ရုရှားနဲ့ယူကရိန်းကြား ဒုတိယအကြိမ်မြောက် စစ်သုံ့ပန်းလဲလှယ်မှုကိုပြုလုပ်

 160

Pika (NP News) - ဇွန် ၁၂

နှစ်ဘက်စလုံးက စစ်သုံ့ပန်း(၁၀၀၀)ကျော်ကို ပြန်လွှတ်ပေးဖို့ သဘောတူညီချက်နဲ့ပတ်သက်ပြီး ဒုတိယအဆင့် အနေနဲ့ ဖမ်းဆီးခံထားရတဲ့ စစ်သားတွေ အပြန်အလှန်လဲလှယ်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ရုရှားနဲ့ယူကရိန်းတို့က ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်မှုအတွင်း ရုရှားတို့ဖမ်းဆီးထားခဲ့တဲ့ ထိခိုက်ဒဏ်ရာ ရရှိနေတဲ့ယူကရိန်းစစ်သားတွေကို နေအိမ်ကိုပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီး က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီလဲလှယ်မှုအတွင်း စစ်သားအရေအတွက် ဘယ်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့အချက် ကိုတော့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီလဲလှယ်မှုဟာ နှစ်ဖက်စလုံးက ကြီးမားတဲ့အကျဉ်းသားလဲလှယ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပေါင်းများစွာအကြာမှာ ထပ်မံလုပ်ဆောင်ခဲ့တဲ့ လဲလှယ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ အစ္စတန်ဘူလ်မြို့မှာ လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အသက်(၂၅)နှစ်အောက်စစ်သားတွေအားလုံးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်သားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်က ရရှိခဲ့တဲ့ သဘောတူညီချက်အရ ဒုတိယအကြိမ်မြောက် စစ်သုံ့ပန်းလဲလှယ်မှုကို ကျွန်တော်တို့ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား ဒုတိယအႀကိမ္ေျမာက္ စစ္သုံ႔ပန္းလဲလွယ္မႈကိုျပဳလုပ္
Pika (NP News) - ဇြန္ ၁၂

ႏွစ္ဘက္စလုံးက စစ္သုံ႔ပန္း(၁၀၀၀)ေက်ာ္ကို ျပန္လႊတ္ေပးဖို႔ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ဒုတိယအဆင့္ အေနနဲ႔ ဖမ္းဆီးခံထားရတဲ့ စစ္သားေတြ အျပန္အလွန္လဲလွယ္မႈကို လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားနဲ႔ယူကရိန္းတို႔က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ စစ္သုံ႔ပန္းအျပန္အလွန္လဲလွယ္မႈအတြင္း ႐ုရွားတို႔ဖမ္းဆီးထားခဲ့တဲ့ ထိခိုက္ဒဏ္ရာ ရရွိေနတဲ့ယူကရိန္းစစ္သားေတြကို ေနအိမ္ကိုျပန္လည္ေခၚေဆာင္လာႏိုင္ခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီး က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီလဲလွယ္မႈအတြင္း စစ္သားအေရအတြက္ ဘယ္ႏွစ္ဦးကို ျပန္လႊတ္ေပးခဲ့တယ္ဆိုတဲ့အခ်က္ ကိုေတာ့ ႏွစ္ဖက္စလုံးက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ အဲဒီလဲလွယ္မႈဟာ ႏွစ္ဖက္စလုံးက ႀကီးမားတဲ့အက်ဥ္းသားလဲလွယ္မႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ရက္ေပါင္းမ်ားစြာအၾကာမွာ ထပ္မံလုပ္ေဆာင္ခဲ့တဲ့ လဲလွယ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အစၥတန္ဘူလ္ၿမိဳ႕မွာ လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲအတြင္း အသက္(၂၅)ႏွစ္ေအာက္စစ္သားေတြအားလုံးနဲ႔ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့စစ္သားေတြအားလုံးကို ျပန္လႊတ္ေပးဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ၿပီးခဲ့တဲ့ ဇြန္လ(၂)ရက္က ရရွိခဲ့တဲ့ သေဘာတူညီခ်က္အရ ဒုတိယအႀကိမ္ေျမာက္ စစ္သုံ႔ပန္းလဲလွယ္မႈကို ကြၽန္ေတာ္တို႔ ထပ္မံလုပ္ေဆာင္ခဲ့ပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.