ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရေး သဘောတူညီချက်ကို လက်ခံရန် နေတိုးအဖွဲ့ကို အမေရိကန် ဖိအားပေး

67

ဂျန်ဇက် (NP News) - ဇွန် ၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို စိတ်ကျေနပ်စေမည့် စစ်ဘက်ဆိုင်ရာအသုံးစရိတ်တိုးမြှင့်ရေး သဘောတူညီချက်ကို လက်ခံရန်အတွက် နေတိုးအဖွဲ့ကို အမေရိကန်ကာကွယ်ရေးဦးစီးချုပ် ပီတီဟတ်ဆတ်က တွန်းအားပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးအသုံးစရိတ်ကို ၎င်းတို့၏ ဂျီဒီပီ၏(၅)ရာခိုင်နှုန်းအထိတိုးမြှင့်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံများကို ဒေါ်နယ်ထရမ့်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတီသည် (၂၀၃၂)ခုနှစ်တွင် အဓိကစစ်အသုံးစရိတ်အတွက် ဂျီဒီပီ၏ (၃ ဒသမ ၅) ရာခိုင်နှုန်းနှင့် အခြေခံအဆောက်အအုံကဲ့သို့သော နယ်စပ်လုံခြုံရေးနှင့်ဆက်စပ်သည့် နယ်ပယ်များ တွင် (၁ ဒသမ ၅)ရာခိုင်နှုန်းအတွက် အပေးအယူသဘောတူညီချက်တစ်ခုကို တင်သွင်းခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို နေတိုးအဖွဲ့က ကိုင်တွယ်ဖြေရှင်းနေမှုနှင့်အတူ မာ့ခ်ရူတီ သည် The Hague မြို့တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွက် အဆိုပါသဘောတူညီချက်ကို ရယူရန် လမ်းကြောင်းကို ရှာဖွေနေခြင်းဖြစ်ကြောင်း သံတမန်အများအပြားက သုံးသပ်ပြောကြားခဲ့သည်။ သို့သော်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံ အချို့သည် အဆိုပါအသုံးစရိတ်အဆင့်ကို အကောင်အထည်ဖော်ရန်အတွက် ချီတုံချတုံဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။
ပီတီဟတ်ဆတ်က “နေတိုးအဖွဲ့ဝင်နိုင်ငံ အားလုံးဟာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ (၅)ရာခိုင်နှုန်း လောက်အထိ တိုးမြှင့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ရဲ့သတင်းစကားရှင်းလင်းပါတယ်။ အဲဒါက ဟန့်တားရေး နဲ့ ငြိမ်းချမ်းရေးအတွက် ခွန်အားဖြစ်စေမှာပါ။ ခြိမ်းခြောက်မှုတွေအများကြီးရှိနေတဲ့ ကမ္ဘာကြီးက အမေရိကန်ကိုပဲ အားကိုးနေရလို့ရမှာ မဟုတ်ပါဘူး” ဟုပြော ဆိုခဲ့သည်။

Zawgyi Version:
ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ေရး သေဘာတူညီခ်က္ကို လက္ခံရန္ ေနတိုးအဖြဲ႕ကို အေမရိကန္ ဖိအားေပး
ဂ်န္ဇက္ (NP News) - ဇြန္ ၇
အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို စိတ္ေက်နပ္ေစမည့္ စစ္ဘက္ဆိုင္ရာအသုံးစရိတ္တိုးျမႇင့္ေရး သေဘာတူညီခ်က္ကို လက္ခံရန္အတြက္ ေနတိုးအဖြဲ႕ကို အေမရိကန္ကာကြယ္ေရးဦးစီးခ်ဳပ္ ပီတီဟတ္ဆတ္က တြန္းအားေပးခဲ့ေၾကာင္း သိရသည္။
ကာကြယ္ေရးအသုံးစရိတ္ကို ၎တို႔၏ ဂ်ီဒီပီ၏(၅)ရာခိုင္ႏႈန္းအထိတိုးျမႇင့္ရန္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ေဒၚနယ္ထရမ့္က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေနတိုးအဖြဲ႕အႀကီးအကဲ မာ့ခ္႐ူတီသည္ (၂၀၃၂)ခုႏွစ္တြင္ အဓိကစစ္အသုံးစရိတ္အတြက္ ဂ်ီဒီပီ၏ (၃ ဒသမ ၅) ရာခိုင္ႏႈန္းႏွင့္ အေျခခံအေဆာက္အအုံကဲ့သို႔ေသာ နယ္စပ္လုံၿခဳံေရးႏွင့္ဆက္စပ္သည့္ နယ္ပယ္မ်ား တြင္ (၁ ဒသမ ၅)ရာခိုင္ႏႈန္းအတြက္ အေပးအယူသေဘာတူညီခ်က္တစ္ခုကို တင္သြင္းခဲ့ေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံ၏ ၿခိမ္းေျခာက္မႈမ်ားကို ေနတိုးအဖြဲ႕က ကိုင္တြယ္ေျဖရွင္းေနမႈႏွင့္အတူ မာ့ခ္႐ူတီ သည္ The Hague ၿမိဳ႕တြင္က်င္းပမည့္ ထိပ္သီးအစည္းအေဝးအတြက္ အဆိုပါသေဘာတူညီခ်က္ကို ရယူရန္ လမ္းေၾကာင္းကို ရွာေဖြေနျခင္းျဖစ္ေၾကာင္း သံတမန္အမ်ားအျပားက သုံးသပ္ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ အခ်ိဳ႕သည္ အဆိုပါအသုံးစရိတ္အဆင့္ကို အေကာင္အထည္ေဖာ္ရန္အတြက္ ခ်ီတုံခ်တုံျဖစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။
ပီတီဟတ္ဆတ္က “ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ အားလုံးဟာ ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီရဲ႕ (၅)ရာခိုင္ႏႈန္း ေလာက္အထိ တိုးျမႇင့္ၾကဖို႔ တိုက္တြန္းလိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕သတင္းစကားရွင္းလင္းပါတယ္။ အဲဒါက ဟန႔္တားေရး နဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ခြန္အားျဖစ္ေစမွာပါ။ ၿခိမ္းေျခာက္မႈေတြအမ်ားႀကီးရွိေနတဲ့ ကမာၻႀကီးက အေမရိကန္ကိုပဲ အားကိုးေနရလို႔ရမွာ မဟုတ္ပါဘူး” ဟုေျပာ ဆိုခဲ့သည္။