သေနတ်နဲ့ဆိုင်တဲ့ဥပဒေတွေကို တင်းကျပ်ဖို့ ဩစတြီးယားအစိုးရ စီစဉ်နေ

80
Pika (NP News) - ဇွန် ၁၆
ဩစတြီးယားနိုင်ငံက ကျောင်းတစ်ခုမှာ အဆိုးရွားဆုံးသေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဩစတြီးယား အစိုးရဟာ သေနတ်နဲ့ဆိုင်တဲ့ဥပဒေတွေကို တင်းကျပ်ဖို့ စီစဉ်နေတယ်လို့ အဓိပတိ Christian Stocker က ပြောကြားခဲ့ပါတယ်။ ဩစတြီးယားနိုင်ငံ Graz မြို့က စာသင်ကျောင်းတစ်ခုမှာ သေနတ်သမားတစ်ဦးက လူ(၁၀)ဦး ကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီးနောက် ယခုလိုစီစဉ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ဩစတြီးယားအစိုးရတာဝန်ရှိသူတွေဟာ လက်နက်လက်ဝယ်ပိုင်ဆိုင်ခွင်နဲ့ ဝယ်ယူခွင့်တွေအတွက် တင်းကျပ်တဲ့စည်းကမ်းချက်တွေကိုချမှတ်ဖို့ ရည်ရွယ်ထားတယ်လို့ Christian Stocker က ပြောကြားခဲ့ပါတယ်။
စီစဉ်ထားတဲ့အရေးယူဆောင်ရွက်မှုတွေဟာ အသက်အရွယ်လိုအပ်ချက်တွေနဲ့ အချို့လက်နက်တွေအပေါ် ဘယ်လို ကန့်သတ်ချက်တွေထားမလဲဆိုတဲ့အချက်တွေအပေါ် အာရုံစိုက်သွားမှာဖြစ်တယ်လို့ Christian Stocker က ပြောကြားခဲ့ပါတယ်။ ဩစတြီးယားအစိုးရအဖွဲ့ဟာ အဲဒီအစီအစဉ်တွေကို လာမယ့်ရက်ပိုင်းမှာ သဘောတူညီဖို့ စီစဉ်နေတယ်လို့ Christian Stocker က ထပ်မံပြောကြားခဲ့ပါတယ်။
Zawgyi Version:
ေသနတ္နဲ႔ဆိုင္တဲ့ဥပေဒေတြကို တင္းက်ပ္ဖို႔ ဩစႀတီးယားအစိုးရ စီစဥ္ေန
Pika (NP News) - ဇြန္ ၁၆
ဩစႀတီးယားႏိုင္ငံက ေက်ာင္းတစ္ခုမွာ အဆိုး႐ြားဆုံးေသနတ္ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ဩစႀတီးယား အစိုးရဟာ ေသနတ္နဲ႔ဆိုင္တဲ့ဥပေဒေတြကို တင္းက်ပ္ဖို႔ စီစဥ္ေနတယ္လို႔ အဓိပတိ Christian Stocker က ေျပာၾကားခဲ့ပါတယ္။ ဩစႀတီးယားႏိုင္ငံ Graz ၿမိဳ႕က စာသင္ေက်ာင္းတစ္ခုမွာ ေသနတ္သမားတစ္ဦးက လူ(၁၀)ဦး ကို ေသနတ္နဲ႔ပစ္သတ္ခဲ့ၿပီးေနာက္ ယခုလိုစီစဥ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ဩစႀတီးယားအစိုးရတာဝန္ရွိသူေတြဟာ လက္နက္လက္ဝယ္ပိုင္ဆိုင္ခြင္နဲ႔ ဝယ္ယူခြင့္ေတြအတြက္ တင္းက်ပ္တဲ့စည္းကမ္းခ်က္ေတြကိုခ်မွတ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ Christian Stocker က ေျပာၾကားခဲ့ပါတယ္။
စီစဥ္ထားတဲ့အေရးယူေဆာင္႐ြက္မႈေတြဟာ အသက္အ႐ြယ္လိုအပ္ခ်က္ေတြနဲ႔ အခ်ိဳ႕လက္နက္ေတြအေပၚ ဘယ္လို ကန႔္သတ္ခ်က္ေတြထားမလဲဆိုတဲ့အခ်က္ေတြအေပၚ အာ႐ုံစိုက္သြားမွာျဖစ္တယ္လို႔ Christian Stocker က ေျပာၾကားခဲ့ပါတယ္။ ဩစႀတီးယားအစိုးရအဖြဲ႕ဟာ အဲဒီအစီအစဥ္ေတြကို လာမယ့္ရက္ပိုင္းမွာ သေဘာတူညီဖို႔ စီစဥ္ေနတယ္လို႔ Christian Stocker က ထပ္မံေျပာၾကားခဲ့ပါတယ္။