ရုပ်ရှင်မြို့တော်စီမံကိန်းအဖျားမရှူးစေရေး ရုပ်ရှင်လောကသားများဝိုင်းဝန်းကူညီရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

345

သက်ပိုင်(NP News) - ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်တွင် လုပ်ဆောင်နေသော ရုပ်ရှင်မြို့တော်စီမံကိန်းကြီး အဖျားမရှူးသွားစေရေးအတွက် ရုပ်ရှင်လောကသားများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆို ခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့က ရုပ်ရှင်မြို့တော်စီမံကိန်း နေရာတွင် ပြုလုပ်သော မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီလုပ်ငန်းစတင်တဲ့အခါမှာလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း တော်တော်ကြီးကို ကူညီပါတယ်။ဒီအခမ်းအနားကြီး ပြီးသွားခဲ့ရင်လည်း လိုအပ်တဲ့အစည်းဝေးညှိနှိုင်းမှုတွေလုပ်ပြီးတော့ တစ်စတစ်စ ဆက်လက် ဆောင်ရွက်သွားချင်ပါတယ်။စီမံကိန်းက ကြီးမားတဲ့အတွက် အဖျားရှူးသွားလို့ မရပါဘူး။အနုပညာလောကသားတွေကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့အပြင် ရုပ်ရှင်မြို့တော်စီမံကန်းအတွက် လိုအပ်သည့် ညှိနှိုင်းအစည်းအဝေးများဆောင်ရွက်ပြီးပါက ရုပ်ရှင်နှင့်ပတ်သက်သည့် အဆောက်အဦများကို ဦးစွာ ဆောက်လုပ်စေလိုကြောင်းနှင့် ရုပ်ရှင်နှင့်ပတ်သက်သည့် အဆောက်အဦများပြီးစီးမှသာ အခြားသော အဆောက်ဦများကို ဆောက်လုပ်စေလိုကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ် အတွင်းတွင် လုပ်ဆောင်နေသော ရုပ်ရှင်မြို့တော်စီမံကိန်းတွင် မြန်မာနိုင်ငံ မြို့ကြီးများမှ အထင်ကရနေရာများ၊ ရုပ်ရှင်လောကသားများ လိုအပ်သည့် တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ နေအိမ်များ၊ ချောင်းများပါဝင်သည့် တောအုပ်များနှင့် စတူဒီယိုများအပါဝင် ပြည်သူများအတွက် အပန်းဖြေနားနေရန်နေရာများ၊ စားသောက်ဆိုင်များနှင့် ကလေးကစားကွင်းများ ကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
အဆိုပါ ရုပ်ရှင်မြို့တော်စီမံကိန်းအား ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင် (၂၀)၊ (၄) ဖာလုံမှ ဧက (၂၀ဝ) ကျယ်ဝန်းသော မြေကွက်တွင် ပြုလုပ်ရန် ယခင်သမ္မတ ဦးသိန်းစိန်ခွင့်ပြုချက်အရ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က (၂၀၁၄) ခုနှစ် ဇူလိုင်လအတွင်းတွင် ခွင့်ပြုမိန့် ချမှတ်ခဲ့သည်။
ထိုသို့ ခွင့်ပြုချက်ရရှိပြီးနောက် အဆိုပါခြံအတွင်းရှိ သစ်ပင်၊ ချုံနွယ် ရှင်းလင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် လိုအပ်သည်များပြင်ဆင်ခြင်းတို့ကိုပြုလုပ်ခဲ့သော်လည်း (၂၀၁၆) ခုနှစ် NLD အစိုးရလက်ထက်တစ်လျှောက်တွင် အဆိုပါ ရုပ်ရှင်မြို့တော်စီမံကိန်းကို ရပ်နားခဲ့ရပြီး နစက အစိုးရလက်ထက်တွင် (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် ရက်စွဲဖြင့်စီမံကိန်းပြုလုပ်မည့် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင် (၂၀)၊ (၄) ဖာလုံမှ ဧက (၂၀ဝ) ကျယ်ဝန်းသောမြေနေရာကို ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် ဆက်လက်တည်ဆောက်နိုင်ရန် နှစ်ပေါင်း (၃၀)လုပ်ပိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအဖ်ားမရႉးေစေရး ႐ုပ္ရွင္ေလာကသားမ်ားဝိုင္းဝန္းကူညီရန္ ျပည္ေထာင္စုဝန္ႀကီး တိုက္တြန္း
သက္ပိုင္(NP News) - ဇြန္ ၁၅
ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္တြင္ လုပ္ေဆာင္ေနေသာ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းႀကီး အဖ်ားမရႉးသြားေစေရးအတြက္ ႐ုပ္ရွင္ေလာကသားမ်ားအေနျဖင့္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးရန္ လိုေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက တိုက္တြန္းေျပာဆို ခဲ့သည္။
ဇြန္လ ၁၅ ရက္ေန႔က ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း ေနရာတြင္ ျပဳလုပ္ေသာ မိုးရာသီသစ္ပင္ စိုက္ပ်ိဳးပြဲေတာ္တြင္ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ယခုကဲ့သို႔ တိုက္တြန္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။
“ဒီလုပ္ငန္းစတင္တဲ့အခါမွာလည္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကလည္း ေတာ္ေတာ္ႀကီးကို ကူညီပါတယ္။ဒီအခမ္းအနားႀကီး ၿပီးသြားခဲ့ရင္လည္း လိုအပ္တဲ့အစည္းေဝးညႇိႏႈိင္းမႈေတြလုပ္ၿပီးေတာ့ တစ္စတစ္စ ဆက္လက္ ေဆာင္႐ြက္သြားခ်င္ပါတယ္။စီမံကိန္းက ႀကီးမားတဲ့အတြက္ အဖ်ားရႉးသြားလို႔ မရပါဘူး။အႏုပညာေလာကသားေတြကလည္း ဝိုင္းဝန္းကူညီပံ့ပိုးေပးဖို႔ လိုပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔အျပင္ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကန္းအတြက္ လိုအပ္သည့္ ညႇိႏႈိင္းအစည္းအေဝးမ်ားေဆာင္႐ြက္ၿပီးပါက ႐ုပ္ရွင္ႏွင့္ပတ္သက္သည့္ အေဆာက္အဦမ်ားကို ဦးစြာ ေဆာက္လုပ္ေစလိုေၾကာင္းႏွင့္ ႐ုပ္ရွင္ႏွင့္ပတ္သက္သည့္ အေဆာက္အဦမ်ားၿပီးစီးမွသာ အျခားေသာ အေဆာက္ဦမ်ားကို ေဆာက္လုပ္ေစလိုေၾကာင္းကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့သည္။
ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္ အတြင္းတြင္ လုပ္ေဆာင္ေနေသာ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းတြင္ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးမ်ားမွ အထင္ကရေနရာမ်ား၊ ႐ုပ္ရွင္ေလာကသားမ်ား လိုအပ္သည့္ တိုင္းရင္းသား လူမ်ိဳးအသီးသီးတို႔၏ ေနအိမ္မ်ား၊ ေခ်ာင္းမ်ားပါဝင္သည့္ ေတာအုပ္မ်ားႏွင့္ စတူဒီယိုမ်ားအပါဝင္ ျပည္သူမ်ားအတြက္ အပန္းေျဖနားေနရန္ေနရာမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ကေလးကစားကြင္းမ်ား ကိုလည္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ သိရသည္။
အဆိုပါ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအား ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္း မိုင္ (၂၀)၊ (၄) ဖာလုံမွ ဧက (၂၀ဝ) က်ယ္ဝန္းေသာ ေျမကြက္တြင္ ျပဳလုပ္ရန္ ယခင္သမၼတ ဦးသိန္းစိန္ခြင့္ျပဳခ်က္အရ ျပန္ၾကားေရး ဝန္ႀကီး ဦးေအာင္ၾကည္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က (၂၀၁၄) ခုႏွစ္ ဇူလိုင္လအတြင္းတြင္ ခြင့္ျပဳမိန႔္ ခ်မွတ္ခဲ့သည္။
ထိုသို႔ ခြင့္ျပဳခ်က္ရရွိၿပီးေနာက္ အဆိုပါၿခံအတြင္းရွိ သစ္ပင္၊ ခ်ဳံႏြယ္ ရွင္းလင္းျခင္း၊ လမ္းပန္းဆက္သြယ္ေရးအတြက္ လိုအပ္သည္မ်ားျပင္ဆင္ျခင္းတို႔ကိုျပဳလုပ္ခဲ့ေသာ္လည္း (၂၀၁၆) ခုႏွစ္ NLD အစိုးရလက္ထက္တစ္ေလွ်ာက္တြင္ အဆိုပါ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းကို ရပ္နားခဲ့ရၿပီး နစက အစိုးရလက္ထက္တြင္ (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂) ရက္ ရက္စြဲျဖင့္စီမံကိန္းျပဳလုပ္မည့္ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း မိုင္ (၂၀)၊ (၄) ဖာလုံမွ ဧက (၂၀ဝ) က်ယ္ဝန္းေသာေျမေနရာကို ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြက္ ဆက္လက္တည္ေဆာက္ႏိုင္ရန္ ႏွစ္ေပါင္း (၃၀)လုပ္ပိုင္ခြင့္ ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။