တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုရရှိခဲ့ပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ပြော

266

Pika (NP News) - ဇွန် ၁၃
အမေရိကန်နှင့်တရုတ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်တစ်ခုရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါသဘောတူညီချက်အရ အမေရိကန်၏ကောလိပ်များနှင့် တက္ကသိုလ်များတွင် တရုတ်ကျောင်းသားများကို တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံက အမေရိကန်ကို သံလိုက်နှင့် ရှားပါးသောတွင်းထွက်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ဘက်က အကောက်ခွန်က (၅၅)ရာခိုင်နှုန်းဖြစ်ပြီး တရုတ်နိုင်ငံဘက်က အကောက်ခွန်က (၁၀)ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံကြားဆက်ဆံရေးက အရမ်းကို ကောင်းမွန်ပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါသဘောတူညီချက်အရ အမေရိကန်သည် တရုတ်နိုင်ငံကတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်(၅၅)ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦး က ပြောကြားခဲ့ သည်။ ၎င်းတွင် အခြေခံအပြန်အလှန်အကောက်ခွန်(၁၀)ရာခိုင်နှုန်း၊ fentanyl ကုန်ကူးမှုအတွက် အကောက်ခွန် (၂၀)ရာခိုင်နှုန်းနှင့် ရှိရင်းစွဲအကောက်ခွန်များကို ပေါ်လွင်စေမည့်အကောက်ခွန် (၂၅)ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း သိရသည်။
သို့သော်လည်း တရုတ်နိုင်ငံသည် အမေရိကန်၏သွင်းကုန်များအပေါ် အကောက်ခွန်(၁၀)ရာခိုင်နှုန်းသာ ကောက်ခံ သွားလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့သည်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို ရှေ့ဆက် သွားနိုင်ရန်အတွက် မူဘောင်တစ်ခုကို သဘောတူညီခဲ့ကြောင်း အမေရိကန်နှင့်တရုတ်တို့၏ ထိပ်တန်းအရာရှိများ က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အဆိုပါသဘောတူညီချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုရရွိခဲ့ၿပီျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၁၃
အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား ကုန္သြယ္ေရးဆိုင္ရာသေဘာတူညီခ်က္တစ္ခုရရွိခဲ့ၿပီျဖစ္ေၾကာင္း အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အဆိုပါသေဘာတူညီခ်က္အရ အေမရိကန္၏ေကာလိပ္မ်ားႏွင့္ တကၠသိုလ္မ်ားတြင္ တ႐ုတ္ေက်ာင္းသားမ်ားကို တက္ေရာက္ခြင့္ျပဳမည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံက အေမရိကန္ကို သံလိုက္ႏွင့္ ရွားပါးေသာတြင္းထြက္ပစၥည္းမ်ားကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ဘက္က အေကာက္ခြန္က (၅၅)ရာခိုင္ႏႈန္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံဘက္က အေကာက္ခြန္က (၁၀)ရာခိုင္ႏႈန္းပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးက အရမ္းကို ေကာင္းမြန္ပါတယ္” ဟု ေျပာခဲ့သည္။
အဆိုပါသေဘာတူညီခ်က္အရ အေမရိကန္သည္ တ႐ုတ္ႏိုင္ငံကတင္သြင္းသည့္ ကုန္ပစၥည္းမ်ားအေပၚ အေကာက္ခြန္(၅၅)ရာခိုင္ႏႈန္းေကာက္ခံသြားမည္ျဖစ္ေၾကာင္း အေမရိကန္အစိုးရအရာရွိတစ္ဦး က ေျပာၾကားခဲ့ သည္။ ၎တြင္ အေျခခံအျပန္အလွန္အေကာက္ခြန္(၁၀)ရာခိုင္ႏႈန္း၊ fentanyl ကုန္ကူးမႈအတြက္ အေကာက္ခြန္ (၂၀)ရာခိုင္ႏႈန္းႏွင့္ ရွိရင္းစြဲအေကာက္ခြန္မ်ားကို ေပၚလြင္ေစမည့္အေကာက္ခြန္ (၂၅)ရာခိုင္ႏႈန္းတို႔ ပါဝင္ေၾကာင္း သိရသည္။
သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံသည္ အေမရိကန္၏သြင္းကုန္မ်ားအေပၚ အေကာက္ခြန္(၁၀)ရာခိုင္ႏႈန္းသာ ေကာက္ခံ သြားလိမ့္မည္ျဖစ္ေၾကာင္း အေမရိကန္အရာရွိက ေျပာၾကားခဲ့သည္။ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးကို ေရွ႕ဆက္ သြားႏိုင္ရန္အတြက္ မူေဘာင္တစ္ခုကို သေဘာတူညီခဲ့ေၾကာင္း အေမရိကန္ႏွင့္တ႐ုတ္တို႔၏ ထိပ္တန္းအရာရွိမ်ား က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အဆိုပါသေဘာတူညီခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။