သုခ ဒဂုံအိမ်ရာမှ ထပ်မံ ပြီစီးသည့်တိုက် ၄ လုံး ကို မကြာမီ မဲနှိုက် နေရာပေးသွားမည်

251
Pearl (NP News) - ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့န ယ် ရှိ သုခ ဒဂုံအိမ်ရာမှ ထပ်မံ ပြီးစီးသည့်တိုက် ၄ လုံး ကို မကြာမီ မဲနှိုက်နေရာပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ အချက်အလက်များအရ သိရသည်။
လက်ရှိတွင် သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာမှ တိုက် ၄ လုံး ထပ်မံ ပြီးစီးပြီဖြစ်ရာ အဆိုပါတိုက် (၄)လုံးကို မကြာမီ မဲနှိုက်နေရာ ချထားပေးသွားမည်ဖြစ်ပြီး မဲနှိုက်ခွင့်ရရှိသည့်မြို့နယ် နှင့် ဌာနဆိုင်ရာအမည်များကို ဇွန်လ (၁၀)ရက် တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သုခဒဂုံအိမ်ရာအတွင်း တိုက်ခန်းနှင့် ဆိုင်ခန်း များကို ဝယ်ယူခွင့် ရမည်ဆိုပြီးလိမ်လည်သူများ ၊ တိုက်ခန်း ငှားရမ်းခွင့်ရမည်ပြောပြီး လိမ်ညာနေသူများရှိနေသဖြင့် ပြည်သူများအနေဖြင့် လိမ်ညာမခံရရန်အတွက်လည်း အသိပေးထုတ်ပြန်ထားသည်။
အလားတူ သုခဒဂုံပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့်များအား တစ်ဆင့် ငှားရမ်း၊ လွှဲပြောင်းတာတွေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားဖူးသည်။

Zawgyi Version:
Pearl (NP News) - ဇွန် ၉