အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၀ ကျောင်း က သင်တန်းသားများခေါ်ယူနေ

 276

Pearl (NP News) - ဇွန် ၉

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၀ ကျောင်း မှ သင်တန်းသားများခေါ်ယူနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာက ယနေ့ (ဇွန်လ ၉ရက်) တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာထားသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ကျောင်းများတွင် စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှင်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှု သင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်း များအား ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းအား ဇွန် ၉ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် တက်ရောက်လိုသော သင်တန်းသား(အမျိုးသမီး/အမျိုးသား)များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်များရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း၍ တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း ၁၀ ေက်ာင္း က သင္တန္းသားမ်ားေခၚယူေန
Pearl (NP News) - ဇြန္ ၉
အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း ၁၀ ေက်ာင္း မွ သင္တန္းသားမ်ားေခၚယူေနေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာက ယေန႔ (ဇြန္လ ၉ရက္) တြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွတဆင့္ ေၾကညာထားသည္။
လူမႈဝန္ထမ္းဦးစီးဌာနသည္ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ ေတာင္ငူ၊ ျမစ္ႀကီးနား၊ ဖ်ာပုံ၊ စစ္ေတြ၊ ႐ြာငံႏွင့္ ထားဝယ္ၿမိဳ႕တို႔တြင္ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ားအား ဖြင့္လွစ္ထားေၾကာင္း သိရသည္။
အဆိုပါ ေက်ာင္းမ်ားတြင္ စက္ခ်ဳပ္သင္တန္းမ်ား (မိန္းမဝတ္၊ ကေလးဝတ္၊ က်ားရွင္၊ တိုက္ပုံ၊ ကုတ္အက်ႌ)၊ လက္မႈ သင္တန္း၊ မုန႔္မ်ိဳးစုံျပဳလုပ္နည္းသင္တန္း၊ အစားအစာခ်က္ျပဳတ္နည္းသင္တန္းႏွင့္ ပန္းအလွျပင္သင္တန္း စသည့္ သင္တန္းမ်ားကို ဘ႑ာေရးႏွစ္တစ္ႏွစ္လွ်င္ သင္တန္းအပတ္စဥ္ရွစ္ခု၊ အပတ္စဥ္တစ္ခုလွ်င္ ေျခာက္ပတ္ၾကာ သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ပုသိမ္ေက်ာင္းမ်ား၌ စေန၊ တနဂၤေႏြေန႔မ်ားတြင္လည္း အထူးသင္တန္း မ်ားအား ဖြင့္လွစ္သင္ၾကားေပးေနေၾကာင္း သိရသည္။
အဆိုပါ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ား၌ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္ ဒုတိယအႀကိမ္ေျမာက္ ေက်ာင္းအေျချပဳသင္တန္းအား ဇြန္ ၉ ရက္မွ ဇူလိုင္ ၁၈ ရက္အထိ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနက ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ တက္ေရာက္လိုေသာ သင္တန္းသား(အမ်ိဳးသမီး/အမ်ိဳးသား)မ်ားအေနျဖင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး /ျပည္နယ္မ်ားရွိ အိမ္တြင္းမႈ သက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ားသို႔ ႐ုံးခ်ိန္အတြင္း ဆက္သြယ္စုံစမ္း၍ တက္ေရာက္ႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.