ဂျာမနီနိုင်ငံမှာ ဓါးနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁၈)ဦး ထိခိုက်ဒဏ်ရာရ

 187

Pika (NP News) - မေ ၂၅

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ဘူတာရုံတစ်ခုမှာ ဓါးနဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် လူ(၁၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Bild သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယရှိသူကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။
ဓါးနဲ့တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲမှာ လေးဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး အခြားလူ(၆)ဦးက အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သံသယရှိသူက ဘာကြောင့်ဒီလိုမျိုးတိုက်ခိုက်မှု လုပ်ဆောင်ရသလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိသူဟာ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခုခံမှုမျိုးတွေမရှိဘဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Florian Abbenseth က “ဒီအမျိုးသမီးဟာ နိုင်ငံရေးလှုံ့ဆော်မှုအရ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား တွေတော့ မရှိသေးပါဘူး။ ဒါပေမယ့် ၎င်းဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်နေတဲ့ လူတစ်ဦးလားဆိုတာကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂ်ာမနီႏိုင္ငံမွာ ဓါးနဲ႔တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁၈)ဦး ထိခိုက္ဒဏ္ရာရ
Pika (NP News) - ေမ ၂၅

ဂ်ာမနီႏိုင္ငံ ဟမ္းဘတ္ၿမိဳ႕ဘူတာ႐ုံတစ္ခုမွာ ဓါးနဲ႔တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ လူ(၁၈)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ Bild သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သံသယရွိသူကို ဖမ္းဆီးထားတယ္လို႔ ရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
ဓါးနဲ႔တိုက္ခိုက္ခံရမႈအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြထဲမွာ ေလးဦးက စိုးရိမ္ရတဲ့အေျခအေနမွာရွိၿပီး အျခားလူ(၆)ဦးက အျပင္းအထန္ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း သံသယရွိသူက ဘာေၾကာင့္ဒီလိုမ်ိဳးတိုက္ခိုက္မႈ လုပ္ေဆာင္ရသလဲဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ သိရပါတယ္။
အဲဒီတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ သံသယရွိသူဟာ အသက္(၃၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ခုခံမႈမ်ိဳးေတြမရွိဘဲ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Florian Abbenseth က “ဒီအမ်ိဳးသမီးဟာ ႏိုင္ငံေရးလႈံ႕ေဆာ္မႈအရ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ သက္ေသအေထာက္အထား ေတြေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ၎ဟာ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈျဖစ္ေနတဲ့ လူတစ္ဦးလားဆိုတာကိုေတာ့ ဆက္လက္စုံစမ္းစစ္ေဆးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.