ရုရှားရဲ့ Su-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက် ပြော

 163

Pika (NP News) - ဇွန် ၉

ယူကရိန်းလေတပ်ဟာ ရုရှားရဲ့ Su-35 တိုက်လေယာဉ်တစ်စင်းကို ဇွန်လ(၇)ရက် နံနက်ပိုင်းက ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်တပ်က”(၂၀၂၅)ခုနှစ် ဇွန်လ(၇)ရက် နံနက်ပိုင်းမှာ ယူကရိန်းလေတပ်ဟာ ကာ့စ်ဒေသမှာ ရုရှားရဲ့ Su-35 တိုက်လေယာဉ်တစ်စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပါ တယ်” လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ယူကရိန်းစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားအစိုးရဘက်က ချက်ချင်းပြန်လည်မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ယူကရိန်းလုံခြုံရေးအေဂျင်စီ SBU ဟာ ရုရှားစစ်လေယာဉ် အစင်းရေ(၄၀)ကျော်ကို ကြီးမားတဲ့ဒရုန်း တိုက်ခိုက်မှု တစ်ခုပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းလုံခြုံရေးအေဂျင်စီရဲ့တိုက်ခိုက်မှုကြောင့် ရုရှားကယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ Tu-95 နဲ့ Tu-22 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဆယ်စင်းကျော်လောက် ထိခိုက်/ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူကရိန်းကို ပြင်းထန်တဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရဘက်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွားရဲ႕ Su-35 တိုက္ေလယာဥ္တစ္စင္းကို ပစ္ခ်ႏိုင္ခဲ့တယ္လို႔ ယူကရိန္းစစ္ဘက္ ေျပာ
Pika (NP News) - ဇြန္ ၉

ယူကရိန္းေလတပ္ဟာ ႐ုရွားရဲ႕ Su-35 တိုက္ေလယာဥ္တစ္စင္းကို ဇြန္လ(၇)ရက္ နံနက္ပိုင္းက ပစ္ခ်ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းစစ္တပ္က”(၂၀၂၅)ခုႏွစ္ ဇြန္လ(၇)ရက္ နံနက္ပိုင္းမွာ ယူကရိန္းေလတပ္ဟာ ကာ့စ္ေဒသမွာ ႐ုရွားရဲ႕ Su-35 တိုက္ေလယာဥ္တစ္စင္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့ပါ တယ္” လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ယူကရိန္းစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ႐ုရွားအစိုးရဘက္က ခ်က္ခ်င္းျပန္လည္မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ယူကရိန္းလုံၿခဳံေရးေအဂ်င္စီ SBU ဟာ ႐ုရွားစစ္ေလယာဥ္ အစင္းေရ(၄၀)ေက်ာ္ကို ႀကီးမားတဲ့ဒ႐ုန္း တိုက္ခိုက္မႈ တစ္ခုျပဳလုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းလုံၿခဳံေရးေအဂ်င္စီရဲ႕တိုက္ခိုက္မႈေၾကာင့္ ႐ုရွားကယူကရိန္းကို တာေဝးပစ္ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ရာမွာ အသုံးျပဳတဲ့ Tu-95 နဲ႔ Tu-22 မဟာဗ်ဴဟာေျမာက္ဗုံးႀကဲေလယာဥ္ဆယ္စင္းေက်ာ္ေလာက္ ထိခိုက္/ပ်က္စီးသြားခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ယူကရိန္းကို ျပင္းထန္တဲ့ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရဘက္က ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.