ရုရှားက ယူကရိန်းစစ်သားရုပ်အလောင်း(၁၂၀၀)လောင်းကို ပြန်လည်လွှဲပြောင်းပေး

242

Pika (NP News) - ဇွန် ၁၆
ရုရှားနဲ့ယူကရိန်းတို့ဟာ စစ်သုံ့ပန်းလဲလှယ်မှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ရုရှားအစိုးရဟာ တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သားရုပ်အလောင်း (၁၂၀၀)လောင်းကို ယူကရိန်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ ပါတယ်။ အဲဒီလဲလှယ်မှုဟာ ယခုလအစောပိုင်းက အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ယူကရိန်းကြား လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်လည်လက်ခံရရှိမှုကို ယူကရိန်း အစိုးရက အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရုရှားအစိုးရဟာ တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တဲ့ ရုရှားစစ်သားတွေရဲ့ရုပ်အလောင်းတွေကို လက်ခံရရှိတာမျိုး မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရုရှားမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ယူကရိန်းနဲ့ လုပ်ဆောင်ခဲ့တဲ့စစ်သုံ့ပန်းလဲလှယ်မှုအတွင်း စစ်သားအရေအတွက်ဘယ်လောက်ပါဝင်တယ်ဆိုတဲ့အချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြော ဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားက ယူကရိန္းစစ္သား႐ုပ္အေလာင္း(၁၂၀၀)ေလာင္းကို ျပန္လည္လႊဲေျပာင္းေပး
Pika (NP News) - ဇြန္ ၁၆
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ စစ္သုံ႔ပန္းလဲလွယ္မႈေတြကို ထပ္မံလုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားအစိုးရဟာ တိုက္ပြဲေတြအတြင္း ေသဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား႐ုပ္အေလာင္း (၁၂၀၀)ေလာင္းကို ယူကရိန္းကို ျပန္လည္လႊဲေျပာင္းေပးခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ ပါတယ္။ အဲဒီလဲလွယ္မႈဟာ ယခုလအေစာပိုင္းက အစၥတန္ဘူလ္ၿမိဳ႕မွာ ႐ုရွားနဲ႔ ယူကရိန္းၾကား လုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲအတြင္း ရရွိခဲ့တဲ့ သေဘာတူညီခ်က္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ တိုက္ပြဲေတြအတြင္း ေသဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္လည္လက္ခံရရွိမႈကို ယူကရိန္း အစိုးရက အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ႐ုရွားအစိုးရဟာ တိုက္ပြဲေတြအတြင္း ေသဆုံးသြားခဲ့တဲ့ ႐ုရွားစစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို လက္ခံရရွိတာမ်ိဳး မရွိခဲ့ဘူးလို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ႐ုရွားမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ ယူကရိန္းနဲ႔ လုပ္ေဆာင္ခဲ့တဲ့စစ္သုံ႔ပန္းလဲလွယ္မႈအတြင္း စစ္သားအေရအတြက္ဘယ္ေလာက္ပါဝင္တယ္ဆိုတဲ့အခ်က္ကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာ ဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။