အီရန်အစိုးရရဲ့ပစ်မှတ်တိုင်းကို တိုက်ခိုက်သွားမယ်လို့ အစ္စရေး ခြိမ်းခြောက်

499

Pika (NP News) - ဇွန် ၁၆
အီရန်အစိုးရရဲ့ပစ်မှတ်တိုင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တွေဖြစ်တယ်လို့လည်း နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။ နေတန်ရာဟုက “အီရန် အစိုးရရဲ့ပစ်မှတ်တိုင်း၊ နေရာတိုင်းကို ကျွန်တော်တို့ တိုက်ခိုက်သွားမှာပါ။ အီရန်ရဲ့နျူကလီးယားအစီအစဉ်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုကို ကျွန်တော်တို့လုပ်ဆောင်ခဲ့တာပါ။ အီရန်အတွက် လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့ ဖွင့်လိုက်ပါပြီ။ မကြာခင်အချိန်အတွင်းမှာပဲ အီရန်ရဲ့ကောင်းကင်ယံမှာ အစ္စရေးရဲ့တိုက်လေယာဉ်တွေ ကို တွေ့မြင်ရပါလိ့မ်မယ်” လို့ ပြောခဲ့ပါတယ်။
အစ္စရေးအစိုးရဟာ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်မှာ တိုက်လေယာဉ်အစင်းရေ(၂၀၀)ဝန်းကျင်နဲ့ အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီက ကတိပြုပြောဆိုခဲ့ တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္အစိုးရရဲ႕ပစ္မွတ္တိုင္းကို တိုက္ခိုက္သြားမယ္လို႔ အစၥေရး ၿခိမ္းေျခာက္
Pika (NP News) - ဇြန္ ၁၆
အီရန္အစိုးရရဲ႕ပစ္မွတ္တိုင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အစၥေရးရဲ႕တိုက္ခိုက္မႈေတြဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္အတြက္ ျပင္းထန္တဲ့ထိုးႏွက္ခ်က္ေတြျဖစ္တယ္လို႔လည္း ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။ ေနတန္ရာဟုက “အီရန္ အစိုးရရဲ႕ပစ္မွတ္တိုင္း၊ ေနရာတိုင္းကို ကြၽန္ေတာ္တို႔ တိုက္ခိုက္သြားမွာပါ။ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္အတြက္ ျပင္းထန္တဲ့ထိုးႏွက္ခ်က္တစ္ခုကို ကြၽန္ေတာ္တို႔လုပ္ေဆာင္ခဲ့တာပါ။ အီရန္အတြက္ လမ္းေၾကာင္းတစ္ခုကို ကြၽန္ေတာ္တို႔ ဖြင့္လိုက္ပါၿပီ။ မၾကာခင္အခ်ိန္အတြင္းမွာပဲ အီရန္ရဲ႕ေကာင္းကင္ယံမွာ အစၥေရးရဲ႕တိုက္ေလယာဥ္ေတြ ကို ေတြ႕ျမင္ရပါလိ့မ္မယ္” လို႔ ေျပာခဲ့ပါတယ္။
အစၥေရးအစိုးရဟာ ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္မွာ တိုက္ေလယာဥ္အစင္းေရ(၂၀၀)ဝန္းက်င္နဲ႔ အီရန္ရဲ႕ န်ဴကလီးယားနဲ႔ စစ္ဘက္ဆိုင္ရာေနရာေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ထိပ္တန္းစစ္ဘက္အရာရွိေတြနဲ႔ န်ဴကလီးယားသိပၸံပညာရွင္ေတြ ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့ လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီက ကတိျပဳေျပာဆိုခဲ့ တယ္လို႔လည္း သိရပါတယ္။