KNLA နှင့် PDF များ လက်နက်ကြီးဖြင့်ပစ်သောကြောင့် ကျုံဒိုးတွင် ကလေးငယ်နှစ်ဦးအပါလူ ၆ ဦးသေဆုံး

 243

သက်ပိုင်(NP News) - ဇွန် ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို၊ ကော့ဘော်ကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း ပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် တာဝန်ရှိသူများက အဆိုပါထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံအားပေးမှုမရှိသည့် မြို့/ရွာ/ရပ်ကွက်များအတွင်းသို့ ယခုကဲ့သို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ မကြာခဏသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဆန့်ကျင်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ကြေညာထားသည်။
ထို့အတူ ဇွန်လ ၁၂ ရက်က မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှ ကျိုက်ထိုမြို့ဘက်သို့ ထွက်ခွာလာသည့် ယာဉ်မောင်း မျိုးမင်းခန့် မောင်းနှင်ပြီး ခရီးသွားပြည်သူအမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦးတို့ စီးနင်းလိုက်ပါလာသော WISH အမျိုးအစား မော်တော်ယာဉ်အား ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
KNLA ႏွင့္ PDF မ်ား လက္နက္ႀကီးျဖင့္ပစ္ေသာေၾကာင့္ က်ဳံဒိုးတြင္ ကေလးငယ္ႏွစ္ဦးအပါလူ ၆ ဦးေသဆုံး
သက္ပိုင္(NP News) - ဇြန္ ၁၄

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ က်ဳံဒိုးၿမိဳ၊ ေကာ့ေဘာ္ေက်း႐ြာအတြင္းသို႔ KNLA အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက လက္နက္ႀကီးျဖင့္ အေၾကာင္းမဲ့ လာေရာက္ပစ္ခတ္ခဲ့မႈေၾကာင့္ အသက္ ၄ ႏွစ္ ႏွင့္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ ၂ ဦး အပါအဝင္ ၆ ဦး ေသဆုံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ ၁၂ ရက္၊ ညေန ၅ နာရီခြဲခန႔္တြင္ KNLA အဖြဲ႕ႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက ေကာ့ေဘာ္ေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၂၇၀၀ ခန႔္အကြာမွ လက္နက္ႀကီးျဖင့္ အေၾကာင္းမဲ့ လာေရာက္ပစ္ခတ္ခဲ့ရာ ေက်း႐ြာအတြင္းသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္း ေပါက္ကြဲမႈေၾကာင့္ အသက္ ၄ ႏွစ္အ႐ြယ္ ကေလးငယ္ ၁ ဦး အပါအဝင္ အျပစ္မဲ့အရပ္သားျပည္သူ ၃ ဦးေသဆုံးၿပီး အသက္ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ ၁ ဦး အပါအဝင္ အျပစ္မဲ့ျပည္သူ ၃ ဦး လက္နက္ႀကီးစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားက အဆိုပါထိခိုက္ဒဏ္ရာရရွိသူ ၃ ဦးအား ဘားအံၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ရရွိခဲ့ေသာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အၾကမ္းဖက္သမားမ်ားအေနျဖင့္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားအား ေထာက္ခံအားေပးမႈမရွိသည့္ ၿမိဳ႕/႐ြာ/ရပ္ကြက္မ်ားအတြင္းသို႔ ယခုကဲ့သို႔ အေၾကာင္းမဲ့ ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား မၾကာခဏေသဆုံးမႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး ျပည္သူမ်ားအေနျဖင့္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ ဆန႔္က်င္ရႈတ္ခ်လ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားကို ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ေၾကညာထားသည္။
ထို႔အတူ ဇြန္လ ၁၂ ရက္က မြန္ျပည္နယ္၊ သိမ္ဇရပ္ၿမိဳ႕မွ က်ိဳက္ထိုၿမိဳ႕ဘက္သို႔ ထြက္ခြာလာသည့္ ယာဥ္ေမာင္း မ်ိဳးမင္းခန႔္ ေမာင္းႏွင္ၿပီး ခရီးသြားျပည္သူအမ်ိဳးသား ၁ ဦး ႏွင့္ အမ်ိဳးသမီး ၂ ဦးတို႔ စီးနင္းလိုက္ပါလာေသာ WISH အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ဘိုကၠားေက်း႐ြာအနီး ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္း၌ KNU အဖြဲ႕မွ အၾကမ္းဖက္မႈကိုလိုလားသူမ်ားႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ မိုင္းေပါက္ကြဲမႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အျပစ္မဲ့ျပည္သူ ၄ ဦး မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.