ရုရှားက ယူကရိန်းကို စံချိန်တင် ဒရုန်းအစင်းရေ(၄၇၉)စင်းနဲ့ ပစ်ခတ်တိုက်ခိုက်

745

Pika (NP News) - ဇွန် ၁ဝ
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းကို စံချိန်တင်ဒရုန်းအစင်းရေ(၄၇၉)စင်းနဲ့ ညတွင်းချင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းဒေသအများအပြားမှာ ထိခိုက်ပျက်စီး မှုတွေရှိခဲ့ပေမယ့်လည်း လူသေဆုံးမှု ဒါမှမဟုတ် အစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။ ယူကရိန်းလေတပ် က “ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကို နေရာ(၁၀)ခုမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ Rivne မြို့ မြို့တော်ဝန် Oleksandr Tretyak က ပြောကြားခဲ့ပါတယ်။ ရုရှားအစိုးရဟာ ယူကရိန်းအပေါ် ၎င်းရဲ့တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းအစင်းရေ(၄၇၉)စင်းအနက် (၄၆၀)စင်းကို ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့လည်း ယူကရိန်းလေတပ်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ပြီးတော့ ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အစင်းရေ(၂၀)စင်းအနက် (၁၉)စင်းကို လည်း အောင်မြင်စွာကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
႐ုရွားက ယူကရိန္းကို စံခ်ိန္တင္ ဒ႐ုန္းအစင္းေရ(၄၇၉)စင္းနဲ႔ ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ဇြန္ ၁ဝ
႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းကို စံခ်ိန္တင္ဒ႐ုန္းအစင္းေရ(၄၇၉)စင္းနဲ႔ ညတြင္းခ်င္း ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္းေလတပ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေၾကာင့္ ယူကရိန္းေဒသအမ်ားအျပားမွာ ထိခိုက္ပ်က္စီး မႈေတြရွိခဲ့ေပမယ့္လည္း လူေသဆုံးမႈ ဒါမွမဟုတ္ အစုလိုက္အၿပဳံလိုက္ေသဆုံးမႈနဲ႔ပတ္သက္တဲ့ အစီရင္ခံစာေတြ ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ ယူကရိန္းေလတပ္ က “႐ုရွားတပ္ဖြဲ႕ေတြရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈကို ေနရာ(၁၀)ခုမွာ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္း အႀကီးမားဆုံးတိုက္ခိုက္မႈတစ္ခုျဖစ္တယ္လို႔ Rivne ၿမိဳ႕ ၿမိဳ႕ေတာ္ဝန္ Oleksandr Tretyak က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားအစိုးရဟာ ယူကရိန္းအေပၚ ၎ရဲ႕တိုက္ခိုက္မႈေတြကို ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ ဒ႐ုန္းအစင္းေရ(၄၇၉)စင္းအနက္ (၄၆၀)စင္းကို ယူကရိန္းရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြက ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔လည္း ယူကရိန္းေလတပ္က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ႐ုရွားဘက္က ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္အစင္းေရ(၂၀)စင္းအနက္ (၁၉)စင္းကို လည္း ေအာင္ျမင္စြာၾကားျဖတ္ဟန႔္တားႏိုင္ခဲ့တယ္လို႔ ယူကရိန္းေလတပ္က ေျပာၾကားခဲ့ပါတယ္။