ပုလဲမြို့နယ်တွင် တပ်မတော်တိုက်လေယာဉ်တစ်စင်း စက်ချို့ယွင်းကာ ပျက်ကျ

 2130

သန့်ဇင်(NP News)-ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် တပ်မတော်တိုက်လေယာဉ်တစ်စင်း စက်ချို့ယွင်းကာပျက်ကျခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုက်လေယာဉ်ပျက်ကျမှုသည် ယနေ့(ဇွန်လ ၁၀ရက်)၊ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်အချိန်ခန့်က ပုလဲမြို့နယ်၊ မင်းတိုင်ပင် ကျေးရွာ ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် အထက်ပါကျေးရွာအနီးအရောက် တွင် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းပျက်ကျခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ PDF များ ဘက်က ၎င်းတို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားနေကြရာ PDFခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်စွမ်း(ဓားမဆိုင်း)ဆိုသူက ၎င်း၏ လူမှုကွန်ယက် ဖေ့ဘွတ်စ်စာမျက်နှာ ထက်တွင်”အမှန်တရားကိုတန်ဖိုးထားပါ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ဂျက်ဖိုက်တာပျက်ကျတာသေချာတယ်။ ဘယ်အဖွဲ့ကမှ မပစ်ပါဘူးဗျ။”ဟု ထည့်သွင်း ၊ ဖော်ပြရေးသားထားသည်ကိုတွေ့ရသည်။
လက်ရှိတွင် ယင်းလေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လေယာဉ်စက်ချို့ယွင်းမှုအကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပုလဲၿမိဳ႕နယ္တြင္ တပ္မေတာ္တိုက္ေလယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္းကာ ပ်က္က်
သန႔္ဇင္(NP News)-ဇြန္ ၁၀
စစ္ကိုင္းတိုင္းေဒသႀကီး၊ ပုလဲၿမိဳ႕နယ္တြင္ တပ္မေတာ္တိုက္ေလယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္းကာပ်က္က်ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
တိုက္ေလယာဥ္ပ်က္က်မႈသည္ ယေန႔(ဇြန္လ ၁၀ရက္)၊ မြန္းလြဲ ၁၂နာရီ ၁၅မိနစ္အခ်ိန္ခန႔္က ပုလဲၿမိဳ႕နယ္၊ မင္းတိုင္ပင္ ေက်း႐ြာ ၏ အေရွ႕ဘက္ မီတာ ၂၀၀၀ ခန႔္အကြာ စပါးေစ့ေက်း႐ြာအနီးတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္(ေလ)မွ တိုက္ခိုက္ေရးေလယာဥ္တစ္စီး ေလ့က်င့္ပ်ံသန္းေရး ေဆာင္႐ြက္စဥ္ အထက္ပါေက်း႐ြာအနီးအေရာက္ တြင္ ႐ုတ္တရက္စက္ခ်ိဳ႕ယြင္းမႈျဖစ္ေပၚခဲ့ကာ ေျမျပင္ေပၚသို႔ ပ်က္က်ခဲ့ၿပီး မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းပ်က္က်ခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ PDF မ်ား ဘက္က ၎တို႔ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ျဖစ္ေၾကာင္း ေျပာၾကားေနၾကရာ PDFေခါင္းေဆာင္တစ္ဦးျဖစ္သူ ဗိုလ္စြမ္း(ဓားမဆိုင္း)ဆိုသူက ၎၏ လူမႈကြန္ယက္ ေဖ့ဘြတ္စ္စာမ်က္ႏွာ ထက္တြင္”အမွန္တရားကိုတန္ဖိုးထားပါ။ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ပုလဲၿမိဳ႕နယ္ ဂ်က္ဖိုက္တာပ်က္က်တာေသခ်ာတယ္။ ဘယ္အဖြဲ႕ကမွ မပစ္ပါဘူးဗ်။”ဟု ထည့္သြင္း ၊ ေဖာ္ျပေရးသားထားသည္ကိုေတြ႕ရသည္။
လက္ရွိတြင္ ယင္းေလယာဥ္ပ်က္က်ခဲ့သည့္ ေနရာတစ္ဝိုက္သို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္၍ လိုအပ္သည့္ လုံၿခဳံေရး လုပ္ငန္း မ်ား ေဆာင္႐ြက္လ်က္ရွိၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေလယာဥ္စက္ခ်ိဳ႕ယြင္းမႈအေၾကာင္းအရင္းအား စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.