ကိုဗစ်ရောဂါကို ရာသီတုပ်ကွေးသကဲ့သို့ ပုံမှန်ကူးစက်တတ်သောရောဂါအဖြစ် သတ်မှတ်ထား

374

စော (NP News) - ဇွန် ၉
ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ များ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပြီး လက်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွားခြင်း၊ သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါအဖြစ်သာ သတ်မှတ်ထားကြောင်း သိရသည်။
သို့သော် ရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းစသည့် လက္ခဏာများ ရှိသူများအနေဖြင့် အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက် လူထူထပ်သောနေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)အား စနစ်တကျ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပုဝါ၊ တံတောင် ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်းအပြင် ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်းလည်း လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏ စနစ်တကျဆေးကြောခြင်းကိုလည်း ဆောင်ရွက်သင့်ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်း ၊ ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေးသည့်အတွက် ရောဂါကူးစက်ခံရပါ က ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထား သည်။

Zawgyi Version:
ကိုဗစ္ေရာဂါကို ရာသီတုပ္ေကြးသကဲ့သို႔ ပုံမွန္ကူးစက္တတ္ေသာေရာဂါအျဖစ္ သတ္မွတ္ထား
ေစာ (NP News) - ဇြန္ ၉
ကိုဗစ္-၁၉ ေရာဂါကို ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားျခင္းမရွိေတာ့ဘဲ ရာသီတုပ္ေကြးေရာဂါကဲ့သို႔ ေဒသတြင္းပုံမွန္ကူးစက္ျဖစ္ပြားတတ္သည့္ ေရာဂါအျဖစ္သာ သတ္မွတ္ထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မိုးရာသီတြင္ ရာသီတုပ္ေကြးေရာဂါႏွင့္ ကိုဗစ္-၁၉ ေရာဂါစသည့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ မ်ား ပိုမိုကူးစက္ျဖစ္ပြားႏိုင္ၿပီး လက္တေလာတြင္ မိမိတို႔ႏိုင္ငံအတြင္း၌ အဆိုပါေရာဂါမ်ား ကူးစက္ျဖစ္ပြားျခင္း၊ ေသဆုံးမႈႏွင့္စပ္လ်ဥ္း၍ စိုးရိမ္ဖြယ္ရာအေျခအေနမရွိေၾကာင္း သိရသည္။
ကိုဗစ္-၁၉ ေရာဂါအား ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားျခင္းမရွိေတာ့ဘဲ ရာသီတုပ္ေကြးေရာဂါကဲ့သို႔ ေဒသတြင္းပုံမွန္ကူးစက္ျဖစ္ပြားတတ္သည့္ေရာဂါအျဖစ္သာ သတ္မွတ္ထားေၾကာင္း သိရသည္။
သို႔ေသာ္ ေရာဂါမ်ား ျဖစ္ပြားမႈမွ ႀကိဳတင္ကာကြယ္ႏိုင္ရန္အတြက္ လက္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ားျဖစ္ေသာ ဖ်ားျခင္း၊ ႏွာေစးျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ပင္းနာျခင္းစသည့္ လကၡဏာမ်ား ရွိသူမ်ားအေနျဖင့္ အျခားသူမ်ားသို႔ ကူးစက္မႈမရွိေစေရးအတြက္ လူထူထပ္ေသာေနရာမ်ားသို႔ သြားျခင္းမွ ေရွာင္ၾကဥ္ျခင္းႏွင့္ မျဖစ္မေနသြားေရာက္ရန္ရွိပါက ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (Mask)အား စနစ္တက် ဝတ္ဆင္ရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ပါးစပ္ႏွင့္ႏွာေခါင္းစည္း ဝတ္ဆင္ထားျခင္းမရွိခ်ိန္၌ ႏွာေခ်၊ ေခ်ာင္းဆိုးပါက လက္ကိုင္ပုဝါ၊ တံေတာင္ ေကြးျဖင့္ လုံေအာင္အုပ္၍ ႏွာေခ်၊ ေခ်ာင္းဆိုးျခင္းအျပင္ ေရာဂါလကၡဏာျပင္းထန္ပါက နီးစပ္ရာေဆး႐ုံ၊ က်န္းမာေရးဌာနသို႔ ခ်က္ခ်င္းျပသ၍ ေဆးကုသမႈခံယူျခင္းလည္း လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ တစ္ကိုယ္ေရကာကြယ္ေရးနည္းလမ္းမ်ားျဖစ္သည့္ လက္ကို ေရႏွင့္ဆပ္ျပာ သို႔မဟုတ္ ေရမလို လက္သန႔္စင္ေဆးရည္ျဖင့္ မၾကာခဏ စနစ္တက်ေဆးေၾကာျခင္းကိုလည္း ေဆာင္႐ြက္သင့္ေၾကာင္း သိရသည္။
အဆိုပါကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ားသည္ ကိုဗစ္-၁၉ ေရာဂါ မ်ိဳး႐ိုးဗီဇကြဲမ်ား ကူးစက္ျဖစ္ပြားျခင္း ၊ ေရာဂါလကၡဏာျပင္းထန္မႈႏွင့္ အသက္ဆုံးရႈံးမႈတို႔မွ ထိေရာက္စြာ ကာကြယ္ေပးသည့္အတြက္ ေရာဂါကူးစက္ခံရပါ က ေရာဂါျပင္းထန္ႏိုင္ေျခႏွင့္ အသက္ဆုံးရႈံးႏိုင္ေျချမင့္မားသည့္ အသက္အ႐ြယ္ႀကီးသူမ်ား၊ ဆီးခ်ိဳေရာဂါ၊ နာတာရွည္အဆုတ္ေရာဂါ၊ ကင္ဆာေရာဂါရွိသူမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနျဖင့္ ကိုဗစ္-၁၉ေရာဂါ ထပ္ေဆာင္းကာကြယ္ေဆးထိုးႏွံမႈခံယူရန္ လိုအပ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထား သည္။