ဗင်နီဇွဲလားက အမေရိကန်ရေနံတွေကို ခိုးယူနေတယ်လို့ ဒေါ်နယ်ထရမ့်စွပ်စွဲပြောဆို

 131

Pika (NP News) - ဒီဇင်ဘာလ ၁၈

ဗင်နီဇွဲလားနိုင်ငံက အမေရိကန်ရဲ့ရေနံတွေကို ခိုးယူနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆို ခဲ့ပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအပေါ် ရေနံဆိုင်ရာပိတ်ဆို့မှုတွေကို ချမှတ်ခဲ့ပြီး ဗင်နီဇွဲလား နိုင်ငံအတွင်းကို ဝင်ထွက်နေတဲ့ပိတ်ဆို့အရေးယူမှုချမှတ်ခံထားရတဲ့ ရေနံတင်သင်္ဘောတွေကို ကြားဖြတ်ဟန့်တားမှု တွေလုပ်ဆောင်ဖို့ ကာရေဘီယံဒေသမှာရှိတဲ့ အမေရိကန်ရေတပ်ကို ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒေါ်နယ်ထရမ့်က Truth Social ပလက်ဖောင်းမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံအတွင်းကို ဝင်ထွက်နေတဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ရေနံတင်သင်္ဘောအားလုံးကို လုံးဝပိတ်ဆို့မှုတစ်ခု အဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ဗင်နီဇွဲလားနိုင်ငံကို သမိုင်းတစ်လျှောက်မြင်ဖူးသမျှထဲမှာ အကြီးမားဆုံး အမေရိကန် ရေတပ်ကြီးက ဝိုင်းရံထားပါတယ်။ ဒီလိုမျိုးဝိုင်းရံထားမှုက ပိုမိုကြီးမားလာမှာဖြစ်ပြီး ကျွန်တော်တို့ဆီက အရင်က ခိုးယူခဲ့ဖူးတဲ့ရေနံ၊ မြေယာ နဲ့ အခြားပိုင်ဆိုင်မှုတွေအားလုံး အမေရိကန်ကို ပြန်မရောက်လာခင်အချိန်အထိ ဗင်နီဇွဲလား အတွက် ထိတ်လန့်တုန်လှုပ်စရာတွေက သူတို့မြင်တွေ့ဖူးသမျှ အရာအားလုံးထက် ပိုပြီးဆိုးရွားတာကို သိလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်ရေတပ်က ဗင်နီဇွဲလားကမ်းလွန်မှာရှိတဲ့ရေနံတင်သင်္ဘောကြီးတစ်စင်းကို သိမ်းယူခဲ့ပြီးနောက် သီတင်းပတ် (၁)ပတ်ခန့်အကြာမှာ ယခုလိုထုတ်ပြန်ကြေညာမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားက အေမရိကန္ေရနံေတြကို ခိုးယူေနတယ္လို႔ ေဒၚနယ္ထရမ့္စြပ္စြဲေျပာဆို
Pika (NP News) - ဒီဇင္ဘာလ ၁၈
ဗင္နီဇြဲလားႏိုင္ငံက အေမရိကန္ရဲ႕ေရနံေတြကို ခိုးယူေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆို ခဲ့ပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္က ဗင္နီဇြဲလားႏိုင္ငံအေပၚ ေရနံဆိုင္ရာပိတ္ဆို႔မႈေတြကို ခ်မွတ္ခဲ့ၿပီး ဗင္နီဇြဲလား ႏိုင္ငံအတြင္းကို ဝင္ထြက္ေနတဲ့ပိတ္ဆို႔အေရးယူမႈခ်မွတ္ခံထားရတဲ့ ေရနံတင္သေဘၤာေတြကို ၾကားျဖတ္ဟန႔္တားမႈ ေတြလုပ္ေဆာင္ဖို႔ ကာေရဘီယံေဒသမွာရွိတဲ့ အေမရိကန္ေရတပ္ကို ၫႊန္ၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီလႈပ္ရွားမႈကို ေဒၚနယ္ထရမ့္က Truth Social ပလက္ေဖာင္းမွာ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ဗင္နီဇြဲလား ႏိုင္ငံအတြင္းကို ဝင္ထြက္ေနတဲ့ ပိတ္ဆို႔အေရးယူမႈခံထားရတဲ့ေရနံတင္သေဘၤာအားလုံးကို လုံးဝပိတ္ဆို႔မႈတစ္ခု အျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ဗင္နီဇြဲလားႏိုင္ငံကို သမိုင္းတစ္ေလွ်ာက္ျမင္ဖူးသမွ်ထဲမွာ အႀကီးမားဆုံး အေမရိကန္ ေရတပ္ႀကီးက ဝိုင္းရံထားပါတယ္။ ဒီလိုမ်ိဳးဝိုင္းရံထားမႈက ပိုမိုႀကီးမားလာမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ဆီက အရင္က ခိုးယူခဲ့ဖူးတဲ့ေရနံ၊ ေျမယာ နဲ႔ အျခားပိုင္ဆိုင္မႈေတြအားလုံး အေမရိကန္ကို ျပန္မေရာက္လာခင္အခ်ိန္အထိ ဗင္နီဇြဲလား အတြက္ ထိတ္လန႔္တုန္လႈပ္စရာေတြက သူတို႔ျမင္ေတြ႕ဖူးသမွ် အရာအားလုံးထက္ ပိုၿပီးဆိုး႐ြားတာကို သိလာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ေရတပ္က ဗင္နီဇြဲလားကမ္းလြန္မွာရွိတဲ့ေရနံတင္သေဘၤာႀကီးတစ္စင္းကို သိမ္းယူခဲ့ၿပီးေနာက္ သီတင္းပတ္ (၁)ပတ္ခန႔္အၾကာမွာ ယခုလိုထုတ္ျပန္ေၾကညာမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.