ဂျပန် သိပ္ပံပညာရှင်တွေက နာရီပိုင်းအတွင်း ပင်လယ်ရေထဲ ပျော်ဝင်နိုင်တဲ့ ပလတ်စတစ်ကို တီထွင်

 500

ရောင်နီ (NP News) - ဇွန် ၅

ဂျပန်သုတေသီတွေက သမုဒ္ဒရာရေထုကို ညစ်ညမ်းစေတဲ့တောရိုင်းတိရိစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အလား အလာအတွက် ဖြေရှင်းချက်တစ်ရပ်အနေနဲ့ နာရီပိုင်းအတွင်း ပင်လယ်ရေထဲ ပျော်ဝင်နိုင်တဲ့ ပလတ်စတစ်ကို တီထွင်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေက ဇီဝပြိုကွဲပျက်စီးနိုင်တဲ့ ပလတ်စတစ်တွေကို ကာလအတန်ကြာ စမ်းသပ်ဖန်တီးဖို့ ကြိုးစားခဲ့ ကြတာဖြစ်ပြီး ဂျပန်နိုင်ငံ Riken Center for Emergent Matter Science နဲ့ တိုကျိုတက္ကသိုလ်မှ သုတေသီတွေက အဆိုပါ ပလတ်စတစ်ကို ဇွန်လ ၄ ရက်မှာ တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ၎င်းတို့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး၊ ဝါကို မြို့ရှိ ဓာတ်ခွဲခန်းမှာ ဆားရေပုံးထဲ ပလတ်စတစ် အစိတ်အပိုင်းလေးတစ်ခု ပျောက်ကွယ်သွားနိုင်ပုံကို ပြသနိုင်ခဲ့ပါ တယ်။ ဒါဟာ အနာဂါတ် ကမ္ဘာ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးအတွက် အရေးပါတဲ့ လေ့လာတွေ့ရှိမှု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
နှစ်စဉ် ကမ္ဘာ့သမုဒ္ဒရာထဲကို အမှိုက်တန်ချိန် ၂၃ သန်းမှ ၃၇ သန်းအထိ ဝင်ရောက်လာနေတာကြောင့် ၂၀၄၀ ခုနှစ်မှာ ကမ္ဘာတဝန်း ပလတ်စတစ် ညစ်ညမ်းမှု ဟာ သုံးဆထိ တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။

Zawgyi Version:
ဂ်ပန္ သိပၸံပညာရွင္ေတြက နာရီပိုင္းအတြင္း ပင္လယ္ေရထဲ ေပ်ာ္ဝင္ႏိုင္တဲ့ ပလတ္စတစ္ကို တီထြင္
ေရာင္နီ (NP News) - ဇြန္ ၅

ဂ်ပန္သုေတသီေတြက သမုဒၵရာေရထုကို ညစ္ညမ္းေစတဲ့ေတာ႐ိုင္းတိရိစာၦန္ေတြကို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အလား အလာအတြက္ ေျဖရွင္းခ်က္တစ္ရပ္အေနနဲ႔ နာရီပိုင္းအတြင္း ပင္လယ္ေရထဲ ေပ်ာ္ဝင္ႏိုင္တဲ့ ပလတ္စတစ္ကို တီထြင္ခဲ့ပါတယ္။
သိပၸံပညာရွင္ေတြက ဇီဝၿပိဳကြဲပ်က္စီးႏိုင္တဲ့ ပလတ္စတစ္ေတြကို ကာလအတန္ၾကာ စမ္းသပ္ဖန္တီးဖို႔ ႀကိဳးစားခဲ့ ၾကတာျဖစ္ၿပီး ဂ်ပန္ႏိုင္ငံ Riken Center for Emergent Matter Science နဲ႔ တိုက်ိဳတကၠသိုလ္မွ သုေတသီေတြက အဆိုပါ ပလတ္စတစ္ကို ဇြန္လ ၄ ရက္မွာ တီထြင္ဖန္တီးႏိုင္ခဲ့ပါတယ္။ ၎တို႔က ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕အနီး၊ ဝါကို ၿမိဳ႕ရွိ ဓာတ္ခြဲခန္းမွာ ဆားေရပုံးထဲ ပလတ္စတစ္ အစိတ္အပိုင္းေလးတစ္ခု ေပ်ာက္ကြယ္သြားႏိုင္ပုံကို ျပသႏိုင္ခဲ့ပါ တယ္။ ဒါဟာ အနာဂါတ္ ကမာၻ ပလတ္စတစ္ညစ္ညမ္းမႈ ေလွ်ာ့ခ်ေရးအတြက္ အေရးပါတဲ့ ေလ့လာေတြ႕ရွိမႈ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ႏွစ္စဥ္ ကမာၻ႔သမုဒၵရာထဲကို အမႈိက္တန္ခ်ိန္ ၂၃ သန္းမွ ၃၇ သန္းအထိ ဝင္ေရာက္လာေနတာေၾကာင့္ ၂၀၄၀ ခုႏွစ္မွာ ကမာၻတဝန္း ပလတ္စတစ္ ညစ္ညမ္းမႈ ဟာ သုံးဆထိ တိုးလာႏိုင္တယ္လို႔ ကုလသမဂၢ က ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.