ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီရဲ့ဒေါ်လာ ၆ သန်း တန် ရွှေအိမ်သာခွက် ခိုးယူသူများ ဖမ်းမိ

 128

ရောင်နီ (NP News) - ဇွန် ၁၅
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ အသုံးပြုခဲ့တဲ့ ဒေါ်လာ ၇ သန်းတန် ၁၈ ကာရက်ရှိ ရွှေအိမ်သာ ခိုးယူမှုနဲ့ အမျိုးသားနှစ်ဦးကို ဇွန်လ ၁၃ ရက်က ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အီတလီပန်းချီဆရာ မောရစ်ဇီယိုကတ်တယ်လန်ရဲ့လက်ရာ အဆိုပါ ရွှေအိမ်သာကို အင်္ဂလန်တောင်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာ ဘရန်ဟင်နန်းတော်မှာ ပြသထားစဉ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်က ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက ပြတင်းပေါက်မှ ဖောက်ထွင်းဝင်ရောက်ပြီး ၅ မိနစ် အတွင်း အိမ်သာကို နံရံနဲ့ခွာကာ ကားနှစ်စီးနဲ့ ခိုးယူသွားခဲ့တာ
ဖြစ်ပါတယ်။ ရွှေအိမ်သာဟာ အလေးချိန် ၉၈ ကီလိုဂရမ်ရှိပြီး အမေရိကန်ဒေါ်လာ ၆ သန်း (စင်ကာပူဒေါ်လာ ၇.၇ သန်း) ခန့် တန်ကြေးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီပြစ်မှုအတွက် ဂျိန်းရှန် - အသက် ၄၀ အရွယ် အမျိုးသားက ဖောက်ထွင်းမှုနဲ့ ပူးပေါင်းကြံစည်ကာ ရွှေပြောင်းမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ နောက်ထပ် ဖမ်းဆီးရ မိသူ မိုက်ကယ်ဂျုံးစ် အသက် ၃၉ နှစ်ကတော့ ဖောက်ထွင်းမှုအတွက် အပြစ်ရှိကြောင်း ခုံရုံးက စီရင်ချက်ချခဲ့ပါ တယ်။
ရှန်ကတော့ ထောင်ဒဏ် လေးနှစ် ချမှတ်ခံရပြီး ဂျုံးကတော့ ထောင်ဒဏ် ၂၇ လ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version:
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဝင္စတန္ခ်ာခ်ီရဲ႕ေဒၚလာ ၆ သန္း တန္ ေ႐ႊအိမ္သာခြက္ ခိုးယူသူမ်ား ဖမ္းမိ
ေရာင္နီ (NP News) - ဇြန္ ၁၅
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဝင္စတန္ခ်ာခ်ီ အသုံးျပဳခဲ့တဲ့ ေဒၚလာ ၇ သန္းတန္ ၁၈ ကာရက္ရွိ ေ႐ႊအိမ္သာ ခိုးယူမႈနဲ႔ အမ်ိဳးသားႏွစ္ဦးကို ဇြန္လ ၁၃ ရက္က ေထာင္ဒဏ္ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
အီတလီပန္းခ်ီဆရာ ေမာရစ္ဇီယိုကတ္တယ္လန္ရဲ႕လက္ရာ အဆိုပါ ေ႐ႊအိမ္သာကို အဂၤလန္ေတာင္ပိုင္းရွိ ကမာၻလွည့္ခရီးသည္မ်ား ဆြဲေဆာင္ရာ ဘရန္ဟင္နန္းေတာ္မွာ ျပသထားစဥ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္က ခိုးယူခံခဲ့ရတာျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြက ျပတင္းေပါက္မွ ေဖာက္ထြင္းဝင္ေရာက္ၿပီး ၅ မိနစ္ အတြင္း အိမ္သာကို နံရံနဲ႔ခြာကာ ကားႏွစ္စီးနဲ႔ ခိုးယူသြားခဲ့တာ
ျဖစ္ပါတယ္။ ေ႐ႊအိမ္သာဟာ အေလးခ်ိန္ ၉၈ ကီလိုဂရမ္ရွိၿပီး အေမရိကန္ေဒၚလာ ၆ သန္း (စင္ကာပူေဒၚလာ ၇.၇ သန္း) ခန႔္ တန္ေၾကးရွိမယ္လို႔ ခန႔္မွန္းရပါတယ္။ ဒီျပစ္မႈအတြက္ ဂ်ိန္းရွန္ - အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားက ေဖာက္ထြင္းမႈနဲ႔ ပူးေပါင္းႀကံစည္ကာ ေ႐ႊေျပာင္းမႈအတြက္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ ေနာက္ထပ္ ဖမ္းဆီးရ မိသူ မိုက္ကယ္ဂ်ဳံးစ္ အသက္ ၃၉ ႏွစ္ကေတာ့ ေဖာက္ထြင္းမႈအတြက္ အျပစ္ရွိေၾကာင္း ခုံ႐ုံးက စီရင္ခ်က္ခ်ခဲ့ပါ တယ္။
ရွန္ကေတာ့ ေထာင္ဒဏ္ ေလးႏွစ္ ခ်မွတ္ခံရၿပီး ဂ်ဳံးကေတာ့ ေထာင္ဒဏ္ ၂၇ လ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.