တပ်ဖွဲ့ဝင်တွေကို ယခင်နယ်စပ်စခန်းတွေကို ပြန်လည်ချထားဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့သဘောတူ

 275

Pika (NP News) - ဇွန် ၁ဝ
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ယခင်နယ်စပ်စခန်းတွေကို ပြန်လည်ချထားဖို့ သဘောတူညီခဲ့တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တို့ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး ကျဆုံးသွားခဲ့ပြီး နောက် ယခုလို သဘောတူညီချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်နှစ်ဘက်စလုံးဟာ ပြီးခဲ့တဲ့ မေလ(၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေကို ဖြေလျှော့ဖို့ဆန္ဒရှိတယ်လို့ ကမ္ဘောဒီးယားအစိုးရရဲ့ ထုတ်ပြန်ချက် မှာ ရေးသားဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ တရားဝင်နယ်စပ်ဖြတ်သန်းမှု(၁၇)ခုရှိပြီး နှစ်နိုင်ငံကြားနယ်စပ်က အရှည် (၈၁၇) ကီလိုမီတာလောက်ရှိတယ်လို့ ထိုင်းအစိုးရရဲ့ဒေတာအချက်အလက်တွေမှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံစလုံးဟာ ကမ္ဘောဒီးယားကိုလိုနီဖြစ်ခဲ့တဲ့ (၁၉၀၇)ခုနှစ်မှာ ပြင်သစ်က ရေးဆွဲထားခဲ့တဲ့ နယ်စပ်မျဉ်း တစ်လျှောက် အချုပ်အခြာအာဏာကို ရာစုနှစ်တစ်ခုကျော်ကြာအောင် အပြိုင်အဆိုင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ လာမယ့် ဇွန်လ(၁၄)ရက်မှာ ပြုလုပ်မယ့် ပူးတွဲနယ်နိမိတ်ကော်မတီအစည်းအဝေး အပါအဝင် အပြန်အလှန်ဆွေးနွေးမှုတွေကနေတစ်ဆင့် နယ်စပ်ပြဿနာကို အပြည့်အဝဖြေရှင်းဖို့ နှစ်ဖက်စလုံးက မျှော်လင့်ထားတယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
တပ္ဖြဲ႕ဝင္ေတြကို ယခင္နယ္စပ္စခန္းေတြကို ျပန္လည္ခ်ထားဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔သေဘာတူ
Pika (NP News) - ဇြန္ ၁ဝ
ထိုင္းႏိုင္ငံနဲ႔ ကေမာၻဒီးယားႏိုင္ငံတို႔ဟာ ၎တို႔ရဲ႕တပ္ဖြဲ႕ဝင္ေတြကို ယခင္နယ္စပ္စခန္းေတြကို ျပန္လည္ခ်ထားဖို႔ သေဘာတူညီခဲ့တယ္လို႔ ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးက အတည္ျပဳေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ထိုင္းနဲ႔ကေမာၻဒီးယားတပ္ဖြဲ႕တို႔ၾကားျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြအတြင္း ကေမာၻဒီးယားစစ္သားတစ္ဦး က်ဆုံးသြားခဲ့ၿပီး ေနာက္ ယခုလို သေဘာတူညီခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ႏွစ္ဘက္စလုံးဟာ ၿပီးခဲ့တဲ့ ေမလ(၂၈)ရက္က ျဖစ္ပြားခဲ့တဲ့ တင္းမာမႈေတြကို ေျဖေလွ်ာ့ဖို႔ဆႏၵရွိတယ္လို႔ ကေမာၻဒီးယားအစိုးရရဲ႕ ထုတ္ျပန္ခ်က္ မွာ ေရးသားေဖာ္ျပထားပါတယ္။
ထိုင္းႏိုင္ငံဟာ ကေမာၻဒီးယားႏိုင္ငံနဲ႔ တရားဝင္နယ္စပ္ျဖတ္သန္းမႈ(၁၇)ခုရွိၿပီး ႏွစ္ႏိုင္ငံၾကားနယ္စပ္က အရွည္ (၈၁၇) ကီလိုမီတာေလာက္ရွိတယ္လို႔ ထိုင္းအစိုးရရဲ႕ေဒတာအခ်က္အလက္ေတြမွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့ျပင္ ႏွစ္ႏိုင္ငံစလုံးဟာ ကေမာၻဒီးယားကိုလိုနီျဖစ္ခဲ့တဲ့ (၁၉၀၇)ခုႏွစ္မွာ ျပင္သစ္က ေရးဆြဲထားခဲ့တဲ့ နယ္စပ္မ်ဥ္း တစ္ေလွ်ာက္ အခ်ဳပ္အျခာအာဏာကို ရာစုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ အၿပိဳင္အဆိုင္ယွဥ္ၿပိဳင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ လာမယ့္ ဇြန္လ(၁၄)ရက္မွာ ျပဳလုပ္မယ့္ ပူးတြဲနယ္နိမိတ္ေကာ္မတီအစည္းအေဝး အပါအဝင္ အျပန္အလွန္ေဆြးေႏြးမႈေတြကေနတစ္ဆင့္ နယ္စပ္ျပႆနာကို အျပည့္အဝေျဖရွင္းဖို႔ ႏွစ္ဖက္စလုံးက ေမွ်ာ္လင့္ထားတယ္လို႔ ထိုင္းအစိုးရက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.