တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်မည့် အခြေအနေများကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး တို့ တွေ့ဆုံ

 217

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁၆
တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်မည့် အခြေအနေများကို နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့(ဒီဇင်ဘာ ၁၅ရက်) မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ ကိုတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာသင်တန်းများ အပြန်အလှန်ဖွင့်လှစ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်ချမှတ်သည့် သုံးနိုင်ငံတွင် အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာ လိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးပါက ပိုမိုကောင်းမွန်သော နယ်ပယ်များ ပေါ်ထွန်းလာမည့် အခြေအနေများနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
တရားဥပေဒစိုးမိုးေရးအတြက္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈပိုမိုတိုးျမႇင့္မည့္ အေျခအေနမ်ားကို ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး တို႔ ေတြ႕ဆုံ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁၆
တရားဥပေဒစိုးမိုးေရးအတြက္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈပိုမိုတိုးျမႇင့္မည့္ အေျခအေနမ်ားကို ႏိုင္ငံေတာ္ လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္အဖြဲ႕ဝင္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာလင္းသည္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး H.E. Mr. Abhay Thakur ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယမန္ေန႔(ဒီဇင္ဘာ ၁၅ရက္) မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ အိမ္နီးခ်င္း မိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္သည္ႏွင့္အညီ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ ရင္းႏွီးမႈႏွင့္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးတို႔အတြက္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမႇင့္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား ကိုေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္ဆိုင္ရာသင္တန္းမ်ား အျပန္အလွန္ဖြင့္လွစ္ေရးႏွင့္ ေလ့က်င့္ေရးဆိုင္ရာမ်ားတြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံသည္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီး (၅) ရပ္ကို စတင္ခ်မွတ္သည့္ သုံးႏိုင္ငံတြင္ အပါအဝင္ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၎မူမ်ားအတိုင္း ခိုင္မာစြာ လိုက္နာေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ျမန္မာႏိုင္ငံ၌ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပၿပီးစီးပါက ပိုမိုေကာင္းမြန္ေသာ နယ္ပယ္မ်ား ေပၚထြန္းလာမည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍လည္း အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္အဖြဲ႕ဝင္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယစစ္သံမႉး Colonel Jaswinder Singh Gill တို႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.