အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်စာဆိုဗိမာန်၌ ပြသမည့်ပစ္စည်းများကို အချိန်မီစုဆောင်းရန် တိုက်တွန်း

143

Pearl (NP News) - ဇွန် ၁၅
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်စာဆိုဗိမာန်၌ ပြသမည့်ပစ္စည်းများကို အချိန်မီစုဆောင်းရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောကြားထားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ (ဇွန် ၁၄ရက်) က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ်(၁၈-A)၌ စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုကို သွားရောက်စစ်ဆေးစဉ်အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာဆိုဗိမာန်အဆောက်အအုံကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ အရည်အသွေးနှင့် ကြံ့ခိုင်မှုအပိုင်းကို အထူးဂရုပြုရန် နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့ကလည်း အထူးကြပ်မတ်စစ်ဆေးရန် ဦးမောင်မောင်အုန်းက တိုက်တွန်းထားသည်။
ထို့ပြင် စာဆိုဗိမာန်တွင် စာပေ၊ ဂီတ၊ သဘင်နှင့်ပတ်သက်ပြီး ပြသနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်ကြီးများ၏ အကြံဉာဏ်ကိုရယူကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ပြတိုက်အတွင်း ပြသမည့်ပစ္စည်းများကိုလည်း အချိန်မီစုဆောင်းထားရန် တိုက်တွန်းပြောကြားထားသည်။
အလားတူ စာ ဆိုဗိမာန်အဆောက်အအုံကို ခံ့ညားထည်ဝါပြီး ခေတ်မီအဆောက်အအုံဖြစ်ရန်လိုအပ်ကြောင်းနှင့် စာဆိုဗိမာန်အဆောက်အအုံဝင်းအတွင်း/ အပြင်သာယာလှပစေရန် သစ်ပင်၊ ပန်းမန်အလှပင်များ စနစ်တကျစိုက်ပျိုးရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အသုံးပြုဆောင်ရွက်ရန် လည်း ဦးမောင်မောင်အုန်းက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ စာဆိုဗိမာန်သည် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး နိုင်ငံတော်အဆင့် အဆောက်အအုံဖြစ်သည့်အပြင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဆောက်အအုံဖြစ် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
အိႏၵိယ-ျမန္မာ ခ်စ္ၾကည္ေရး အထိမ္းအမွတ္စာဆိုဗိမာန္၌ ျပသမည့္ပစၥည္းမ်ားကို အခ်ိန္မီစုေဆာင္းရန္ တိုက္တြန္း
Pearl (NP News) - ဇြန္ ၁၅
အိႏၵိယ-ျမန္မာ ခ်စ္ၾကည္ေရး အထိမ္းအမွတ္စာဆိုဗိမာန္၌ ျပသမည့္ပစၥည္းမ်ားကို အခ်ိန္မီစုေဆာင္းရန္ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက တိုက္တြန္းေျပာၾကားထားသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းသည္ ယမန္ေန႔ (ဇြန္ ၁၄ရက္) က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ဥယ်ာဥ္ရပ္ကြက္ ဗိုလ္မင္းေခါင္လမ္းရွိ အမွတ္(၁၈-A)၌ စာဆိုဗိမာန္သုံးထပ္ (RC) အေဆာက္အအုံတည္ေဆာက္ေနမႈကို သြားေရာက္စစ္ေဆးစဥ္အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ စာဆိုဗိမာန္အေဆာက္အအုံကို သတ္မွတ္ခ်ိန္အတြင္း အခ်ိန္မီၿပီးစီးေရးေဆာင္႐ြက္ရန္၊ အရည္အေသြးႏွင့္ ႀကံ့ခိုင္မႈအပိုင္းကို အထူးဂ႐ုျပဳရန္ ႏွင့္ အရည္အေသြးစစ္ေဆးေရးအဖြဲ႕ကလည္း အထူးၾကပ္မတ္စစ္ေဆးရန္ ဦးေမာင္ေမာင္အုန္းက တိုက္တြန္းထားသည္။
ထို႔ျပင္ စာဆိုဗိမာန္တြင္ စာေပ၊ ဂီတ၊ သဘင္ႏွင့္ပတ္သက္ၿပီး ျပသႏိုင္ရန္ သက္ဆိုင္ရာက႑အလိုက္ ပညာရွင္ႀကီးမ်ား၏ အႀကံဉာဏ္ကိုရယူကာ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ရန္ ျပတိုက္အတြင္း ျပသမည့္ပစၥည္းမ်ားကိုလည္း အခ်ိန္မီစုေဆာင္းထားရန္ တိုက္တြန္းေျပာၾကားထားသည္။
အလားတူ စာ ဆိုဗိမာန္အေဆာက္အအုံကို ခံ့ညားထည္ဝါၿပီး ေခတ္မီအေဆာက္အအုံျဖစ္ရန္လိုအပ္ေၾကာင္းႏွင့္ စာဆိုဗိမာန္အေဆာက္အအုံဝင္းအတြင္း/ အျပင္သာယာလွပေစရန္ သစ္ပင္၊ ပန္းမန္အလွပင္မ်ား စနစ္တက်စိုက္ပ်ိဳးရန္၊ အရည္အေသြးျပည့္မီသည့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားကို အသုံးျပဳေဆာင္႐ြက္ရန္ လည္း ဦးေမာင္ေမာင္အုန္းက ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါ စာဆိုဗိမာန္သည္ အိႏၵိယႏိုင္ငံအစိုးရ၏ အေထာက္အပံ့ျဖင့္ တည္ေဆာက္ျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္အဆင့္ အေဆာက္အအုံျဖစ္သည့္အျပင္ အိႏၵိယ-ျမန္မာ ခ်စ္ၾကည္ေရး အထိမ္းအမွတ္အေဆာက္အအုံျဖစ္ ျဖစ္ေၾကာင္းလည္း သိရသည္။