ILO Article 33 အရ ပိတ်ဆို့မှုကို ကြောက်ရန်မလိုသော်လည်း သတိထားရန်လို

 149

Pearl (NP News) - ဇွန် ၇

ILO Article 33 အရ ပိတ်ဆို့မှုကို ကြောက်ရန်မလိုသော်လည်း သတိထားရန်လိုကြောင်း အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက NP News သို့ သုံးသပ်ပြောကြားထားသည်။

ပြီးခဲ့သည့် ဇွန်လ(၅)ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သော (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတွင် မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူရန် အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ် နှံထားသည့် နိုင်ငံ/ဒေသပေါင်း (၅၀) ကျော်ရှိကာ ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ် ကြောင်းသိရပြီး ယခုကဲ့သို့ ပိတ်ဆို့မှုကြောင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ ပြန်လည်ထွက် ခွာနိုင်သော်လည်း လုပ်ငန်းအများ အပြားကျန်ရှိနေကြောင်း အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ထားသည်။
“ခေတ်ပြောင်းသွားပြီဗျ။ အခြေအနေချင်းက မတူတော့ဘူး။ အရင်အခြေအနေနဲ့အခု အခြေ အနေနဲ့ မတူတဲ့အခါကျတော့ ကျွန်တော်တို့ ကတော့ မစိုးရိမ်ပါဘူး။ လာမယ်ဆိုတာ ကြိုသိထား ပြီးသား လေ။ ကျွန်တော်တို့ဆီမှာရှိတဲ့လူတွေက ဒါတွေ ဂရုမစိုက်လို့လာကြတာဆိုတော့ ပြဿနာတော့မရှိပါ ဘူး။ ဥပမာ ချွတ်ယွင်းချက်တစ်ခုအနေနဲ့ ဂျပန်တို့ ဘာတို့ကတော့ သွားချင်မှာပေါ့။ တရုတ်တွေ ဘာတွေ ကတော့သွားဖို့ သိပ်မမြင်ဘူး။ သူတို့ကို မေးပြီးပြီ ဘယ်လိုလုပ်မလဲလို့။ သူတို့က မကြောက်ဘူးတဲ့။ သူတို့ မကြောက်ရင် ကျွန်တော်လည်း ကြောက်စရာမလိုဘူး။ တွေးကြောက်နေလို့မှ မရတာ။ ဖြစ်လာတော့ မယ်ဆိုတာ သိပြီးသားပဲလေ။ အနှေးနဲ့ အမြန်ပဲလေ။ ဒါပေမဲ့ သိပ်လည်း ကြောက်စရာလည်း မလိုဘူးလို့ လည်း မပြောလိုဘူး” ဟု အထက်ပါလုပ်ငန်းရှင်က NP News သို့ ပြောသည်။
ထို့ပြင် ယခုနှစ်နှင့် လာမည့်နှစ်အတွက် အထည်ချုပ်လုပ်ငန်းများအတွက် အော်ဒါများ ပြည့်နေ ပြီဖြစ်သော်လည်း လုပ်သားလျှော့ချမှုများ ဖြစ် ပေါ်နိုင်သည့်အတွက် လုပ်သားများအနေဖြင့်လည်း အလုပ်ကြိုးစားရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းထားသည်။
“ဒီနှစ်အတွင်းကတော့ အော်ဒါက မပြတ်ဘူး။ အော်ဒါက ပြည့်တယ်။ နောက်နှစ်အတွက်လည်း အော်ဒါက ပြည့်တယ်။ ပို့လို့မရဘူး၊ လွှဲလို့မရဘူးဆိုရင်တော့ နည်းနည်းတော့ ခေါင်းကိုက်မှာပေါ့။ အ ကောင်းဆုံးလည်း ပြင်ဆင်ထားသလို အဆိုးဆုံးလည်း ပြင်ဆင်ရမှာပေါ့။ အဓိကကတော့ ပေးထားတဲ့ ကတိတွေအတိုင်း သေချာလုပ်ပါ။ ကလေးတွေလည်း ကြိုးစားပြီး အလုပ်လုပ်ကြပါ။ လူတွေလည်း လျှော့ တော့မှာလေ။ ဆိုတဲ့အခါကျတော့ အပါးခို အချောင်လိုက်နေတဲ့ဟာတွေ အလုပ်ထုတ်မှာပေါ့ဗျာ”ဟု ၎င်း က ဆက်လက်ပြောသည်။
အလားတူ ILO Article 33 အရ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် သင်္ဘောသားလုပ်ငန်းများသို့ ရိုက်ခတ်မှု မည်မျှရှိသည်ကို မှန်း၍မရသော်လည်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း သင်္ဘောသားအရာရှိ တစ်ဦးက NP News သို့ပြောသည်။
“လက်ရှိတော့ ILO Article 33 က မြန်မာ သင်္ဘောသားပေါ်မှာ ရိုက်ခတ်မှု ဘယ်လောက်ရှိလဲဆို တာ မှန်းရခက်ပါသေးတယ် ။ အခု သင်္ဘောလောက ကြည့်ရင် ရေကြောင်းမှာ သင်္ဘောပိုင်ဆိုင်မှုတန် ချိန်နဲ့ သင်္ဘောနဲ့ စီးပွားရေးလုပ်နေတဲ့ပမာဏက တရုတ်က တော်တော်များလာတယ်။ များလာတဲ့အပြင် နောက်ပိုင်းမှာ ကျွန်တော်မြင်တာတော့ သင်္ဘောလောကနဲ့ သယ်ယူပို့ဆောင်ရေးလောကမှာ တော်တော် လေးကို ရာခိုင်နှုန်းအများအပြားကို ချုပ်တည်း ပြီးတော့ အုပ်စည်းပြီးလုပ်မယ့်သဘောပေါ့။ ILO Article 33 ချတဲ့ကိစ္စက တရုတ်ကိုတော့ ငါတို့က မြန်မာကို ပိတ်ဆို့ထားတယ်မြန်မာကို မခေါ်နဲ့လို့ ပြောတဲ့ဟာ ကို တရုတ်က ဘယ်လောက်နာခံမလဲတော့ မမှန်းတတ်ဘူး။ ILO Article 33 အရ ကျွန်တော်တို့ ပြည် တွင်းမှာ အခြေစိုက်တဲ့စီးပွားရေးလုပ်တဲ့လူတွေအနေနဲ့ ရိုက်ခတ်မှုတော့ရှိတယ်။ သို့သော် သင်္ဘောသား ကို အလုပ်ခန့်တဲ့ဟာကတော့ အနောက်နိုင်ငံတွေက မခေါ်ဘူးပြောတဲ့အခါ တရုတ်က ယူချင်ယူမှာပေါ့။ ဒါကတော့ ကျွန်တော့်အမြင်ပေါ့” ဟု သင်္ဘောသားအရာရှိတစ်ဦးက NP News သို့ပြောသည်။
မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သော ILO ဆုံးဖြတ်ချက်သည် နိုင်ငံရေးကိုဖိအားပေးလို၍ ဆုံးဖြတ် ထားသည့် အချက်အလက်ဖြစ်ရာ ပြည်တွင်း၌ လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ ဆက်လက်လုပ်ကိုင် နိုင်ကြောင်းနှင့် အလုပ်သမားထု၏အခွင့်အ ရေးများ ဥပဒေနှင့်အညီ တိုးတက်မှုရရှိရေး၊ လူမှုဘဝများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာ အသိုက် အဝန်းနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေ သော ပူးပေါင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြန်မာအလုပ်သမား ဝန်ကြီး ဌာနက ဇွန်လ (၆)ရက်က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကို ILO Article 33 ဖြင့် အရေးယူဒဏ်ခတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး (၂၀ဝဝ) ပြည့် နှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က လည်း ပထမအကြိမ်အဖြစ် ဗမအငခူန ၃၃ အရ အရေးယူ ပိတ်ဆို့ခဲ့သည်။ ယခုကဲ့သို့အရေးယူမှုသည် ပြီးခဲ့သည့် (၂၀ဝဝ)ပြည့်နှစ်က အရေးယူမှုကဲ့သို့ ထိခိုက်မှု မရှိ နိုင်ကြောင်းလည်း လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားထားသည်။

Zawgyi Version:
ILO Article 33 အရ ပိတ္ဆို႔မႈကို ေၾကာက္ရန္မလိုေသာ္လည္း သတိထားရန္လို
Pearl (NP News) - ဇြန္ ၇

ILO Article 33 အရ ပိတ္ဆို႔မႈကို ေၾကာက္ရန္မလိုေသာ္လည္း သတိထားရန္လိုေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္ တစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားထားသည္။
ၿပီးခဲ့သည့္ ဇြန္လ(၅)ရက္က ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ (၁၁၃) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာအလုပ္သမားညီလာခံတြင္ ျမန္မာႏိုင္ငံကို ILO Article 33 အရ အေရးယူရန္ အျပည္ ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕ခ်ဳပ္ ညီလာခံက ဆုံးျဖတ္အတည္ျပဳခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ရင္းႏွီးျမႇဳပ္ ႏွံထားသည့္ ႏိုင္ငံ/ေဒသေပါင္း (၅၀) ေက်ာ္ရွိကာ ရင္းႏွီး ျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ/ ေဒသမ်ားသည္ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ ေၾကာင္းသိရၿပီး ယခုကဲ့သို႔ ပိတ္ဆို႔မႈေၾကာင့္ ႏိုင္ငံျခားသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအခ်ိဳ႕ ျပန္လည္ထြက္ ခြာႏိုင္ေသာ္လည္း လုပ္ငန္းအမ်ား အျပားက်န္ရွိေနေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းရွင္ တစ္ဦးက သုံးသပ္ ထားသည္။
“ေခတ္ေျပာင္းသြားၿပီဗ်။ အေျခအေနခ်င္းက မတူေတာ့ဘူး။ အရင္အေျခအေနနဲ႔အခု အေျခ အေနနဲ႔ မတူတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ ကေတာ့ မစိုးရိမ္ပါဘူး။ လာမယ္ဆိုတာ ႀကိဳသိထား ၿပီးသား ေလ။ ကြၽန္ေတာ္တို႔ဆီမွာရွိတဲ့လူေတြက ဒါေတြ ဂ႐ုမစိုက္လို႔လာၾကတာဆိုေတာ့ ျပႆနာေတာ့မရွိပါ ဘူး။ ဥပမာ ခြၽတ္ယြင္းခ်က္တစ္ခုအေနနဲ႔ ဂ်ပန္တို႔ ဘာတို႔ကေတာ့ သြားခ်င္မွာေပါ့။ တ႐ုတ္ေတြ ဘာေတြ ကေတာ့သြားဖို႔ သိပ္မျမင္ဘူး။ သူတို႔ကို ေမးၿပီးၿပီ ဘယ္လိုလုပ္မလဲလို႔။ သူတို႔က မေၾကာက္ဘူးတဲ့။ သူတို႔ မေၾကာက္ရင္ ကြၽန္ေတာ္လည္း ေၾကာက္စရာမလိုဘူး။ ေတြးေၾကာက္ေနလို႔မွ မရတာ။ ျဖစ္လာေတာ့ မယ္ဆိုတာ သိၿပီးသားပဲေလ။ အေႏွးနဲ႔ အျမန္ပဲေလ။ ဒါေပမဲ့ သိပ္လည္း ေၾကာက္စရာလည္း မလိုဘူးလို႔ လည္း မေျပာလိုဘူး” ဟု အထက္ပါလုပ္ငန္းရွင္က NP News သို႔ ေျပာသည္။
ထို႔ျပင္ ယခုႏွစ္ႏွင့္ လာမည့္ႏွစ္အတြက္ အထည္ခ်ဳပ္လုပ္ငန္းမ်ားအတြက္ ေအာ္ဒါမ်ား ျပည့္ေန ၿပီျဖစ္ေသာ္လည္း လုပ္သားေလွ်ာ့ခ်မႈမ်ား ျဖစ္ ေပၚႏိုင္သည့္အတြက္ လုပ္သားမ်ားအေနျဖင့္လည္း အလုပ္ႀကိဳးစားရန္ လိုအပ္ေၾကာင္းလည္း ၎က တိုက္တြန္းထားသည္။
“ဒီႏွစ္အတြင္းကေတာ့ ေအာ္ဒါက မျပတ္ဘူး။ ေအာ္ဒါက ျပည့္တယ္။ ေနာက္ႏွစ္အတြက္လည္း ေအာ္ဒါက ျပည့္တယ္။ ပို႔လို႔မရဘူး၊ လႊဲလို႔မရဘူးဆိုရင္ေတာ့ နည္းနည္းေတာ့ ေခါင္းကိုက္မွာေပါ့။ အ ေကာင္းဆုံးလည္း ျပင္ဆင္ထားသလို အဆိုးဆုံးလည္း ျပင္ဆင္ရမွာေပါ့။ အဓိကကေတာ့ ေပးထားတဲ့ ကတိေတြအတိုင္း ေသခ်ာလုပ္ပါ။ ကေလးေတြလည္း ႀကိဳးစားၿပီး အလုပ္လုပ္ၾကပါ။ လူေတြလည္း ေလွ်ာ့ ေတာ့မွာေလ။ ဆိုတဲ့အခါက်ေတာ့ အပါးခို အေခ်ာင္လိုက္ေနတဲ့ဟာေတြ အလုပ္ထုတ္မွာေပါ့ဗ်ာ”ဟု ၎ က ဆက္လက္ေျပာသည္။
အလားတူ ILO Article 33 အရ ဒဏ္ခတ္ပိတ္ဆို႔မႈေၾကာင့္ သေဘၤာသားလုပ္ငန္းမ်ားသို႔ ႐ိုက္ခတ္မႈ မည္မွ်ရွိသည္ကို မွန္း၍မရေသာ္လည္း ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း သေဘၤာသားအရာရွိ တစ္ဦးက NP News သို႔ေျပာသည္။
“လက္ရွိေတာ့ ILO Article 33 က ျမန္မာ သေဘၤာသားေပၚမွာ ႐ိုက္ခတ္မႈ ဘယ္ေလာက္ရွိလဲဆို တာ မွန္းရခက္ပါေသးတယ္ ။ အခု သေဘၤာေလာက ၾကည့္ရင္ ေရေၾကာင္းမွာ သေဘၤာပိုင္ဆိုင္မႈတန္ ခ်ိန္နဲ႔ သေဘၤာနဲ႔ စီးပြားေရးလုပ္ေနတဲ့ပမာဏက တ႐ုတ္က ေတာ္ေတာ္မ်ားလာတယ္။ မ်ားလာတဲ့အျပင္ ေနာက္ပိုင္းမွာ ကြၽန္ေတာ္ျမင္တာေတာ့ သေဘၤာေလာကနဲ႔ သယ္ယူပို႔ေဆာင္ေရးေလာကမွာ ေတာ္ေတာ္ ေလးကို ရာခိုင္ႏႈန္းအမ်ားအျပားကို ခ်ဳပ္တည္း ၿပီးေတာ့ အုပ္စည္းၿပီးလုပ္မယ့္သေဘာေပါ့။ ILO Article 33 ခ်တဲ့ကိစၥက တ႐ုတ္ကိုေတာ့ ငါတို႔က ျမန္မာကို ပိတ္ဆို႔ထားတယ္ျမန္မာကို မေခၚနဲ႔လို႔ ေျပာတဲ့ဟာ ကို တ႐ုတ္က ဘယ္ေလာက္နာခံမလဲေတာ့ မမွန္းတတ္ဘူး။ ILO Article 33 အရ ကြၽန္ေတာ္တို႔ ျပည္ တြင္းမွာ အေျခစိုက္တဲ့စီးပြားေရးလုပ္တဲ့လူေတြအေနနဲ႔ ႐ိုက္ခတ္မႈေတာ့ရွိတယ္။ သို႔ေသာ္ သေဘၤာသား ကို အလုပ္ခန႔္တဲ့ဟာကေတာ့ အေနာက္ႏိုင္ငံေတြက မေခၚဘူးေျပာတဲ့အခါ တ႐ုတ္က ယူခ်င္ယူမွာေပါ့။ ဒါကေတာ့ ကြၽန္ေတာ့္အျမင္ေပါ့” ဟု သေဘၤာသားအရာရွိတစ္ဦးက NP News သို႔ေျပာသည္။
ျမန္မာႏိုင္ငံအေပၚခ်မွတ္ခဲ့ေသာ ILO ဆုံးျဖတ္ခ်က္သည္ ႏိုင္ငံေရးကိုဖိအားေပးလို၍ ဆုံးျဖတ္ ထားသည့္ အခ်က္အလက္ျဖစ္ရာ ျပည္တြင္း၌ လုပ္ကိုင္ေနၾကသည့္ အလုပ္ရွင္မ်ား၊ အလုပ္သမားမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈမ်ား မရွိႏိုင္ေသာေၾကာင့္ စိုးရိမ္မႈမရွိဘဲ ဆက္လက္လုပ္ကိုင္ ႏိုင္ေၾကာင္းႏွင့္ အလုပ္သမားထု၏အခြင့္အ ေရးမ်ား ဥပေဒႏွင့္အညီ တိုးတက္မႈရရွိေရး၊ လူမႈဘဝမ်ား ဖြံ႕ၿဖိဳးေရး၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးေရးအတြက္ ILO အပါအဝင္ ႏိုင္ငံတကာ အသိုက္ အဝန္းႏွင့္ ဆက္လက္ထိေတြ႕လ်က္ ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ လြတ္လပ္မႈကို မထိပါးေစ ေသာ ပူးေပါင္းမႈမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ျမန္မာအလုပ္သမား ဝန္ႀကီး ဌာနက ဇြန္လ (၆)ရက္က အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံကို ILO Article 33 ျဖင့္ အေရးယူဒဏ္ခတ္မႈမွာ ဒုတိယအႀကိမ္ျဖစ္ၿပီး (၂၀ဝဝ) ျပည့္ ႏွစ္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္က လည္း ပထမအႀကိမ္အျဖစ္ ဗမအငခူန ၃၃ အရ အေရးယူ ပိတ္ဆို႔ခဲ့သည္။ ယခုကဲ့သို႔အေရးယူမႈသည္ ၿပီးခဲ့သည့္ (၂၀ဝဝ)ျပည့္ႏွစ္က အေရးယူမႈကဲ့သို႔ ထိခိုက္မႈ မရွိ ႏိုင္ေၾကာင္းလည္း လုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.