AA က ရခိုင်လူငယ်များကို ပြည်နယ်ပြင်ပထွက်ခွင့်ပိတ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေ

231

သက်ပိုင် (NP News)-မေ ၂၅
AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ ၎င်းတို့ ထိန်းချုပ်ထားရာဒေသများတွင် နေထိုင်သူ လူငယ်များ အား ပြည်နယ်ပြင်ပသို့ထွက်ခွာခြင်း ပိတ်ခြင်းမှာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ကြိုးပမ်းလုပ်ဆောင် လာခြင်းဖြစ်ကြောင်း ရခိုင့်အရေးသုံးသပ် လေ့လာသူတစ်ဦးကဆိုသည်။
AA ထိန်းချုပ်ထားရာဒေသများမှ ပြည်သူ များအနေဖြင့် AA အဖွဲ့၏ ဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်ကြောင်းနှင့် စစ်မှုမထမ်းလို၍ ပြည်နယ် ပြင်ပသို့သွားလာသူများအားလုံးကို သွားလာခွင့်မပြု တော့ကြောင်း မေလ (၂၂) ရက်တွင် ထုတ်ပြန်ထား သည်။
ရခိုင်ပြည်နယ်မှ တိုက်ပွဲများအတွင်း AA ဘက်တွင် သေဆုံးသူများပြားခဲ့ပြီးနောက် အဆိုပါ ထုတ် ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုကဲ့ သို့ သွားလာခွင့်ပိတ်လိုက်ခြင်းမှာ ၎င်းတို့ လိုအပ်ချိန် တွင် ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် အတွက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ သုံး သပ်သူက NP News သို့ ပြောသည်။
“ AA က နိုင်နေရင် ဘယ်သူမဆို ဝင်ချင်မှာပဲလေ။ ဒါပေမဲ့ အခုအခြေအနေအရက သူတို့နေရာ အစုံမှာ တိုက်နေရတော့ သူတို့လူလိုလာပြီဗျာ။ တိုက်ပွဲဆိုတာက တစ်ဖက်တည်းပဲ ကျတာမှ မဟုတ် တာ။ ဒီတော့ သူတို့တွေ လူအင်အားလိုလာတဲ့အတွက် ရတဲ့နေရာကလူတွေကိုဆွဲဖို့အတွက် အခုလို အသက်အရွယ် အပိုင်းအခြားအလိုက် ပြည်နယ်ပြင်ပကို မထွက်ခိုင်းတော့တာ။ ဒီလိုကန့်သတ်ပြီးရင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ထပ်လာဦးမှာ ပဲ”ဟု ၎င်းက သုံးသပ်ပြောဆိုထားသည်။
ယခုကဲ့သို့ သွားလာခွင့်ပိတ်ပင်လိုက်ခြင်းသည် အခြားလက်နက်ကိုင်များနည်းတူ လုပ်ဆောင် လာခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်လာသည့်အတွက် ဒေသတွင်းပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေး ဆိုင်ရာကိစ္စများအပြင် လူမှုဘဝများအပေါ် များစွာ သက်ရောက်နိုင်ကြောင်း ရခိုင်ပြည်နယ်အရေး လေ့ လာသုံးသပ်သူကဆိုသည်။
“အသက် (၁၈)၊ (၁၉) ဆိုတာက ပညာသင်နေရမယ့်အရွယ်တွေဖြစ်တယ်။ ဒီလိုပညာသင်ရမယ့် အရွယ်မှာ မသင်ရဘဲ စစ်မှုထမ်းခိုင်းလိုက်ရင် ဒီပြည်နယ်ရဲ့ လူ့စွမ်းအားအရင်းမြစ်တွေ ဘာဖြစ်သွားမလဲ ဆိုတာကို စဉ်းစားသင့်တယ်။ နောက်ပြီး အရင်တုန်းက KNU ၊ KIA စတဲ့ လက်နက်ကိုင်တွေဘက်မှာ လည်း ဒါတွေဖြစ်ဖူးတာပဲ။ အခုအဲဒီဒေသက လူတွေ ဘာဖြစ်သွားလဲ။ နောက်ပြီး အိမ်တစ်အိမ်မှာရှိတဲ့ ယောကျာ်းသားတွေကို စစ်မှုထမ်းဖို့ခေါ်သွားရင် အဲဒီမိသားစု ဘယ်လိုစားသောက်ကြရမှာလဲ” ဟု ၎င်း ကဆိုသည်။
ပြင်းထန်ရောဂါရှိသော လူနာများနှင့် အသက်အန္တရာယ်စိုးရိမ်ရသောလူနာများမှလွဲ၍ အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ အမျိုးသားများ နှင့် အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်းရှိသော အမျိုး သမီးများအားလုံးကို ထွက်ခွင့်မပေးတော့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် ပြည်နယ်ပြင်ပသို့ ထွက်ခွာလိုသူများကို ကုန်းလမ်း၊ ရေလမ်းမှ အခကြေးငွေယူကာ ပို့ ဆောင်ပေးနေသူများကိုလည်း အရေးယူမည်ဟု AA က ခြိမ်းခြောက်ထားသည်။ AA အနေဖြင့် ၎င်းတို့ သိမ်းယူထားသောဒေသများမှ ပြည်သူများကို ကလေးမိခင်ပါမချန် စစ်မှုထမ်းရန် အတင်းအဓမ္မခေါ် ဆောင်ခြင်း၊ ပြည်မသို့ထွက်ခွာကာ အလုပ်လုပ်ကိုင်မည့်လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း များ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

Zawgyi Version:
AA က ရခိုင္လူငယ္မ်ားကို ျပည္နယ္ျပင္ပထြက္ခြင့္ပိတ္ၿပီး အတင္းအဓမၼ စစ္မႈထမ္းခိုင္းေန
သက္ပိုင္ (NP News)-ေမ ၂၅
AA အေနျဖင့္ ရခိုင္ျပည္နယ္ရွိ ၎တို႔ ထိန္းခ်ဳပ္ထားရာေဒသမ်ားတြင္ ေနထိုင္သူ လူငယ္မ်ား အား ျပည္နယ္ျပင္ပသို႔ထြက္ခြာျခင္း ပိတ္ျခင္းမွာ အတင္းအဓမၼစစ္မႈထမ္းခိုင္းရန္ ႀကိဳးပမ္းလုပ္ေဆာင္ လာျခင္းျဖစ္ေၾကာင္း ရခိုင့္အေရးသုံးသပ္ ေလ့လာသူတစ္ဦးကဆိုသည္။
AA ထိန္းခ်ဳပ္ထားရာေဒသမ်ားမွ ျပည္သူ မ်ားအေနျဖင့္ AA အဖြဲ႕၏ ဥပေဒအရ စစ္မႈထမ္းရန္ အက်ဳံးဝင္ေၾကာင္းႏွင့္ စစ္မႈမထမ္းလို၍ ျပည္နယ္ ျပင္ပသို႔သြားလာသူမ်ားအားလုံးကို သြားလာခြင့္မျပဳ ေတာ့ေၾကာင္း ေမလ (၂၂) ရက္တြင္ ထုတ္ျပန္ထား သည္။
ရခိုင္ျပည္နယ္မွ တိုက္ပြဲမ်ားအတြင္း AA ဘက္တြင္ ေသဆုံးသူမ်ားျပားခဲ့ၿပီးေနာက္ အဆိုပါ ထုတ္ ျပန္ခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။ ယခုကဲ့ သို႔ သြားလာခြင့္ပိတ္လိုက္ျခင္းမွာ ၎တို႔ လိုအပ္ခ်ိန္ တြင္ ျပည္သူမ်ားကို အတင္းအဓမၼ စစ္မႈထမ္းခိုင္းရန္ အတြက္ ပိတ္ပင္လိုက္ျခင္းျဖစ္ေၾကာင္း အဆိုပါ သုံး သပ္သူက NP News သို႔ ေျပာသည္။
“ AA က ႏိုင္ေနရင္ ဘယ္သူမဆို ဝင္ခ်င္မွာပဲေလ။ ဒါေပမဲ့ အခုအေျခအေနအရက သူတို႔ေနရာ အစုံမွာ တိုက္ေနရေတာ့ သူတို႔လူလိုလာၿပီဗ်ာ။ တိုက္ပြဲဆိုတာက တစ္ဖက္တည္းပဲ က်တာမွ မဟုတ္ တာ။ ဒီေတာ့ သူတို႔ေတြ လူအင္အားလိုလာတဲ့အတြက္ ရတဲ့ေနရာကလူေတြကိုဆြဲဖို႔အတြက္ အခုလို အသက္အ႐ြယ္ အပိုင္းအျခားအလိုက္ ျပည္နယ္ျပင္ပကို မထြက္ခိုင္းေတာ့တာ။ ဒီလိုကန႔္သတ္ၿပီးရင္ အတင္းအဓမၼ စစ္မႈထမ္းခိုင္းတာေတြ ထပ္လာဦးမွာ ပဲ”ဟု ၎က သုံးသပ္ေျပာဆိုထားသည္။
ယခုကဲ့သို႔ သြားလာခြင့္ပိတ္ပင္လိုက္ျခင္းသည္ အျခားလက္နက္ကိုင္မ်ားနည္းတူ လုပ္ေဆာင္ လာျခင္းျဖစ္ၿပီး ထိုသို႔လုပ္ေဆာင္လာသည့္အတြက္ ေဒသတြင္းျပည္သူမ်ား၏ က်န္းမာေရးႏွင့္ ပညာေရး ဆိုင္ရာကိစၥမ်ားအျပင္ လူမႈဘဝမ်ားအေပၚ မ်ားစြာ သက္ေရာက္ႏိုင္ေၾကာင္း ရခိုင္ျပည္နယ္အေရး ေလ့ လာသုံးသပ္သူကဆိုသည္။
“အသက္ (၁၈)၊ (၁၉) ဆိုတာက ပညာသင္ေနရမယ့္အ႐ြယ္ေတြျဖစ္တယ္။ ဒီလိုပညာသင္ရမယ့္ အ႐ြယ္မွာ မသင္ရဘဲ စစ္မႈထမ္းခိုင္းလိုက္ရင္ ဒီျပည္နယ္ရဲ႕ လူ႔စြမ္းအားအရင္းျမစ္ေတြ ဘာျဖစ္သြားမလဲ ဆိုတာကို စဥ္းစားသင့္တယ္။ ေနာက္ၿပီး အရင္တုန္းက KNU ၊ KIA စတဲ့ လက္နက္ကိုင္ေတြဘက္မွာ လည္း ဒါေတြျဖစ္ဖူးတာပဲ။ အခုအဲဒီေဒသက လူေတြ ဘာျဖစ္သြားလဲ။ ေနာက္ၿပီး အိမ္တစ္အိမ္မွာရွိတဲ့ ေယာက်ာ္းသားေတြကို စစ္မႈထမ္းဖို႔ေခၚသြားရင္ အဲဒီမိသားစု ဘယ္လိုစားေသာက္ၾကရမွာလဲ” ဟု ၎ ကဆိုသည္။
ျပင္းထန္ေရာဂါရွိေသာ လူနာမ်ားႏွင့္ အသက္အႏၲရာယ္စိုးရိမ္ရေသာလူနာမ်ားမွလြဲ၍ အသက္ (၁၈) ႏွစ္မွ (၄၅) ႏွစ္အတြင္းရွိ အမ်ိဳးသားမ်ား ႏွင့္ အသက္ (၁၈) ႏွစ္မွ (၂၅) ႏွစ္အတြင္းရွိေသာ အမ်ိဳး သမီးမ်ားအားလုံးကို ထြက္ခြင့္မေပးေတာ့ျခင္းလည္း ျဖစ္သည္။
ထို႔ျပင္ ျပည္နယ္ျပင္ပသို႔ ထြက္ခြာလိုသူမ်ားကို ကုန္းလမ္း၊ ေရလမ္းမွ အခေၾကးေငြယူကာ ပို႔ ေဆာင္ေပးေနသူမ်ားကိုလည္း အေရးယူမည္ဟု AA က ၿခိမ္းေျခာက္ထားသည္။ AA အေနျဖင့္ ၎တို႔ သိမ္းယူထားေသာေဒသမ်ားမွ ျပည္သူမ်ားကို ကေလးမိခင္ပါမခ်န္ စစ္မႈထမ္းရန္ အတင္းအဓမၼေခၚ ေဆာင္ျခင္း၊ ျပည္မသို႔ထြက္ခြာကာ အလုပ္လုပ္ကိုင္မည့္လူငယ္မ်ားကို ဖမ္းဆီးကာ စစ္မႈထမ္းေစျခင္း မ်ား လုပ္ေဆာင္လ်က္ရွိေနေၾကာင္း ေဒသတြင္းသတင္းမ်ားအရ သိရသည္။