(၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြင့်ပွဲအခမ်းအနားကျင်းပ

 441

သန့်ဇင် (NP News) - ဇွန် ၁၃

(၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့(ဇွန်လ ၁၃ ရက်)၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ PARKROYAL Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စွယ်စုံမီဒီယာဂရု (ပ်) (SweSone Media Group) ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်သည့် (၁၅) ကြိမ်မြောက် သုတစွယ်စုံ စာပေဆုပေးပွဲကို အခမ်းအနားအစီအစဉ်(၈)ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေဆုပေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်စိုးသိန်းနှင့် အဆင့်မြင့်အရာရှိကြီးများအပါအဝင် စွယ်စုံမီဒီယာဂရု(ပ်)ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးတို့က တက်ရောက် ဆုချီးမြင့်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာခင်မောင်ညိုရရှိပြီး ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်၏ “ထင်ရှားထူးချွန်ဆရာဝန်”၊ အတ္ထုပ္ပတ္တိစာပေဘာသာရပ်အတွက် ဗိုလ်အေးမြင့်ကြူ၏ “ကျွန်တော့်ကို မမေ့ပါနဲ့”၊ ၂၀၁၉ ခုနှစ်အတွက် သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် သိန်းထွန်း (မြဝတီ) ၏ “တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ” က ရရှိခဲ့သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ) ၏ “ကျန်းမာခြင်းဆုလာဘ်”၊ ၂၀၂၁ ခုနှစ်အတွက် သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ “ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကို လေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)”၊ ၂၀၂၂ ခုနှစ်အတွက် ဘာသာပြန်စာပေဘာသာရပ်တွင် နေဇင်လတ်၏ “စီးပွားဖျက်သူလျှို၏ဖျောင့်ချက်”၊ စာပဒေသာဘာသာရပ်တွင် မောင်ခေတ်ထွန်း၏ “မောင်ခေတ်ထွန်း၏ စာ (စိန်ရတုလက်ရွေးစာပေါင်းစု)”နှင့် အတ္ထုပ္ပတ္တိစာပေဘာသာ ရပ်တွင် ဟိန်းလတ်၏ “မြန်မာ့စွမ်းအင်လူချွန်လူကောင်း”တို့က ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွက် စာပဒေသာဘာသာရပ်တွင် ဒေါက်ထွေး (ဆေး/မန်း) ၏ “နိပွန်ပြည်တွင်တင်္ဒဂ”၊ သုတ (ဝိဇ္ဇာ) ဘာသာရပ်တွင် ကျော်ညွန့်ရည်၏ “အန်ကောခေတ်ယဉ်ကျေးမှု”၊ အသုံးချသိပ္ပံဘာသာရပ်တွင် ပါမောက္ခ ဒေါက်တာမြသိန်းဟန်၏ “ခွဲစိတ်ဆရာဝန်တစ်ဦး၏ ဖြောင့်ချက်” တို့က ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဆုများတွင် တစ်သက်တာစာပေဆုအတွက် ဆုငွေငွေကျပ်သိန်း (၃၀)ချီးမြင့်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ထပ်တိုး (၇)သိန်းချီးမြင့်ကာ စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ဆုငွေ ကျပ် (၁၅) သိန်းစီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က (၅)သိန်းစီ ထပ်တိုးချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၀၄ ခုနှစ်အတွက် သုတစွယ်စုံစာပေဆုကို ၂၀ဝ၆ ခုနှစ်မှစတင်၍ စဉ်ဆက်မပြတ်ချီးမြှင့်ခဲ့ပြီး ယခုအကြိမ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက်ထုတ်ဝေခဲ့သည့် စာအုပ်များကို အခြေခံ၍ (၁၅) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
(၁၅)ႀကိမ္ေျမာက္ သုတစြယ္စုံစာေပဆု ဆုခ်ီးျမင့္ပြဲအခမ္းအနားက်င္းပ
သန႔္ဇင္ (NP News) - ဇြန္ ၁၃

(၁၅)ႀကိမ္ေျမာက္ သုတစြယ္စုံစာေပဆု ဆုခ်ီးျမင့္ပြဲအခမ္းအနားကို ယေန႔(ဇြန္လ ၁၃ ရက္)၊ မြန္းလြဲ ၂ နာရီက ရန္ကုန္ၿမိဳ႕ရွိ PARKROYAL Hotel တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
စြယ္စုံမီဒီယာဂ႐ု (ပ္) (SweSone Media Group) ၏ သုတစြယ္စုံစာအုပ္တိုက္က ခ်ီးျမႇင့္သည့္ (၁၅) ႀကိမ္ေျမာက္ သုတစြယ္စုံ စာေပဆုေပးပြဲကို အခမ္းအနားအစီအစဥ္(၈)ရပ္ျဖင့္ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါ စာေပဆုေပးပြဲကို ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းႏွင့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္စိုးသိန္းႏွင့္ အဆင့္ျမင့္အရာရွိႀကီးမ်ားအပါအဝင္ စြယ္စုံမီဒီယာဂ႐ု(ပ္)ဥကၠ႒ ေဒါက္တာတင္ထြန္းဦးတို႔က တက္ေရာက္ ဆုခ်ီးျမင့္ခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္အတြက္ သုတစြယ္စုံတစ္သက္တာစာေပဆုကို ဆရာႀကီး ေဒါက္တာခင္ေမာင္ညိဳရရွိၿပီး ၂၀၁၈ ခုႏွစ္အတြက္ ရည္ၫႊန္းစာေပဘာသာရပ္တြင္ ႏိုင္ေဇာ္၏ “ထင္ရွားထူးခြၽန္ဆရာဝန္”၊ အတၳဳပၸတၱိစာေပဘာသာရပ္အတြက္ ဗိုလ္ေအးျမင့္ၾကဴ၏ “ကြၽန္ေတာ့္ကို မေမ့ပါနဲ႔”၊ ၂၀၁၉ ခုႏွစ္အတြက္ သုတ (ဝိဇၨာ) ဘာသာရပ္တြင္ သိန္းထြန္း (ျမဝတီ) ၏ “တိုင္းရင္းသားလူမ်ိဳးတို႔၏ ဓေလ့ထုံးစံမ်ား” က ရရွိခဲ့သည္။
ထို႔ျပင္ ၂၀၂၀ ျပည့္ႏွစ္အတြက္ အသုံးခ်သိပၸံဘာသာရပ္တြင္ ေဒါက္တာသိန္းေဆြ (ျပည္သူ႔က်န္းမာ) ၏ “က်န္းမာျခင္းဆုလာဘ္”၊ ၂၀၂၁ ခုႏွစ္အတြက္ သုတ (ဝိဇၨာ) ဘာသာရပ္တြင္ ေက်ာ္ေက်ာ္လႈိင္၏ “ေရွးျမန္မာမင္းမ်ား၏ ေခါင္းေဆာင္မႈအရည္အေသြးကို ေလ့လာျခင္း (တတိယျမန္မာႏိုင္ငံေတာ္)”၊ ၂၀၂၂ ခုႏွစ္အတြက္ ဘာသာျပန္စာေပဘာသာရပ္တြင္ ေနဇင္လတ္၏ “စီးပြားဖ်က္သူလွ်ိဳ၏ေဖ်ာင့္ခ်က္”၊ စာပေဒသာဘာသာရပ္တြင္ ေမာင္ေခတ္ထြန္း၏ “ေမာင္ေခတ္ထြန္း၏ စာ (စိန္ရတုလက္ေ႐ြးစာေပါင္းစု)”ႏွင့္ အတၳဳပၸတၱိစာေပဘာသာ ရပ္တြင္ ဟိန္းလတ္၏ “ျမန္မာ့စြမ္းအင္လူခြၽန္လူေကာင္း”တို႔က ရရွိခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္အတြက္ စာပေဒသာဘာသာရပ္တြင္ ေဒါက္ေထြး (ေဆး/မန္း) ၏ “နိပြန္ျပည္တြင္တဒၤဂ”၊ သုတ (ဝိဇၨာ) ဘာသာရပ္တြင္ ေက်ာ္ၫြန႔္ရည္၏ “အန္ေကာေခတ္ယဥ္ေက်းမႈ”၊ အသုံးခ်သိပၸံဘာသာရပ္တြင္ ပါေမာကၡ ေဒါက္တာျမသိန္းဟန္၏ “ခြဲစိတ္ဆရာဝန္တစ္ဦး၏ ေျဖာင့္ခ်က္” တို႔က ရရွိခဲ့ေၾကာင္း သိရသည္။
အထက္ပါဆုမ်ားတြင္ တစ္သက္တာစာေပဆုအတြက္ ဆုေငြေငြက်ပ္သိန္း (၃၀)ခ်ီးျမင့္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕က ထပ္တိုး (၇)သိန္းခ်ီးျမင့္ကာ စာအုပ္ဆုမ်ားအတြက္ စာေရးဆရာတစ္ဦးလွ်င္ ဆုေငြ က်ပ္ (၁၅) သိန္းစီႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က (၅)သိန္းစီ ထပ္တိုးခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
၂၀၀၄ ခုႏွစ္အတြက္ သုတစြယ္စုံစာေပဆုကို ၂၀ဝ၆ ခုႏွစ္မွစတင္၍ စဥ္ဆက္မျပတ္ခ်ီးျမႇင့္ခဲ့ၿပီး ယခုအႀကိမ္တြင္ ၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ ႏွစ္အလိုက္ထုတ္ေဝခဲ့သည့္ စာအုပ္မ်ားကို အေျခခံ၍ (၁၅) ႀကိမ္ေျမာက္ ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.