MGMA က ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

342

ချယ်ရီ (NP News) - ဇွန် ၁၄
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ကျင့်သုံးမှုအစီအမံများဖြင့် စောင့်ကြည့်ရန်ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဇွန်လ ၁၃ ရက်)က မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (ဇွန်လ ၂ ရက်နေ့မှ ၁၃ ရက်)အထိ ကျင်းပပြုလုပ်ခဲ့သော (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ILO Constitution Article 33 ကျင့်သုံးမှုအစီအမံများဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ မြန်မာ့ CMP လုပ်ငန်းကဏ္ဍနှင့်ပတ်သက်သည့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ CMP (Cut, Make, and Pack) လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းများပါဝင်ပြီး စက်ရုံများတွင် ကုန်ကြမ်းပေး၊ ကုန်ချောယူ (CMP လက်ခစား) စနစ်ဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
CMP လုပ်ငန်းတွင် စက်ရုံဘက်မှရသော လက်ခစားတန်ဖိုးမှာ ကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ (၁၀%) ခန့်ဖြစ်ပြီး စက်ရုံများတွင် စုစုပေါင်း အလုပ်သမားဦးရေ (၇၀၀,၀၀၀) ဝန်းကျင်နှင့် ဆက်စပ်လုပ်ငန်းများတွင် အဆိုပါအလုပ်သမားဦးရေ၏ (၂) ဆဝန်းကျင် လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အပေါ် မှီခိုနေသူမိသားဝင်ဦးရေမှာ (၄) ဆဝန်းကျင်ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့ CMP လုပ်ငန်း အထည်ချုပ်ကဏ္ဍတွင် MGMA ၏ အသင်းဝင်စက်ရုံပေါင်း (၅၂၃) ရုံရှိသည့်အနက် (၆၀%) ခန့်မှာ ဥရောပသမဂ္ဂဈေးကွက်သို့ လည်းကောင်း၊ (၂၀%) ခန့်မှာ ဂျပန်ဈေးကွက်နှင့် ကျန် (၂၀%) ခန့်မှာ အခြားဈေးကွက်များသို့လည်းကောင်း တင်ပို့နေရာ လုပ်သားအင်အားအများအပြားဖြင့် လုပ်ကိုင်ရသော CMP ရှိ စက်ရုံ၊ အလုပ်ရုံများသည် MGMA မှ ဆောင်ရွက်လျက်ရှိ သော ကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရကြောင်း သိရသည်။
ထို့အပြင် ILO မှ ဆုံးဖြတ်သော Article 33 ၏ အကြံပြုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး တိုးတက်မှုကိုရှေးရှု၍ MGMA အနေဖြင့် ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Zawgyi Version:
MGMA က ILO အပါအဝင္ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရကိုယ္စားလွယ္မ်ားႏွင့္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္မည္
ခ်ယ္ရီ (NP News) - ဇြန္ ၁၄
အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ ILO က က်င့္သုံးမႈအစီအမံမ်ားျဖင့္ ေစာင့္ၾကည့္ရန္ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း (MGMA) သည္ ILO အပါအဝင္ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ ကိုယ္စားလွယ္မ်ားႏွင့္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ယမန္ေန႔ (ဇြန္လ ၁၃ ရက္)က ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းမွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ (ဇြန္လ ၂ ရက္ေန႔မွ ၁၃ ရက္)အထိ က်င္းပျပဳလုပ္ခဲ့ေသာ (၁၁၃) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားညီလာခံတြင္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ ILO က ျမန္မာႏိုင္ငံအေပၚ ILO Constitution Article 33 က်င့္သုံးမႈအစီအမံမ်ားျဖင့္ ေစာင့္ၾကည့္ရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း (MGMA)မွ ျမန္မာ့ CMP လုပ္ငန္းက႑ႏွင့္ပတ္သက္သည့္ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ျမန္မာ့ CMP (Cut, Make, and Pack) လုပ္ငန္းက႑တြင္ အထည္ခ်ဳပ္လုပ္ငန္း၊ အိတ္ခ်ဳပ္လုပ္ငန္း၊ ဖိနပ္လုပ္ငန္းႏွင့္ လွ်ပ္စစ္ပစၥည္း တပ္ဆင္ျခင္းလုပ္ငန္း စသည့္ လုပ္ငန္းမ်ားပါဝင္ၿပီး စက္႐ုံမ်ားတြင္ ကုန္ၾကမ္းေပး၊ ကုန္ေခ်ာယူ (CMP လက္ခစား) စနစ္ျဖင့္ လုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
CMP လုပ္ငန္းတြင္ စက္႐ုံဘက္မွရေသာ လက္ခစားတန္ဖိုးမွာ ကုန္သြယ္မႈတန္ဖိုး၏ ပ်မ္းမွ် (၁၀%) ခန႔္ျဖစ္ၿပီး စက္႐ုံမ်ားတြင္ စုစုေပါင္း အလုပ္သမားဦးေရ (၇၀၀,၀၀၀) ဝန္းက်င္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားတြင္ အဆိုပါအလုပ္သမားဦးေရ၏ (၂) ဆဝန္းက်င္ လုပ္ကိုင္လ်က္ရွိၿပီး ၎တို႔အေပၚ မွီခိုေနသူမိသားဝင္ဦးေရမွာ (၄) ဆဝန္းက်င္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ျမန္မာ့ CMP လုပ္ငန္း အထည္ခ်ဳပ္က႑တြင္ MGMA ၏ အသင္းဝင္စက္႐ုံေပါင္း (၅၂၃) ႐ုံရွိသည့္အနက္ (၆၀%) ခန႔္မွာ ဥေရာပသမဂၢေဈးကြက္သို႔ လည္းေကာင္း၊ (၂၀%) ခန႔္မွာ ဂ်ပန္ေဈးကြက္ႏွင့္ က်န္ (၂၀%) ခန႔္မွာ အျခားေဈးကြက္မ်ားသို႔လည္းေကာင္း တင္ပို႔ေနရာ လုပ္သားအင္အားအမ်ားအျပားျဖင့္ လုပ္ကိုင္ရေသာ CMP ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားသည္ MGMA မွ ေဆာင္႐ြက္လ်က္ရွိ ေသာ က်င့္ဝတ္စည္းကမ္းမ်ားကို လိုက္နာေဆာင္႐ြက္ၾကရေၾကာင္း သိရသည္။
ထို႔အျပင္ ILO မွ ဆုံးျဖတ္ေသာ Article 33 ၏ အႀကံျပဳလုပ္ငန္းစဥ္မ်ားႏွင့္စပ္လ်ဥ္း၍ အလုပ္ရွင္၊ အလုပ္သမား ဆက္ဆံေရး တိုးတက္မႈကိုေရွးရႈ၍ MGMA အေနျဖင့္ ILO အပါအဝင္ အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ ကိုယ္စားလွယ္မ်ားႏွင့္ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။