မြို့နယ်ပေါင်း ၂၆ဝ ကျော်တွင် ရွေးကောက်ပွဲ ကျင်းပရန်အတွက် ကနဦး လျာထား

788

သုတကျော် (NP News) - ဇွန် ၇
မြို့နယ် ပေါင်း ၂၆၀ ကျော်တွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ကနဦး လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မီဒီယာများထံ ထုတ်ပြန်ဖြေကြားထားသော အချက်အလက်များအရ သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် မဲအများဆုံး ရသူအနိုင်ယူ စနစ် ( FPTP ) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR ) ၂ မျိုးလုံး အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ် သိရှိရမည်ဖြစ်ကြောင်း UEC က ဆိုသည်။
“ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်သည့်မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့်နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ရှိပါတယ်” ဟု UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲကို နယ်မြေဒေသအခြေအနေအရ ကန့်သတ်ချက်ရှိသော နယ်မြေများမှလွဲ၍ တိုင်းဒေသကြီး နှင့် ပြည်နယ်များအားလုံးတွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်းလည်း သိရသည်။
“ကျင်းပမည့်ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့ လျာထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲကျင်းပမည့် ရက်များကို သတ်မှတ်ပေးမှာဖြစ်ပါတယ်” ဟု UEC က ဖြေကြားသည်။
ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်ကိုက်ညီသော သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိကာ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များအလိုက် သတ်မှတ်လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးပါက အသေးစိတ် သိရှိရမည်ဖြစ်ကြောင်းလည်း ဖြေကြားထားသည်။

Zawgyi Version:
ၿမိဳ႕နယ္ေပါင္း ၂၆ဝ ေက်ာ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပရန္အတြက္ ကနဦး လ်ာထား
သုတေက်ာ္ (NP News) - ဇြန္ ၇
ၿမိဳ႕နယ္ ေပါင္း ၂၆၀ ေက်ာ္တြင္ ေ႐ြးေကာက္ပြဲက်င္းပရန္အတြက္ ကနဦး လ်ာထားေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က မီဒီယာမ်ားထံ ထုတ္ျပန္ေျဖၾကားထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
လာမည့္ ေ႐ြးေကာက္ပြဲတြင္ မဲအမ်ားဆုံး ရသူအႏိုင္ယူ စနစ္ ( FPTP ) ႏွင့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR ) ၂ မ်ိဳးလုံး အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒမ်ား ျပ႒ာန္းထုတ္ျပန္ၿပီးပါက အေသးစိတ္ သိရွိရမည္ျဖစ္ေၾကာင္း UEC က ဆိုသည္။
“ေ႐ြးေကာက္ပြဲက်င္းပမည့္ရက္ ထုတ္ျပန္ေၾကညာၿပီးသည့္အခ်ိန္တြင္ ျဖစ္ေပၚလ်က္ရွိသည့္ နယ္ေျမေဒသ လုံၿခဳံေရးအေျခအေနအရ ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္ၿမိဳ႕နယ္မ်ားတြင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး မက်င္းပႏိုင္သည့္နယ္ေျမမ်ားကိုလည္း ထုတ္ျပန္ေၾကညာေပးမွာျဖစ္ပါတယ္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ လက္ရွိ စာရင္းဇယားမ်ားအရ ၿမိဳ႕နယ္ေပါင္း ၂၆၇ ၿမိဳ႕နယ္မွာ က်င္းပဖို႔ရွိပါတယ္” ဟု UEC က ေျဖၾကားထားသည္။
ေ႐ြးေကာက္ပြဲကို နယ္ေျမေဒသအေျခအေနအရ ကန႔္သတ္ခ်က္ရွိေသာ နယ္ေျမမ်ားမွလြဲ၍ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားအားလုံးတြင္ ဦးစားေပးအစီအစဥ္အတိုင္း အပိုင္းခြဲ၍ က်င္းပရန္ လ်ာထားေၾကာင္းလည္း သိရသည္။
“က်င္းပမည့္ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပဖို႔ လ်ာထားၿပီး အပိုင္းအလိုက္ ေ႐ြးေကာက္ပြဲက်င္းပမည့္ ရက္မ်ားကို သတ္မွတ္ေပးမွာျဖစ္ပါတယ္” ဟု UEC က ေျဖၾကားသည္။
ေျပာင္းလဲက်င့္သုံးမည့္ ေ႐ြးေကာက္ပြဲစနစ္ႏွင့္ကိုက္ညီေသာ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ား ျပ႒ာန္းထုတ္ျပန္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိကာ ေ႐ြးေကာက္ပြဲက်င္းပမည့္ မဲဆႏၵနယ္မ်ားအလိုက္ သတ္မွတ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး ဥပေဒျပ႒ာန္းၿပီးပါက အေသးစိတ္ သိရွိရမည္ျဖစ္ေၾကာင္းလည္း ေျဖၾကားထားသည္။