ဂျပန်စစ်တပ်လေ့ကျင့်ရေး လေယာဉ်တစ်စီး ပျက်ကျ

265

Pika (NP News) - မေ ၁၅
ဂျပန်စစ်တပ်လေ့ကျင့်ရေး လေယာဉ်တစ်စင်းဟာ ပျံတက်ပြီးနောက်မကြာခင် ပျက်ကျသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ လူ(၂)ဦးလိုက်ပါသွားခဲ့တာဖြစ်ပြီး လေယာဉ်ဟာ ရေကန်တစ်ခုအတွင်းကို ပျက်ကျသွားခဲ့ပုံပေါ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက “ဂျပန်လေတပ်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ပိုင် T-4 လေယာဉ်တစ်စင်းဟာ Komaki လေတပ်အခြေစိုက်စခန်းကနေ ပျံတက်ခဲ့ပြီးနောက် မကြာခင်မှာပဲပျက်ကျသွားခဲ့ ပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ထိုင်ခုံနှစ်လုံးပါရှိတဲ့ T-4 လေယာဉ်ကို ပြည်တွင်းမှာထုတ်လုပ်ထားတာဖြစ်ပြီး အခြေခံပျံသန်းမှုသင်တန်တွေ အားလုံးအတွက် အသုံးပြုတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ Inuyama မြို့ Iruka ရေကန်အနီးမှာ ပျံသန်းမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒေသတွင်းမီးသတ်ဌာနအရာရှိ Hajime Nakamura က “လေကြောင်းကနေ စုံစမ်းစစ်ဆေးမှုတွေအရ T-4 လေယာဉ်ကို ရေကန်တစ်ခုရဲ့မျက်နှာပြင်ပေါ်မှာ မျောနေတာကို တွေ့ရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂ်ပန္စစ္တပ္ေလ့က်င့္ေရး ေလယာဥ္တစ္စီး ပ်က္က်
Pika (NP News) - ေမ ၁၅
ဂ်ပန္စစ္တပ္ေလ့က်င့္ေရး ေလယာဥ္တစ္စင္းဟာ ပ်ံတက္ၿပီးေနာက္မၾကာခင္ ပ်က္က်သြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီေလယာဥ္ေပၚမွာ လူ(၂)ဦးလိုက္ပါသြားခဲ့တာျဖစ္ၿပီး ေလယာဥ္ဟာ ေရကန္တစ္ခုအတြင္းကို ပ်က္က်သြားခဲ့ပုံေပၚတယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္အစိုးရေျပာေရးဆိုခြင့္ရွိသူ ယိုရွီမာဆာဟာယာရွီက “ဂ်ပန္ေလတပ္ရဲ႕ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ပိုင္ T-4 ေလယာဥ္တစ္စင္းဟာ Komaki ေလတပ္အေျခစိုက္စခန္းကေန ပ်ံတက္ခဲ့ၿပီးေနာက္ မၾကာခင္မွာပဲပ်က္က်သြားခဲ့ ပါတယ္။ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ကာကြယ္ေရးဝန္ႀကီးဌာနက စစ္ေဆးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ထိုင္ခုံႏွစ္လုံးပါရွိတဲ့ T-4 ေလယာဥ္ကို ျပည္တြင္းမွာထုတ္လုပ္ထားတာျဖစ္ၿပီး အေျခခံပ်ံသန္းမႈသင္တန္ေတြ အားလုံးအတြက္ အသုံးျပဳတယ္လို႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ အဲဒီေလယာဥ္ဟာ Inuyama ၿမိဳ႕ Iruka ေရကန္အနီးမွာ ပ်ံသန္းမႈေတြလုပ္ေဆာင္ေနတာျဖစ္တယ္လို႔ သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ေဒသတြင္းမီးသတ္ဌာနအရာရွိ Hajime Nakamura က “ေလေၾကာင္းကေန စုံစမ္းစစ္ေဆးမႈေတြအရ T-4 ေလယာဥ္ကို ေရကန္တစ္ခုရဲ႕မ်က္ႏွာျပင္ေပၚမွာ ေမ်ာေနတာကို ေတြ႕ရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။