ယူနက်စကိုစာရင်းဝင် အင်းတော်ကြီးဒေသတွင် KIA ခွင့်ပြုချက်ဖြင့် တရားမဝင်စည်းကမ်းမဲ့ ရွှေတူးနေ

 209

သန့်ဇင် (NP News) - ဇွန် ၁၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အင်းတော်ကြီးဒေသတွင် KIA ခွင့်ပြုချက် ဖြင့် ဘက်ဖိုး အစီး ရေ(၃၀ဝ) ကျော်အသုံးပြုကာ တရားမဝင် စည်းကမ်းမဲ့ ရွှေတူးဖော်နေ ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက NP News သို့ ဖွင့်ဟပြောဆိုထားသည်။
ရွှေတူးဖော်ခြင်းကို ယခင်က တောတွင်းနေရာများတွင်သာ ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် KIA က နယ်မြေစိုးမိုးကာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အင်းတော်ကြီးဒေသ အနီးတစ်ဝိုက်နှင့် ဒေသခံများ၏ မြေရာများအထိ တရားမဝင် ရွှေတူးဖော်ခြင်းများကို တိုးချဲ့လုပ်ဆောင်လာနေကြောင်း သိရသည်။
“အင်းတော်ကြီးဒေသက ဖုန်းလိုင်းတွေမရတာ ပြီးခဲ့တဲ့နှစ် (၇)လပိုင်း (၂၁) ရက် ကတည်းက အဲဒီမှာရွှေတူးတဲ့လူတွေက KIA / PDF တွေကို ဘက်ဖိုးတစ်စီးကို တစ်လ(၁၀)သိန်း ပေးရတယ်။ အရင် က အစိုးရလက်ထက်တွေမှာ ရွာ၊ ဝေးတဲ့တောတွင်းနေရာမှာ တူးရတယ်။ အခုတော့ တပ်က နယ်မြေ မစိုးမိုးနိုင်တော့ဘူး။ သူတို့ခွင့်ပြုထားတဲ့လူတွေက ဘက်ဖိုးတွေ (၆)စီး (၇) စီးကိုယ့်ဟာကိုဝယ်ပြီး တူး ကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့ပြင် တူးဖော်ခွင့်ရရှိထားသည့် လုပ်ငန်းရှင်အချင်းချင်း ရွှေလုပ်ကွက်ပြဿနာဖြစ်ပါက KIA ကို ငွေကြေးပေးကာ လူ သတ်ဂိုဏ်းဆန်ဆန် သတ်ဖြတ်စေခိုင်းခြင်း မျိုးလည်း ရှိနေကြောင်း အထက်ပါဒေသခံကဆိုသည်။
“လုပ်ငန်းရှင်တွေက သူတို့နဲ့အဆင်မပြေရင် KIA ကို ပိုက်ဆံပေးပြီး ရှင်းခိုင်းတယ်။ အဲဒါက ရွာခံ အစစ်တွေပါ။ အဲဒီက အုပ်ချုပ်ရေးမှူး မျိုးဦးနဲ့ မဆန်းရင်၊ မသန်းနွယ်တို့က ဘောလုံးကွင်းနေရာကို လုပ် ချင်နေတာ။ သူတို့က ‌လယ်ယာမြေတွေကိုလည်း ဝယ်ပြီးတူးနေကြတယ်။ အခုတူးဖော်ခွင့်ရတဲ့လူက ကိုဆန်းဝင်းဆိုတဲ့လူပါ”ဟု ၎င်းက ပြောသည်။ ထို့ပြင် ၎င်းတို့လုပ်ငန်းတူ အချင်းချင်းပင်လျှင် အခွင့် အရေးမညီမျှခြင်းများရှိနေသည့်အတွက် အထက်ပါကဲ့သို့ သတ်ဖြတ်စေခိုင်းခြင်းအပြင် ရွာသားအချို့ထံ စည်းရုံးဆန္ဒပြခိုင်းခြင်းများလည်း လုပ်ဆောင်နေလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့ မတူးရအတူတူဆိုပြီး လုပ်ငန်းရှင်အချင်းချင်း မရှင်းဘဲ ရွာသားတချို့ကို တစ်ဖက်လှည့်နဲ့ ဆန္ဒပြခိုင်းတာ။ အကုန်လုံး KIA နဲ့ အကျိုးတူ တူးကြတာ”ဟု ၎င်းကဆက်ပြောသည်။
အင်းတော်ကြီး‌ဒေသတွင် တရားမဝင် ရွှေတူးဖော်မှုလုပ်ကွက်ပေါင်း (၇၀)ကျော်ကို ဘက်ဖိုး အစီးရေ(၃၀ဝ)ကျော်ဖြင့် နေ့ရောညပါ စည်းကမ်းမဲ့ တူးဖော်နေကြပြီး သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုသည်လည်း အခြေအနေများစွာဆိုးရွားလာပြီဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“အင်းတော်ကြီးဒေသမှာ လုပ်ငန်းပေါင်း (၇၀) ကျော်တယ်။ ဘက်ဖိုး အစီးရေ(၃၀ဝ) ကျော်နဲ့ နေ့ ရော ညရော တူးဖော်နေကြတယ်။ သူတို့ကတော့ ခေါင်းဆောင်ပိုင်းတွေကို ပိုင်တဲ့လူတွေပေါ့။ ဒေသ သဘာဝ ပတ်ဝန်းကျင်ကတော့ တော်တော်ကြီးကို ပျက်စီးနေပါပြီ”ဟု ၎င်းကပြောသည်။
အလားတူ ကချင်ပြည်နယ်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရှင်ဗွေ ယန်မြို့ နယ်ခွဲ၊ မိုးညှင်းစသည့်မြို့နယ်များတွင်လည်း ရွှေလုပ်ကွက်များ စွာရှိနေပြီး KIA အနေဖြင့် ဖားကန့်ရှိ ကျောက်စိမ်း လုပ်ကွက်များအပြင် မြေရှားသတ္တုများကိုလည်း စည်းကမ်းမဲ့တူးဖော် ထုတ်ယူနေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ယူနက္စကိုစာရင္းဝင္ အင္းေတာ္ႀကီးေဒသတြင္ KIA ခြင့္ျပဳခ်က္ျဖင့္ တရားမဝင္စည္းကမ္းမဲ့ ေ႐ႊတူးေန
သန႔္ဇင္ (NP News) - ဇြန္ ၁၅
ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ရွိ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ အင္းေတာ္ႀကီးေဒသတြင္ KIA ခြင့္ျပဳခ်က္ ျဖင့္ ဘက္ဖိုး အစီး ေရ(၃၀ဝ) ေက်ာ္အသုံးျပဳကာ တရားမဝင္ စည္းကမ္းမဲ့ ေ႐ႊတူးေဖာ္ေန ေၾကာင္း လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ေဒသခံတစ္ဦးက NP News သို႔ ဖြင့္ဟေျပာဆိုထားသည္။
ေ႐ႊတူးေဖာ္ျခင္းကို ယခင္က ေတာတြင္းေနရာမ်ားတြင္သာ ခြင့္ျပဳခဲ့ေသာ္လည္း လက္ရွိတြင္ KIA က နယ္ေျမစိုးမိုးကာ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ အင္းေတာ္ႀကီးေဒသ အနီးတစ္ဝိုက္ႏွင့္ ေဒသခံမ်ား၏ ေျမရာမ်ားအထိ တရားမဝင္ ေ႐ႊတူးေဖာ္ျခင္းမ်ားကို တိုးခ်ဲ႕လုပ္ေဆာင္လာေနေၾကာင္း သိရသည္။
“အင္းေတာ္ႀကီးေဒသက ဖုန္းလိုင္းေတြမရတာ ၿပီးခဲ့တဲ့ႏွစ္ (၇)လပိုင္း (၂၁) ရက္ ကတည္းက အဲဒီမွာေ႐ႊတူးတဲ့လူေတြက KIA / PDF ေတြကို ဘက္ဖိုးတစ္စီးကို တစ္လ(၁၀)သိန္း ေပးရတယ္။ အရင္ က အစိုးရလက္ထက္ေတြမွာ ႐ြာ၊ ေဝးတဲ့ေတာတြင္းေနရာမွာ တူးရတယ္။ အခုေတာ့ တပ္က နယ္ေျမ မစိုးမိုးႏိုင္ေတာ့ဘူး။ သူတို႔ခြင့္ျပဳထားတဲ့လူေတြက ဘက္ဖိုးေတြ (၆)စီး (၇) စီးကိုယ့္ဟာကိုဝယ္ၿပီး တူး ၾကတာ”ဟု ေဒသခံတစ္ဦးက ေျပာသည္။ ထို႔ျပင္ တူးေဖာ္ခြင့္ရရွိထားသည့္ လုပ္ငန္းရွင္အခ်င္းခ်င္း ေ႐ႊလုပ္ကြက္ျပႆနာျဖစ္ပါက KIA ကို ေငြေၾကးေပးကာ လူ သတ္ဂိုဏ္းဆန္ဆန္ သတ္ျဖတ္ေစခိုင္းျခင္း မ်ိဳးလည္း ရွိေနေၾကာင္း အထက္ပါေဒသခံကဆိုသည္။
“လုပ္ငန္းရွင္ေတြက သူတို႔နဲ႔အဆင္မေျပရင္ KIA ကို ပိုက္ဆံေပးၿပီး ရွင္းခိုင္းတယ္။ အဲဒါက ႐ြာခံ အစစ္ေတြပါ။ အဲဒီက အုပ္ခ်ဳပ္ေရးမႉး မ်ိဳးဦးနဲ႔ မဆန္းရင္၊ မသန္းႏြယ္တို႔က ေဘာလုံးကြင္းေနရာကို လုပ္ ခ်င္ေနတာ။ သူတို႔က ‌လယ္ယာေျမေတြကိုလည္း ဝယ္ၿပီးတူးေနၾကတယ္။ အခုတူးေဖာ္ခြင့္ရတဲ့လူက ကိုဆန္းဝင္းဆိုတဲ့လူပါ”ဟု ၎က ေျပာသည္။ ထို႔ျပင္ ၎တို႔လုပ္ငန္းတူ အခ်င္းခ်င္းပင္လွ်င္ အခြင့္ အေရးမညီမွ်ျခင္းမ်ားရွိေနသည့္အတြက္ အထက္ပါကဲ့သို႔ သတ္ျဖတ္ေစခိုင္းျခင္းအျပင္ ႐ြာသားအခ်ိဳ႕ထံ စည္း႐ုံးဆႏၵျပခိုင္းျခင္းမ်ားလည္း လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း ၎က ဆက္ေျပာသည္။
“သူတို႔ မတူးရအတူတူဆိုၿပီး လုပ္ငန္းရွင္အခ်င္းခ်င္း မရွင္းဘဲ ႐ြာသားတခ်ိဳ႕ကို တစ္ဖက္လွည့္နဲ႔ ဆႏၵျပခိုင္းတာ။ အကုန္လုံး KIA နဲ႔ အက်ိဳးတူ တူးၾကတာ”ဟု ၎ကဆက္ေျပာသည္။
အင္းေတာ္ႀကီး‌ေဒသတြင္ တရားမဝင္ ေ႐ႊတူးေဖာ္မႈလုပ္ကြက္ေပါင္း (၇၀)ေက်ာ္ကို ဘက္ဖိုး အစီးေရ(၃၀ဝ)ေက်ာ္ျဖင့္ ေန႔ေရာညပါ စည္းကမ္းမဲ့ တူးေဖာ္ေနၾကၿပီး သဘာဝပတ္ဝန္းက်င္ထိခိုက္ ပ်က္စီးမႈသည္လည္း အေျခအေနမ်ားစြာဆိုး႐ြားလာၿပီျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“အင္းေတာ္ႀကီးေဒသမွာ လုပ္ငန္းေပါင္း (၇၀) ေက်ာ္တယ္။ ဘက္ဖိုး အစီးေရ(၃၀ဝ) ေက်ာ္နဲ႔ ေန႔ ေရာ ညေရာ တူးေဖာ္ေနၾကတယ္။ သူတို႔ကေတာ့ ေခါင္းေဆာင္ပိုင္းေတြကို ပိုင္တဲ့လူေတြေပါ့။ ေဒသ သဘာဝ ပတ္ဝန္းက်င္ကေတာ့ ေတာ္ေတာ္ႀကီးကို ပ်က္စီးေနပါၿပီ”ဟု ၎ကေျပာသည္။
အလားတူ ကခ်င္ျပည္နယ္အတြင္းရွိ ပူတာအို၊ မခ်မ္းေဘာ၊ ဆြမ္ပရာဘြမ္၊ တႏိုင္း၊ ရွင္ေဗြ ယန္ၿမိဳ႕ နယ္ခြဲ၊ မိုးညႇင္းစသည့္ၿမိဳ႕နယ္မ်ားတြင္လည္း ေ႐ႊလုပ္ကြက္မ်ား စြာရွိေနၿပီး KIA အေနျဖင့္ ဖားကန႔္ရွိ ေက်ာက္စိမ္း လုပ္ကြက္မ်ားအျပင္ ေျမရွားသတၱဳမ်ားကိုလည္း စည္းကမ္းမဲ့တူးေဖာ္ ထုတ္ယူေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.