ဖားကန့်၊လုံးခင်းဒေသတွင် နှစ်ရက်အတွင်း အမျိုးသား ခုနစ်ဦးအသတ်ခံခဲ့ရ

 355

သက်ပိုင်(NP News) - ဇွန် ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းဒေသ အတွင်းတွင် နှစ်ရက်အတွင်း အမျိုးသား (၇) ဦးအထိ အသတ်ခံခဲ့ရကြောင်း ဒေသခံများက NP News သို့ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်၊ နံနက်ပိုင်းက လုံးခင်းဒေသ၊ မှော်စီစာကျေးရွာတွင် (၃) ဦး၊ ဇွန်လ (၁၂) ရက် ညပိုင်း၌ လုံခင်းဒေသရှိ တောင်ယာကုန်းတွင် (၃) ဦးနှင့် ဇွန်လ (၁၃) ရက် ညပိုင်းတွင် လုံးခင်းသုသာန်အနီး၌ (၁) ဦး စုစုပေါင်း (၇) ဦးအထိ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
“တစ်ခုမှ လက်သည်မပေါ်ဘူး။ အားလုံးကတော့ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းစေချင်နေကြပြီ။ ပြည်သူတွေနား မြို့တွေ ရွာတွေနား တိုက်ပွဲ မဖော်သင့်ဘူးလို့ ထင်တယ် ။ KIA က ပြည်သူတွေကို ကာဗာ ယူပြီးပစ်နေတာ မကြိုက်ကြတော့ဘူး။ ကာမိုင်း နဲ့ လုံးခင်းကြားက လမ်းမှာ (၁ဝ) မိုင်ကျော် ဝေးတယ်။ အဲဒီလမ်းမှာ မတိုက်ဘဲနဲ့ အခုမှာ ရွာတွေနားကနေ လိုက်ပစ်နေတော့ မကြိုက်ကြတော့ဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် လုံးခင်းဒေသ၌ တိုက်ပွဲငယ်အချို့ဖြစ်ပွားနေသည့်အတွက် သေဆုံးသူများ၏ အမည်နှင့် အသက်ကိုမူ သီးခြားအတည်ပြုရန် အခက်အခဲရှိကြောင်းနှင့် သေဆုံးသူများမှာ အရပ်ဝတ်များ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်များ ဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် KIA အနေဖြင့် လုံးခင်းဒေသတွင် ဇွန်လ တစ်ရက်နေ့မှစတင်၍ ည (၉) နာရီမှ နံနက် (၅) နာရီအချိန်အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိသူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုထားကြသည်။
ဖားကန့်ဒေသအတွင်း လုံခြုံရေးယူနေသော တပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုအချို့ရှိနေပြီး လက်နက်ကြီးကျည်ကျရောက်မှုကြောင့် လုံးခင်းအုပ်စုအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အချို့တွင် မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကာ ဒေသခံများ၏ နေအိမ်အချို့တွင်လည်း လက်နက်ကြီးကျည် ကျရောက်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
ဖားကန႔္၊လုံးခင္းေဒသတြင္ ႏွစ္ရက္အတြင္း အမ်ိဳးသား ခုနစ္ဦးအသတ္ခံခဲ့ရ
သက္ပိုင္(NP News) - ဇြန္ ၁၄
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ လုံးခင္းေဒသ အတြင္းတြင္ ႏွစ္ရက္အတြင္း အမ်ိဳးသား (၇) ဦးအထိ အသတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာၾကားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ (၁၂)ရက္၊ နံနက္ပိုင္းက လုံးခင္းေဒသ၊ ေမွာ္စီစာေက်း႐ြာတြင္ (၃) ဦး၊ ဇြန္လ (၁၂) ရက္ ညပိုင္း၌ လုံခင္းေဒသရွိ ေတာင္ယာကုန္းတြင္ (၃) ဦးႏွင့္ ဇြန္လ (၁၃) ရက္ ညပိုင္းတြင္ လုံးခင္းသုသာန္အနီး၌ (၁) ဦး စုစုေပါင္း (၇) ဦးအထိ အသတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ဆိုသည္။
“တစ္ခုမွ လက္သည္မေပၚဘူး။ အားလုံးကေတာ့ ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းေစခ်င္ေနၾကၿပီ။ ျပည္သူေတြနား ၿမိဳ႕ေတြ ႐ြာေတြနား တိုက္ပြဲ မေဖာ္သင့္ဘူးလို႔ ထင္တယ္ ။ KIA က ျပည္သူေတြကို ကာဗာ ယူၿပီးပစ္ေနတာ မႀကိဳက္ၾကေတာ့ဘူး။ ကာမိုင္း နဲ႔ လုံးခင္းၾကားက လမ္းမွာ (၁ဝ) မိုင္ေက်ာ္ ေဝးတယ္။ အဲဒီလမ္းမွာ မတိုက္ဘဲနဲ႔ အခုမွာ ႐ြာေတြနားကေန လိုက္ပစ္ေနေတာ့ မႀကိဳက္ၾကေတာ့ဘူး” ဟု ၎ကဆိုသည္။
လက္ရွိတြင္ လုံးခင္းေဒသ၌ တိုက္ပြဲငယ္အခ်ိဳ႕ျဖစ္ပြားေနသည့္အတြက္ ေသဆုံးသူမ်ား၏ အမည္ႏွင့္ အသက္ကိုမူ သီးျခားအတည္ျပဳရန္ အခက္အခဲရွိေၾကာင္းႏွင့္ ေသဆုံးသူမ်ားမွာ အရပ္ဝတ္မ်ား ဝတ္ဆင္ထားသည့္ လူလတ္ပိုင္းအ႐ြယ္မ်ား ျဖစ္ၾကေၾကာင္း ေဒသခံမ်ားက ဆိုသည္။
ထို႔အျပင္ KIA အေနျဖင့္ လုံးခင္းေဒသတြင္ ဇြန္လ တစ္ရက္ေန႔မွစတင္၍ ည (၉) နာရီမွ နံနက္ (၅) နာရီအခ်ိန္အထိ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားၿပီး လိုက္နာမႈမရွိသူမ်ားကို ဖမ္းဆီးသတ္ျဖတ္မႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားက ေျပာဆိုထားၾကသည္။
ဖားကန႔္ေဒသအတြင္း လုံၿခဳံေရးယူေနေသာ တပ္မေတာ္ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔အၾကား ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္မႈအခ်ိဳ႕ရွိေနၿပီး လက္နက္ႀကီးက်ည္က်ေရာက္မႈေၾကာင့္ လုံးခင္းအုပ္စုအတြင္းရွိ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္အခ်ိဳ႕တြင္ မီးေလာင္မႈမ်ားလည္း ျဖစ္ပြားခဲ့ကာ ေဒသခံမ်ား၏ ေနအိမ္အခ်ိဳ႕တြင္လည္း လက္နက္ႀကီးက်ည္ က်ေရာက္မႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.