နိုင်ငံရေးပါတီများ အစိုးရဖွဲ့ရန် အသင့်ပြင်ဆင်ပြီးကြပြီလား (အတွေးအမြင် ဆောင်းပါး)

 192

စစ်မုန်း(NP News) - ဒီဇင်ဘာလ ၁၈

လွှတ်တော်နှင့်အစိုးရအဖွဲ့ဖွဲ့စည်းခြင်း
လာမည့် ဒီဇင်ဘလ (၂၈) ရက်တွင် တိုင်းပြည် အုပ်ချုပ်မည့်သူများကိုရွေးချယ်သည့်ရွေးကောက်ပွဲများကို ပြုလုပ်ကျင်းပတော့မည်ဖြစ်သည်။ တစ်ဆက် တည်းပင် ဒုတိယအကျော့နှင့်တတိယအကျော့ရွေး ကောက်ပွဲများကိုကျင်းပပြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို (၂၀၂၆) ခုနှစ် ဖေဖော်ဝါ ရီလတွင် ကျင်းပပြုလုပ်ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိ ယဥက္ကဋ္ဌ စသည်များကို ရွေးချယ်ပေးကြရမည်ဖြစ် သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့စုပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်က အ စိုးရအဖွဲ့အတွက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များရွေးချယ်ခြင်း၊ ဝန်ကြီးနေရာများရွေးချယ်ခြင်းအ ပြင် ပြည်ထောင်စု ရှေ့နေချုပ်ကိုလည်း ရွေးချယ်တင် မြှောက်ပေးသွားကြရတော့မည်ဖြစ်သည်။ ထို့အတူ ပင် တိုင်းဒေသကြီးများနှင့်ပြည်နယ်လွှတ်တော်များကိုလည်းခေါ်ယူကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များကို ရွေးချယ်တင်မြှောက်ပေးသွားကြရမည်ဖြစ် သည်။ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အဆင့်ဆင့်၏ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ ကိုရွေးချယ်တင်မြှောက်ခြင်းခံရသည့်လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်း၍ မဲစနစ်ဖြင့် ရွေးချယ်ပေးကြရမည်ဖြစ်သည်။ သမ္မတနှင့် ဒုတိယသမ္မတများကိုလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့များက ရွေးချယ်စိစစ်ကာ အမည်စာ ရင်းတင်သွင်းလာသော ဒုတိယသမ္မတလောင်း (၃)ဦးကို ရွေးချယ်ပေးကြရမည်။ အဆိုပါရွေးချယ်ထား သော ဒုတိယသမ္မတလောင်းများသည် လွှတ်တော် ကိုယ်စားလှယ်များဖြစ်နိုင်သလို၊ လွှတ်တော်ကိုယ်စား လှယ်မဟုတ်သူများလည်းဖြစ်နိုင်သည်။ ဒုတိယသမ္မ တလောင်း(၃)ဦးကို စိစစ်ရွေးချယ်ပြီးနောက် ယင်း (၃)ဦးထဲမှ နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော်က မိမိတို့ကြိုက်နှစ်သက်သူတစ်ဦးကို ဆန္ဒမဲပေးရွေးချယ်ကြရမည်ဖြစ်သည်။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုဝန်ကြီးများကိုလည်း ပြည် ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးရသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များနှင့်ဒုတိယဥက္ကဋ္ဌများသည်လည်းကောင်း၊ နိုင်ငံ တော်သမ္မတနှင့်ဒုတိယသမ္မတများသည်လည်း ကောင်း နိုင်ငံတော်၏ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးလုပ် ငန်းများအတွက် နိုင်ငံ့ဦးသျှောင်များဖြစ်ကြသည်။ တိုင်းပြည်တစ်ခု၏ကံကြမ္မာကို လွှတ်တော်ကိုယ်စား လှယ်များက ရွေးချယ်ပေးလိုက်သည့်သူများအပေါ် တွင် (ဝ)ကွက်အပ်နှင်းလိုက်ခြင်းလည်းဖြစ်သည်။ ဤအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွေးချယ်မှုမှန်ကန်ရန်အရေးကြီးသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များ သည် မိမိတို့သက်ဆိုင်ရာဒေသများ၏ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ခြင်းကို ကြီးကြပ်ဆောင်ရွက်ရ မည်ဖြစ်သည်။ တည်ဆဲ (၂၀ဝ၈)အခြေခံဥပဒေပုဒ်မ (၂၆၁)အရ နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ သင့် တော်သူတစ်ဦးကိုရွေးချယ်ပြီး ဝန်ကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ် တော်များသို့ အမည်စာရင်းတင်သွင်းကာ သက်ဆိုင် ရာလွှတ်တော်များ၏သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးရမည်လည်းဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများကို လွှတ်တော်ကိုယ်စားလှယ်များမှဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ် များမှဖြစ်စေရွေးချယ်ကာ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခွင့် ခွင့်ပြုချက် ရယူပြီး ခန့်အပ်တာဝန်ပေးအပ်ရမည်ဖြစ်သည်။ တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော်သည်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များသည်လည်း ကောင်း၊ တိုင်းဒေသကြီးပြည်နယ်၏ဥပဒေပြုရေး၊ စီမံခန့်ခွဲရေးတာဝန်များကိုထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြရာ လူမှန်၊ နေရာမှန်များကို ရွေးချယ်တာဝန်ပေး နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန် ရှိပေသည်။
နိုင်ငံရေးပါတီများ၏တာဝန်
(၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင်ကျင်း ပမည့် စတုတ္ထအကြိမ်ရွေးကောက်ပွဲသည် ယခင် ရွေး ကောက်ပွဲများနှင့်မတူ ကွဲပြားခြားနားချက်များရှိသည်။ လက်ရှိအခင်းအကျင်းအရ တစ်ပြည်လုံးအတိုင်းအ တာဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ကြီး (၆)ခုသာရှိသည်။ ကျန်ပါတီများမှာ ပြည်နယ်တစ် ခုချင်းစီသော်လည်းကောင်း၊ တိုင်းဒေသကြီးတစ်ခု ချင်းစီတွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့်ပါတီများသည် ပြည်ထောင်စုအစိုးရဖွဲ့ စည်းနိုင်ရေးအတွက် ရည်မှန်းချက် ဖြင့်လုပ်ဆောင်နေ ကြခြင်းဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုချင်းစီတွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများသည် သက်ဆိုင်ရာဒေသများ၏ လွှတ်တော်နှင့်အစိုးရအဖွဲ့များကို ဖွဲ့စည်းနိုင်ရေးအ တွက် ရည်မှန်းလုပ်ဆောင်နေကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ပေါ်လာမည့်နိုင်ငံရေးအခင်းကျင်းတွင် အစိုးရအဖွဲ့အဖြစ်ဦးဆောင်မည့်သူများကို လူမှန်နေ ရာမှန်ဖြစ်စေရေးအတွက် ရွေးချယ်ပေးကြရန်လိုသလို ကြိုတင်ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်ထားကြရန်လိုအပ်မည်ဖြစ်သည်။
နိုင်ငံရေးသမားများ နိုင်ငံရေးလုပ်သည်ဆိုခြင်း မှာ နိုင်ငံ့အရေးအတွက်ဆောင်ရွက်ရန်ဖြစ်သည်ဟု ယေဘုယျနားလည်သဘောပေါက်ရသည်။ နိုင်ငံရေး ပါတီများသည် နိုင်ငံ့အရေးအတွက် စိတ်တူကိုယ်တူ သဘောထားတိုက်ဆိုင်သူများနှင့် စုပေါင်းဖွဲ့စည်းထား ခြင်းပင်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများသည် မိမိတို့ ၏အရေးအတွက်၊ နိုင်ငံ့အရေးအတွက် မိမိတို့ကိုယ် စားဆောင်ရွက်ပေးနိုင်မည့်သူများကို ရွေးချယ်ပေး လိုက်ခြင်းဖြစ်ရာ၊ ရွေးချယ်ခြင်းခံရသော နိုင်ငံရေးသ မားများ၊ နိုင်ငံရေးပါတီများသည် အမှန်တကယ် ပြည် သူကိုကိုယ်စားပြုသူများဖြစ်ကြရန်လိုသည်။ နိုင်ငံရေး ပါတီအသီးသီးသည် တိုင်းပြည်တည်ဆောက်ရေးအ တွက် မိမိတို့ပါတီများ၏မူဝါဒသဘောထား၊ ရည် မှန်းချက်များကို ထုတ်ဖော်ကြေညာထားကြပြီဖြစ် သည်။ မိမိတို့တာဝန်ယူရသောအခါ မိမိတို့ချမှတ်ခဲ့ သည့် မူဝါဒ၊ သဘောတရားများကို အကောင်အထည် ဖော်လုပ်ဆောင်နိုင်မည့်သူများအား ကြိုတင်ရွေးချယ် ထားကြရန်လိုမည်ဖြစ်သည်။ သို့မှသာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးသည်နှင့် လုပ်ငန်းများကို ချက်ချင်း စတင် ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်နှင့်နိုင်ငံ၏အကျိုးစီး ပွားကို ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်သွားနိုင်ကြမည်ဖြစ်သည်။
နိုင်ငံရေးသင်ခန်းစာ
ကျွနု်ပ်တို့သည် (၂၀ဝ၈)ခုနှစ် အခြေခံဥပဒေဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည့်ဒီမိုကရေစီအစိုးရနှစ် ဆက်ကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ အဆိုပါ အစိုးရ နှစ်ဆက်အနက် NLD ပါတီအစိုးရလက်ထက် အစိုး ရအဖွဲ့ကိုဖွဲ့စည်းရာတွင် ကြိုတင်ပြင်မှုမရှိခဲ့ကြောင်း တွေ့ရသည်။ တိုင်းပြည်ကိုစီမံအုပ်ချုပ်မည့် နိုင်ငံ တော်သမ္မတကိုပင် နှစ်ဦးအထိ ပြုပြင်ပြောင်းလဲခန့် အပ်ခဲ့ရသည်အထိဖြစ်ခဲ့သည်။ ဝန်ကြီးများခန့်အပ်ရာ တွင်လည်း ကောင်းစွာလျာထားခြင်းမရှိခဲ့သဖြင့် အစိုး ရအဖွဲ့ဝင်ဝန်ကြီးများကိုခန့်အပ်ရာတွင်လည်း အဆင် ပြေချောမွေ့ခြင်းမရှိခဲ့။ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူခဲ့သောပုဂ္ဂိုလ်တစ်ဦးတည်းကပင် ဝန်ကြီး နေရာ(၄)နေရာအထိ တာဝန်ယူခဲ့သည်ကိုတွေ့ရ သည်။ နောက်မှသာ လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ခြင်း များရှိခဲ့သည်။ ဘွဲ့အတုများဖြင့် ဝန်ကြီးနေရာရယူခဲ့သူ များအထိရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ အမှန်ပြောရ လျှင် NLD အစိုးရသည် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်ဆိုငြား၊ တိုင်းပြည်ကို တာဝန်ယူတည်ဆောက် မည့် တာဝန်ရှိသူဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို ကြိုတင်စိစစ်ရွေးချယ်ခဲ့ခြင်းမရှိခဲ့သည်မှာထင်ရှား သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည်ပင် မိမိကို အကြံပေးမည့် ရှောင်တာနယ်လို နိုင်ငံခြားသား၏အကူအညီကိုရယူပြီးလုပ်ဆောင်ခဲ့သည်။ တရားဝင်ဖော်ပြနိုင်ခြင်းမရှိသော်လည်း အမေရိကန်သူဌေးကြီး ဂျော့စ်ဆိုးရော့စ်၏သားနှင့် ဗြိတိသျှသံရုံးမှ ပုဂ္ဂိုလ်တစ် ဦးတို့၏အကြံဉာဏ်များကိုရယူခဲ့ကြောင်းသိရသည်။ ထို့အတူ မိမိခန့်အပ်တာဝန်ပေးထားသောဝန်ကြီး များ၊ ဒုတိယဝန်ကြီး၏လုပ်ဆောင်မှုများကို အားမရသ ဖြင့် နိုင်ငံခြားသား(၉၀)ကျော်ကို ခေါ်ယူခန့်အပ်တာ ဝန်ပေးကာ တိုင်းပြည်ကိုအုပ်ချုပ်သွားခဲ့သည်။ ရှောင် တာနယ်၏အကြံပေးချက်ဖြင့် ယခင်အစိုးရဆောင် ရွက်ခဲ့သည့်စီမံကိန်းလုပ်ငန်းများ တစ်ပိုင်းတစ်စဖြင့် ရပ်ဆိုင်းခံခဲ့ရသည်။ တချို့လုပ်ငန်းများ အကောင်အ ထည်မဖော်နိုင်ဖြစ်ခဲ့ရသည်။ ကျောက်ဖြူရေနက်ဆိပ် ကမ်းစီမံကိန်းနှင့် စီးပွားရေးဇုန်စီမံကိန်းမှာလည်း မူလက ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ် များအထိ လွှမ်းခြုံဆောင်ရွက်ထားခဲ့သော်လည်းစီမံ ကိန်းများကိုကျုံ့လိုက်သည်ကိုတွေ့ရသည်။ အမှန် ပြောရလျှင် NLD အစိုးရလက်ထက် (၅)နှစ်တာကာ လတွင် မြန်မာပြည်သူများသည် ခေတ်သစ်ကိုလိုနီ ကျွန် ဖြစ်မှန်းမသိဖြစ်ခဲ့ရသည်။
ယနေ့လက်ရှိနိုင်ငံရေးပါတီများ သင်ခန်းစာရယူ သင့်ပါ၏။
ကြိုတင်ပြင်ဆင်
နိုင်ငံတစ်ခုလုံးကိုလွှမ်းခြုံနိုင်သောအစိုးရ ဖွဲ့ စည်းရေးအတွက် ရည်မှန်းထားသောနိုင်ငံရေးပါတီ များသည်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုခုတွင်ရွေးချယ်ခံပြီး ဒေသ၏အကျိုးစီးပွားကို ဆောင်ရွက်ရန်ရည်မှန်းထားသည့် နိုင်ငံရေးပါတီများ သည်လည်း ရွေးကောက်တင်မြှောက်ပြီးနောက် အစိုး ရဖွဲ့စည်းခွင့်ရခဲ့လျှင် ထိုက်တန်သောအစိုးရဖွဲ့စည်း နိုင်ရေးအတွက် လူရွေးချယ်ခြင်းများကို ရွေးကောက် ပွဲအကြိုကာလဖြစ်သည့် ယခုအချိန်မှစတင်ကာ လုပ် ဆောင်ထားသင့်ကြပြီဖြစ်သည်။ အစိုးရမဖွဲ့နိုင်သည့် တိုင် အတိုက်အခံကောင်းများအဖြစ် အစိုးရ၏လုပ် ရပ်အပေါ် ပြုပြင်ထိန်းကျောင်းပေးနိုင်သည့်၊ အကြံ Óဏ်ကောင်းပေးနိုင်မည့်သူများကိုလည်း ရွေးချယ် ထားကြရန်လိုအပ်သည်။ မိမိအနိုင်ရခြင်း၊ မရခြင်း၊ မိမိတို့ပါတီ အနိုင်ရခြင်း၊ မရခြင်းမှာ ပြည်သူများ၏ သဘောဆန္ဒနှင့်အညီသာဖြစ်သော်လည်း၊ အကယ်၍ အနိုင်ရခဲ့သော်ဆိုသည့်စိတ်ဓာတ်ဖြင့် ကောင်းမွန် သော၊ အရည်အချင်းပြည့်ဝသော အစိုးရတစ်ရပ်အဖြစ် နိုင်ငံတော်နှင့်ပြည်သူအား အလုပ်အကျွေးပြုနိုင်မည့် သူများကိုရွေးချယ်ထားကြရန်လိုကြောင်း အကြံပြု တင်ပြလိုက်ရပေသည်။

Zawgyi Version:
ႏိုင္ငံေရးပါတီမ်ား အစိုးရဖြဲ႕ရန္ အသင့္ျပင္ဆင္ၿပီးၾကၿပီလား
(အေတြးအျမင္ ေဆာင္းပါး)
စစ္မုန္း(NP News) - ဒီဇင္ဘာလ ၁၈

လႊတ္ေတာ္ႏွင့္အစိုးရအဖြဲ႕ဖြဲ႕စည္းျခင္း
လာမည့္ ဒီဇင္ဘလ (၂၈) ရက္တြင္ တိုင္းျပည္ အုပ္ခ်ဳပ္မည့္သူမ်ားကိုေ႐ြးခ်ယ္သည့္ေ႐ြးေကာက္ပြဲမ်ားကို ျပဳလုပ္က်င္းပေတာ့မည္ျဖစ္သည္။ တစ္ဆက္ တည္းပင္ ဒုတိယအေက်ာ့ႏွင့္တတိယအေက်ာ့ေ႐ြး ေကာက္ပြဲမ်ားကိုက်င္းပၿပီး တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးမ်ားကို (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါ ရီလတြင္ က်င္းပျပဳလုပ္ကာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ ဒုတိယဥကၠ႒မ်ား၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒၊ ဒုတိ ယဥကၠ႒ စသည္မ်ားကို ေ႐ြးခ်ယ္ေပးၾကရမည္ျဖစ္ သည္။ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ တို႔စုေပါင္းထားသည့္ ျပည္ေထာင္စုလႊတ္ေတာ္က အ စိုးရအဖြဲ႕အတြက္ ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတ မ်ားေ႐ြးခ်ယ္ျခင္း၊ ဝန္ႀကီးေနရာမ်ားေ႐ြးခ်ယ္ျခင္းအ ျပင္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ကိုလည္း ေ႐ြးခ်ယ္တင္ ေျမႇာက္ေပးသြားၾကရေတာ့မည္ျဖစ္သည္။ ထို႔အတူ ပင္ တိုင္းေဒသႀကီးမ်ားႏွင့္ျပည္နယ္လႊတ္ေတာ္မ်ားကိုလည္းေခၚယူကာ လႊတ္ေတာ္ဥကၠ႒၊ ဒုတိယဥကၠ႒ မ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ေပးသြားၾကရမည္ျဖစ္ သည္။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္အဆင့္ဆင့္၏ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား ကိုေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းခံရသည့္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက အမည္စာရင္းတင္သြင္း၍ မဲစနစ္ျဖင့္ ေ႐ြးခ်ယ္ေပးၾကရမည္ျဖစ္သည္။ သမၼတႏွင့္ ဒုတိယသမၼတမ်ားကိုလည္း ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တပ္မေတာ္သားကိုယ္စား လွယ္အစုအဖြဲ႕မ်ားက ေ႐ြးခ်ယ္စိစစ္ကာ အမည္စာ ရင္းတင္သြင္းလာေသာ ဒုတိယသမၼတေလာင္း (၃)ဦးကို ေ႐ြးခ်ယ္ေပးၾကရမည္။ အဆိုပါေ႐ြးခ်ယ္ထား ေသာ ဒုတိယသမၼတေလာင္းမ်ားသည္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားျဖစ္ႏိုင္သလို၊ လႊတ္ေတာ္ကိုယ္စား လွယ္မဟုတ္သူမ်ားလည္းျဖစ္ႏိုင္သည္။ ဒုတိယသမၼ တေလာင္း(၃)ဦးကို စိစစ္ေ႐ြးခ်ယ္ၿပီးေနာက္ ယင္း (၃)ဦးထဲမွ ႏိုင္ငံေတာ္သမၼတအျဖစ္ ျပည္ေထာင္စု လႊတ္ေတာ္က မိမိတို႔ႀကိဳက္ႏွစ္သက္သူတစ္ဦးကို ဆႏၵမဲေပးေ႐ြးခ်ယ္ၾကရမည္ျဖစ္သည္။ ႏိုင္ငံေတာ္ သမၼတသည္ ျပည္ေထာင္စုဝန္ႀကီးမ်ားကိုလည္း ျပည္ ေထာင္စုလႊတ္ေတာ္၏သေဘာတူညီခ်က္ျဖင့္ ခန႔္အပ္ တာဝန္ေပးရသည္။
ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ မ်ားႏွင့္ဒုတိယဥကၠ႒မ်ားသည္လည္းေကာင္း၊ ႏိုင္ငံ ေတာ္သမၼတႏွင့္ဒုတိယသမၼတမ်ားသည္လည္း ေကာင္း ႏိုင္ငံေတာ္၏ ဥပေဒျပဳေရး၊ စီမံခန႔္ခြဲေရးလုပ္ ငန္းမ်ားအတြက္ ႏိုင္ငံ့ဦးေသွ်ာင္မ်ားျဖစ္ၾကသည္။ တိုင္းျပည္တစ္ခု၏ကံၾကမၼာကို လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက ေ႐ြးခ်ယ္ေပးလိုက္သည့္သူမ်ားအေပၚ တြင္ (ဝ)ကြက္အပ္ႏွင္းလိုက္ျခင္းလည္းျဖစ္သည္။ ဤအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ေ႐ြးခ်ယ္မႈမွန္ကန္ရန္အေရးႀကီးသည္။
တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္မ်ား သည္ မိမိတို႔သက္ဆိုင္ရာေဒသမ်ား၏ဝန္ႀကီးခ်ဳပ္ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းကို ႀကီးၾကပ္ေဆာင္႐ြက္ရ မည္ျဖစ္သည္။ တည္ဆဲ (၂၀ဝ၈)အေျခခံဥပေဒပုဒ္မ (၂၆၁)အရ ႏိုင္ငံေတာ္သမၼတက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွ သင့္ ေတာ္သူတစ္ဦးကိုေ႐ြးခ်ယ္ၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္တာဝန္ေပးရန္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ ေတာ္မ်ားသို႔ အမည္စာရင္းတင္သြင္းကာ သက္ဆိုင္ ရာလႊတ္ေတာ္မ်ား၏သေဘာတူညီခ်က္ျဖင့္ ခန႔္အပ္ တာဝန္ေပးရမည္လည္းျဖစ္သည္။ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ ျပည္နယ္ဝန္ႀကီးမ်ားကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွျဖစ္ေစ၊ ျပင္ပပုဂၢိဳလ္ မ်ားမွျဖစ္ေစေ႐ြးခ်ယ္ကာ တိုင္းေဒသႀကီး၊ ျပည္နယ္ လႊတ္ေတာ္သို႔ အမည္စာရင္းတင္သြင္းခြင့္ ခြင့္ျပဳခ်က္ ရယူၿပီး ခန႔္အပ္တာဝန္ေပးအပ္ရမည္ျဖစ္သည္။ တိုင္း ေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္သည္လည္းေကာင္း၊ တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားသည္လည္း ေကာင္း၊ တိုင္းေဒသႀကီးျပည္နယ္၏ဥပေဒျပဳေရး၊ စီမံခန႔္ခြဲေရးတာဝန္မ်ားကိုထမ္းေဆာင္ၾကရမည့္သူမ်ား ျဖစ္ၾကရာ လူမွန္၊ ေနရာမွန္မ်ားကို ေ႐ြးခ်ယ္တာဝန္ေပး ႏိုင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားတြင္ တာဝန္ ရွိေပသည္။
ႏိုင္ငံေရးပါတီမ်ား၏တာဝန္
(၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္က်င္း ပမည့္ စတုတၳအႀကိမ္ေ႐ြးေကာက္ပြဲသည္ ယခင္ ေ႐ြး ေကာက္ပြဲမ်ားႏွင့္မတူ ကြဲျပားျခားနားခ်က္မ်ားရွိသည္။ လက္ရွိအခင္းအက်င္းအရ တစ္ျပည္လုံးအတိုင္းအ တာျဖင့္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီ ႀကီး (၆)ခုသာရွိသည္။ က်န္ပါတီမ်ားမွာ ျပည္နယ္တစ္ ခုခ်င္းစီေသာ္လည္းေကာင္း၊ တိုင္းေဒသႀကီးတစ္ခု ခ်င္းစီတြင္လည္းေကာင္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ ျဖစ္သည္။ တစ္ျပည္လုံးအတိုင္းအတာျဖင့္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ပါတီမ်ားသည္ ျပည္ေထာင္စုအစိုးရဖြဲ႕ စည္းႏိုင္ေရးအတြက္ ရည္မွန္းခ်က္ ျဖင့္လုပ္ေဆာင္ေန ၾကျခင္းျဖစ္သည္။ ထို႔အတူ တိုင္းေဒသႀကီး၊ ျပည္နယ္ တစ္ခုခ်င္းစီတြင္လည္းေကာင္း ပါဝင္ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီမ်ားသည္ သက္ဆိုင္ရာေဒသမ်ား၏ လႊတ္ေတာ္ႏွင့္အစိုးရအဖြဲ႕မ်ားကို ဖြဲ႕စည္းႏိုင္ေရးအ တြက္ ရည္မွန္းလုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။ သို႔ျဖစ္ရာ ျဖစ္ေပၚလာမည့္ႏိုင္ငံေရးအခင္းက်င္းတြင္ အစိုးရအဖြဲ႕အျဖစ္ဦးေဆာင္မည့္သူမ်ားကို လူမွန္ေန ရာမွန္ျဖစ္ေစေရးအတြက္ ေ႐ြးခ်ယ္ေပးၾကရန္လိုသလို ႀကိဳတင္ျပင္ဆင္မႈမ်ားကိုလည္း လုပ္ေဆာင္ထားၾကရန္လိုအပ္မည္ျဖစ္သည္။
ႏိုင္ငံေရးသမားမ်ား ႏိုင္ငံေရးလုပ္သည္ဆိုျခင္း မွာ ႏိုင္ငံ့အေရးအတြက္ေဆာင္႐ြက္ရန္ျဖစ္သည္ဟု ေယဘုယ်နားလည္သေဘာေပါက္ရသည္။ ႏိုင္ငံေရး ပါတီမ်ားသည္ ႏိုင္ငံ့အေရးအတြက္ စိတ္တူကိုယ္တူ သေဘာထားတိုက္ဆိုင္သူမ်ားႏွင့္ စုေပါင္းဖြဲ႕စည္းထား ျခင္းပင္ျဖစ္သည္။ မဲဆႏၵရွင္ျပည္သူမ်ားသည္ မိမိတို႔ ၏အေရးအတြက္၊ ႏိုင္ငံ့အေရးအတြက္ မိမိတို႔ကိုယ္ စားေဆာင္႐ြက္ေပးႏိုင္မည့္သူမ်ားကို ေ႐ြးခ်ယ္ေပး လိုက္ျခင္းျဖစ္ရာ၊ ေ႐ြးခ်ယ္ျခင္းခံရေသာ ႏိုင္ငံေရးသ မားမ်ား၊ ႏိုင္ငံေရးပါတီမ်ားသည္ အမွန္တကယ္ ျပည္ သူကိုကိုယ္စားျပဳသူမ်ားျဖစ္ၾကရန္လိုသည္။ ႏိုင္ငံေရး ပါတီအသီးသီးသည္ တိုင္းျပည္တည္ေဆာက္ေရးအ တြက္ မိမိတို႔ပါတီမ်ား၏မူဝါဒသေဘာထား၊ ရည္ မွန္းခ်က္မ်ားကို ထုတ္ေဖာ္ေၾကညာထားၾကၿပီျဖစ္ သည္။ မိမိတို႔တာဝန္ယူရေသာအခါ မိမိတို႔ခ်မွတ္ခဲ့ သည့္ မူဝါဒ၊ သေဘာတရားမ်ားကို အေကာင္အထည္ ေဖာ္လုပ္ေဆာင္ႏိုင္မည့္သူမ်ားအား ႀကိဳတင္ေ႐ြးခ်ယ္ ထားၾကရန္လိုမည္ျဖစ္သည္။ သို႔မွသာ အစိုးရအဖြဲ႕ ဖြဲ႕စည္းၿပီးသည္ႏွင့္ လုပ္ငန္းမ်ားကို ခ်က္ခ်င္း စတင္ ေဆာင္႐ြက္ျခင္းျဖင့္ တိုင္းျပည္ႏွင့္ႏိုင္ငံ၏အက်ိဳးစီး ပြားကို ရည္မွန္းခ်က္အတိုင္း အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားႏိုင္ၾကမည္ျဖစ္သည္။
ႏိုင္ငံေရးသင္ခန္းစာ
ကြၽႏု္ပ္တို႔သည္ (၂၀ဝ၈)ခုႏွစ္ အေျခခံဥပေဒျဖင့္ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့သည့္ဒီမိုကေရစီအစိုးရႏွစ္ ဆက္ကို ႀကဳံေတြ႕ခဲ့ၾကရၿပီးျဖစ္သည္။ အဆိုပါ အစိုးရ ႏွစ္ဆက္အနက္ NLD ပါတီအစိုးရလက္ထက္ အစိုး ရအဖြဲ႕ကိုဖြဲ႕စည္းရာတြင္ ႀကိဳတင္ျပင္မႈမရွိခဲ့ေၾကာင္း ေတြ႕ရသည္။ တိုင္းျပည္ကိုစီမံအုပ္ခ်ဳပ္မည့္ ႏိုင္ငံ ေတာ္သမၼတကိုပင္ ႏွစ္ဦးအထိ ျပဳျပင္ေျပာင္းလဲခန႔္ အပ္ခဲ့ရသည္အထိျဖစ္ခဲ့သည္။ ဝန္ႀကီးမ်ားခန႔္အပ္ရာ တြင္လည္း ေကာင္းစြာလ်ာထားျခင္းမရွိခဲ့သျဖင့္ အစိုး ရအဖြဲ႕ဝင္ဝန္ႀကီးမ်ားကိုခန႔္အပ္ရာတြင္လည္း အဆင္ ေျပေခ်ာေမြ႕ျခင္းမရွိခဲ့။ ႏိုင္ငံေတာ္အတိုင္ပင္ခံအျဖစ္ တာဝန္ယူခဲ့ေသာပုဂၢိဳလ္တစ္ဦးတည္းကပင္ ဝန္ႀကီး ေနရာ(၄)ေနရာအထိ တာဝန္ယူခဲ့သည္ကိုေတြ႕ရ သည္။ ေနာက္မွသာ လႊဲေျပာင္းတာဝန္ေပးအပ္ခဲ့ျခင္း မ်ားရွိခဲ့သည္။ ဘြဲ႕အတုမ်ားျဖင့္ ဝန္ႀကီးေနရာရယူခဲ့သူ မ်ားအထိရွိခဲ့ေၾကာင္း သိရွိခဲ့ရသည္။ အမွန္ေျပာရ လွ်င္ NLD အစိုးရသည္ ေ႐ြးေကာက္ပြဲတြင္အႏိုင္ရခဲ့သည္ဆိုျငား၊ တိုင္းျပည္ကို တာဝန္ယူတည္ေဆာက္ မည့္ တာဝန္ရွိသူဝန္ႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ားကို ႀကိဳတင္စိစစ္ေ႐ြးခ်ယ္ခဲ့ျခင္းမရွိခဲ့သည္မွာထင္ရွား သည္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္သည္ပင္ မိမိကို အႀကံေပးမည့္ ေရွာင္တာနယ္လို ႏိုင္ငံျခားသား၏အကူအညီကိုရယူၿပီးလုပ္ေဆာင္ခဲ့သည္။ တရားဝင္ေဖာ္ျပႏိုင္ျခင္းမရွိေသာ္လည္း အေမရိကန္သူေဌးႀကီး ေဂ်ာ့စ္ဆိုးေရာ့စ္၏သားႏွင့္ ၿဗိတိသွ်သံ႐ုံးမွ ပုဂၢိဳလ္တစ္ ဦးတို႔၏အႀကံဉာဏ္မ်ားကိုရယူခဲ့ေၾကာင္းသိရသည္။ ထို႔အတူ မိမိခန႔္အပ္တာဝန္ေပးထားေသာဝန္ႀကီး မ်ား၊ ဒုတိယဝန္ႀကီး၏လုပ္ေဆာင္မႈမ်ားကို အားမရသ ျဖင့္ ႏိုင္ငံျခားသား(၉၀)ေက်ာ္ကို ေခၚယူခန႔္အပ္တာ ဝန္ေပးကာ တိုင္းျပည္ကိုအုပ္ခ်ဳပ္သြားခဲ့သည္။ ေရွာင္ တာနယ္၏အႀကံေပးခ်က္ျဖင့္ ယခင္အစိုးရေဆာင္ ႐ြက္ခဲ့သည့္စီမံကိန္းလုပ္ငန္းမ်ား တစ္ပိုင္းတစ္စျဖင့္ ရပ္ဆိုင္းခံခဲ့ရသည္။ တခ်ိဳ႕လုပ္ငန္းမ်ား အေကာင္အ ထည္မေဖာ္ႏိုင္ျဖစ္ခဲ့ရသည္။ ေက်ာက္ျဖဴေရနက္ဆိပ္ ကမ္းစီမံကိန္းႏွင့္ စီးပြားေရးဇုန္စီမံကိန္းမွာလည္း မူလက ေက်ာက္ျဖဴ၊ ရမ္းၿဗဲႏွင့္ မာန္ေအာင္ၿမိဳ႕နယ္ မ်ားအထိ လႊမ္းၿခဳံေဆာင္႐ြက္ထားခဲ့ေသာ္လည္းစီမံ ကိန္းမ်ားကိုက်ဳံ႕လိုက္သည္ကိုေတြ႕ရသည္။ အမွန္ ေျပာရလွ်င္ NLD အစိုးရလက္ထက္ (၅)ႏွစ္တာကာ လတြင္ ျမန္မာျပည္သူမ်ားသည္ ေခတ္သစ္ကိုလိုနီ ကြၽန္ ျဖစ္မွန္းမသိျဖစ္ခဲ့ရသည္။
ယေန႔လက္ရွိႏိုင္ငံေရးပါတီမ်ား သင္ခန္းစာရယူ သင့္ပါ၏။
ႀကိဳတင္ျပင္ဆင္
ႏိုင္ငံတစ္ခုလုံးကိုလႊမ္းၿခဳံႏိုင္ေသာအစိုးရ ဖြဲ႕ စည္းေရးအတြက္ ရည္မွန္းထားေသာႏိုင္ငံေရးပါတီ မ်ားသည္လည္းေကာင္း၊ တိုင္းေဒသႀကီး၊ ျပည္နယ္ တစ္ခုခုတြင္ေ႐ြးခ်ယ္ခံၿပီး ေဒသ၏အက်ိဳးစီးပြားကို ေဆာင္႐ြက္ရန္ရည္မွန္းထားသည့္ ႏိုင္ငံေရးပါတီမ်ား သည္လည္း ေ႐ြးေကာက္တင္ေျမႇာက္ၿပီးေနာက္ အစိုး ရဖြဲ႕စည္းခြင့္ရခဲ့လွ်င္ ထိုက္တန္ေသာအစိုးရဖြဲ႕စည္း ႏိုင္ေရးအတြက္ လူေ႐ြးခ်ယ္ျခင္းမ်ားကို ေ႐ြးေကာက္ ပြဲအႀကိဳကာလျဖစ္သည့္ ယခုအခ်ိန္မွစတင္ကာ လုပ္ ေဆာင္ထားသင့္ၾကၿပီျဖစ္သည္။ အစိုးရမဖြဲ႕ႏိုင္သည့္ တိုင္ အတိုက္အခံေကာင္းမ်ားအျဖစ္ အစိုးရ၏လုပ္ ရပ္အေပၚ ျပဳျပင္ထိန္းေက်ာင္းေပးႏိုင္သည့္၊ အႀကံ Óဏ္ေကာင္းေပးႏိုင္မည့္သူမ်ားကိုလည္း ေ႐ြးခ်ယ္ ထားၾကရန္လိုအပ္သည္။ မိမိအႏိုင္ရျခင္း၊ မရျခင္း၊ မိမိတို႔ပါတီ အႏိုင္ရျခင္း၊ မရျခင္းမွာ ျပည္သူမ်ား၏ သေဘာဆႏၵႏွင့္အညီသာျဖစ္ေသာ္လည္း၊ အကယ္၍ အႏိုင္ရခဲ့ေသာ္ဆိုသည့္စိတ္ဓာတ္ျဖင့္ ေကာင္းမြန္ ေသာ၊ အရည္အခ်င္းျပည့္ဝေသာ အစိုးရတစ္ရပ္အျဖစ္ ႏိုင္ငံေတာ္ႏွင့္ျပည္သူအား အလုပ္အေကြၽးျပဳႏိုင္မည့္ သူမ်ားကိုေ႐ြးခ်ယ္ထားၾကရန္လိုေၾကာင္း အႀကံျပဳ တင္ျပလိုက္ရေပသည္။

Related news

© 2021. All rights reserved.