မြောက်ကိုရီးယား နှင့် စေ့စပ်ဆွေးနွေးရန် တံခါးဖွင့်ထားမည်ဟု တောင်ကိုရီးယားသမ္မတအသစ်ပြော

 108

ဂျန်ဇက် (NP News) - ဇွန် ၇

တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံနှင့် စေ့စပ် ဆွေးနွေးမှုများလုပ်ဆောင်မည်ဖြစ်သလို ဂျပန်၊ အမေရိကန်နိုင်ငံတို့နှင့်ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတအသစ်ရွေးကောက်ပွဲကို မေလ (၄) ရက်က ကျင်းပခဲ့ရာ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သော လီဂျေးမြောင်က သမ္မတအဖြစ် ရွေးကောက်ခံရကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ (၁၄) ဦးမြောက် သမ္မတအဖြစ် ရွေးကောက်ခံရသော လီဂျေးမြောင်က “မြောက်ကိုရီးယားနိုင်ငံနဲ့ အပြန်အလှန်ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်သွားမယ်။ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်မှုတွေ၊ စေ့စပ်ဆွေးနွေးမှုတွေကတစ်ဆင့် တည်ဆောက်သွားမယ်။ အမေရိကန်နဲ့တောင် ကိုရီးယားနိုင်ငံကြား မဟာမိတ်ဖြစ်မှုကိုအခြေခံပြီး ဖြစ် လာနိုင်ဖွယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးနိုင်ဖို့ ကြိုးပမ်းမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း လက်တွေ့ကျတဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်ပြီး အမေရိကန်-တောင်ကိုရီးယား-ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား မယ်။ နိုင်ငံတော်အကျိုးစီးပွားကိုအခြေခံပြီး လက်တွေ့ကျတဲ့ သံတမန်နည်းလမ်းကိုအသုံးပြုမှာဖြစ်သလို ကမ္ဘာ့ စီးပွားရေးနဲ့ လုံခြုံရေးအခင်းအကျင်းမှာ ကြီးမားတဲ့အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့အကျပ်အတည်းကို အမျိုးသားအကျိုးစီးပွားအဖြစ်မြှင့်တင်ဖို့ အခွင့်အလမ်းအဖြစ် ပြောင်းလဲလုပ်ဆောင်ဖို့ကြိုးပမ်းမယ်” ဟု ပြောသည်။
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ဒီမို ကရက်တစ်ပါတီမှ လီဂျေးမြောင်သည် မဲပေးခွင့် ရှိသူ အားလုံး၏ ဆန္ဒမဲ (၄၉ ဒသမ ၄) ရာခိုင်နှုန်းရရှိခဲ့ပြီး ပြည်သူ့အင်အားပါတီမှ ကင်မွန်ဆိုက ဆန္ဒမဲ (၄၁ ဒသမ ၁၅) ရာခိုင်နှုန်း၊ ပြုပြင်ပြောင်းလဲရေး အသစ် ပါတီမှ လီဂျန်ဆိုလ်က ဆန္ဒမဲ (၈ ဒသမ ၃၄) ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။ လီဂျေးမြောင် သမ္မတအဖြစ်ရွေးကောက်ခံရခြင်းကို ဂျပန်၊ မလေး ရှား၊ အမေရိကန်၊ ဩစတြေးလျ အပါအဝင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံသမ္မတများ၊ ဝန်ကြီးချုပ်များ ချီးကျူး ဂုဏ်ပြုခဲ့ကြောင်းသိရသည်။ လီဂျေးမြောင် က “ကျွန်တော်တို့ ပြည်သူတွေကို ဦးစားပေးထားဖို့လိုအပ်ပြီး လက်ရှိ အချိန်မှာတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော် အစိုးရအုပ်ချုပ်မှု စနစ် မစခင်အချိန်အနည်းငယ်တော့ ယူရလိမ့်မယ်။ ကျွန်တော် အဲဒီလိုလုပ်ရင်းနဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ပြီး တတ်နိုင်သမျှ ပြည်သူတွေအတွက် အချိန်တိုတိုလေးအတွင်းမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်”ဟု ပြောသည်။

Zawgyi Version:
ေျမာက္ကိုရီးယား ႏွင့္ ေစ့စပ္ေဆြးေႏြးရန္ တံခါးဖြင့္ထားမည္ဟု ေတာင္ကိုရီးယားသမၼတအသစ္ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၇
ေတာင္ကိုရီးယားသမၼတ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့ေသာ လီေဂ်းေျမာင္က ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ ေစ့စပ္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္မည္ျဖစ္သလို ဂ်ပန္၊ အေမရိကန္ႏိုင္ငံတို႔ႏွင့္ဆက္ဆံေရး ပိုမို ေကာင္းမြန္ေစရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ကတိျပဳေျပာဆိုလိုက္သည္။
ေတာင္ကိုရီးယားႏိုင္ငံတြင္ သမၼတအသစ္ေ႐ြးေကာက္ပြဲကို ေမလ (၄) ရက္က က်င္းပခဲ့ရာ အတိုက္အခံပါတီ ေခါင္းေဆာင္ျဖစ္ေသာ လီေဂ်းေျမာင္က သမၼတအျဖစ္ ေ႐ြးေကာက္ခံရေၾကာင္း သိရသည္။
ေတာင္ကိုရီးယားႏိုင္ငံ၏ (၁၄) ဦးေျမာက္ သမၼတအျဖစ္ ေ႐ြးေကာက္ခံရေသာ လီေဂ်းေျမာင္က “ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ အျပန္အလွန္ဆက္သြယ္ေရးလမ္းေၾကာင္းကို ျပန္လည္ဖြင့္လွစ္သြားမယ္။ ကိုရီးယား ကြၽန္းဆြယ္ ၿငိမ္းခ်မ္းေရးကို ပူးေပါင္းေဆာင္႐ြက္မႈေတြ၊ ေစ့စပ္ေဆြးေႏြးမႈေတြကတစ္ဆင့္ တည္ေဆာက္သြားမယ္။ အေမရိကန္နဲ႔ေတာင္ ကိုရီးယားႏိုင္ငံၾကား မဟာမိတ္ျဖစ္မႈကိုအေျခခံၿပီး ျဖစ္ လာႏိုင္ဖြယ္ရွိတဲ့ ၿခိမ္းေျခာက္မႈေတြကို တားဆီးႏိုင္ဖို႔ ႀကိဳးပမ္းမယ္။ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔လည္း လက္ေတြ႕က်တဲ့ သံတမန္ဆက္ဆံေရးကို ဆက္လက္လုပ္ေဆာင္ၿပီး အေမရိကန္-ေတာင္ကိုရီးယား-ဂ်ပန္ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္သြား မယ္။ ႏိုင္ငံေတာ္အက်ိဳးစီးပြားကိုအေျခခံၿပီး လက္ေတြ႕က်တဲ့ သံတမန္နည္းလမ္းကိုအသုံးျပဳမွာျဖစ္သလို ကမာၻ႔ စီးပြားေရးနဲ႔ လုံၿခဳံေရးအခင္းအက်င္းမွာ ႀကီးမားတဲ့အေျပာင္းအလဲေၾကာင့္ ျဖစ္ေပၚလာတဲ့အက်ပ္အတည္းကို အမ်ိဳးသားအက်ိဳးစီးပြားအျဖစ္ျမႇင့္တင္ဖို႔ အခြင့္အလမ္းအျဖစ္ ေျပာင္းလဲလုပ္ေဆာင္ဖို႔ႀကိဳးပမ္းမယ္” ဟု ေျပာသည္။
ေတာင္ကိုရီးယားသမၼတေ႐ြးေကာက္ပြဲတြင္ ဒီမို ကရက္တစ္ပါတီမွ လီေဂ်းေျမာင္သည္ မဲေပးခြင့္ ရွိသူ အားလုံး၏ ဆႏၵမဲ (၄၉ ဒသမ ၄) ရာခိုင္ႏႈန္းရရွိခဲ့ၿပီး ျပည္သူ႔အင္အားပါတီမွ ကင္မြန္ဆိုက ဆႏၵမဲ (၄၁ ဒသမ ၁၅) ရာခိုင္ႏႈန္း၊ ျပဳျပင္ေျပာင္းလဲေရး အသစ္ ပါတီမွ လီဂ်န္ဆိုလ္က ဆႏၵမဲ (၈ ဒသမ ၃၄) ရာခိုင္ႏႈန္း ရရွိခဲ့ေၾကာင္း သိရသည္။ လီေဂ်းေျမာင္ သမၼတအျဖစ္ေ႐ြးေကာက္ခံရျခင္းကို ဂ်ပန္၊ မေလး ရွား၊ အေမရိကန္၊ ဩစေၾတးလ် အပါအဝင္ ကမာၻတစ္ဝန္းမွ ႏိုင္ငံသမၼတမ်ား၊ ဝန္ႀကီးခ်ဳပ္မ်ား ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ေၾကာင္းသိရသည္။ လီေဂ်းေျမာင္ က “ကြၽန္ေတာ္တို႔ ျပည္သူေတြကို ဦးစားေပးထားဖို႔လိုအပ္ၿပီး လက္ရွိ အခ်ိန္မွာတတ္ႏိုင္သမွ် အေကာင္းဆုံး လုပ္ေဆာင္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္ အစိုးရအုပ္ခ်ဳပ္မႈ စနစ္ မစခင္အခ်ိန္အနည္းငယ္ေတာ့ ယူရလိမ့္မယ္။ ကြၽန္ေတာ္ အဲဒီလိုလုပ္ရင္းနဲ႔ ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္ေက်ာ္ၿပီး တတ္ႏိုင္သမွ် ျပည္သူေတြအတြက္ အခ်ိန္တိုတိုေလးအတြင္းမွာ အေကာင္းဆုံး လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္”ဟု ေျပာသည္။

Related news

© 2021. All rights reserved.