခဲ့ပြီး တစ်စိတ်တစ်ပိုင်းပြုတ်ကျသွားခဲ့ပါတယ်။ ဒါဟာ မျှော်စင်ကို ပြန်လည်မွမ်းမံပြီး တစ်နှစ်အကြာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဖန်ယန်းခရိုင်ဟာ သမိုင်းနဲ့ယဉ်ကျေးမှုကြောင့် ကျော်ကြားပြီး မင်မင်းဆက် တည်ထောင်သူ ကျူယန်ကျောင်းမင်းဆက် မွေးရပ်မြေလည်း ဖြစ်ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ႏွစ္ ၆၀၀ သက္တမ္းရွိ သမိုင္းဝင္ တ႐ုတ္ ဗဟိုရ္စည္ ေမွ်ာ္စင္ တစ္စိတ္တစ္ပိုင္း ၿပိဳက်မႈ ျဖစ္ပြား
ေရာင္နီ (NP News) - ေမ ၂၂

တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းရွိ ႏွစ္သက္တမ္း ၆၀၀ ရွိ ကမာၻလွည့္ ခရီးသြားဧည့္သည္မ်ားစြာကို ဆြဲေဆာင္ရာ သမိုင္းဝင္ ဖန္ယန္ စည္ဗဟိုရ္ေမွ်ာ္စင္ဟာ ေမလ ၁၉ ရက္မွာ တစ္စိတ္တစ္ပိုင္းၿပိဳက်သြားခဲ့ပါတယ္
ဖန္ယန္စည္ဗဟိုရ္ တာဝါဟာ ၁၃၇၅ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕အႀကီးဆုံး ေရွးေဟာင္း ေမွ်ာ္စင္ႀကီး တစ္ခုလည္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ေပက်င္းနဲ႔ မိုင္ ၂၀၀ ခန႔္ အကြာ၊ အန္ဟြင္းျပည္နယ္၊ ဖန္ယန္းခ႐ိုင္မွာ တည္ရွိၿပီး ကမာၻလွည့္ ခရီးသြား အမ်ားအျပားကို ဆြဲေဆာင္ရာေနရာတစ္ခု ျဖစ္ပါတယ္။

ဒါေပမယ့္ တနလၤာေန႔ (ေမလ ၁၉ ရက္) မွာ ရာနဲ႔ခ်ီတဲ့ အမိုးအုတ္ႂကြပ္ျပားေတြ ေျမျပင္ေပၚ ျပဳတ္ႂကြလာခဲ့ၿပီး တစ္စိတ္တစ္ပိုင္းျပဳတ္က်သြားခဲ့ပါတယ္။ ဒါဟာ ေမွ်ာ္စင္ကို ျပန္လည္မြမ္းမံၿပီး တစ္ႏွစ္အၾကာမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။
ဖန္ယန္းခ႐ိုင္ဟာ သမိုင္းနဲ႔ယဥ္ေက်းမႈေၾကာင့္ ေက်ာ္ၾကားၿပီး မင္မင္းဆက္ တည္ေထာင္သူ က်ဴယန္ေက်ာင္းမင္းဆက္ ေမြးရပ္ေျမလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.