ခြံအမှတ်(၅၄)ကို ရောင်းချမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်မှုမရှိဘဲ ရသင့်ရထိုက်သည်များ တောင်းယူရန် ရှေ့နေများထံ ညွှန်ကြားထား

 291

Iris (NP News) - ဇွန် ၁၆
ခြံအမှတ်(၅၄)ကို လေလံတင်ရောင်း ချခြင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဘက်က ကန့်ကွက် ထားခြင်းမရှိကြောင်း စုံစမ်း သိရှိရပြီး ဇွန်လ(၁၂)ရက်က တရားခွင်ဆုံးဖြတ်ချက်အရ နှစ်ဧကနီးပါးလုံးကိုသာ လေလံ တင်ရောင်းချစေ မည့်မူလဆုံးဖြတ်ချက်ကိုသာ လိုက်နာသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြခဲ့သည်ဟု သတင်းရရှိသည်။
တရားနိုင်ဖြစ်သူ ဦးအောင်ဆန်းဦး၏ ရှေ့နေများက ခြံအမှတ်(၅၄)ကို ပိုင်းခြား၍ လေ လံတင်ရောင်းချခွင့်ပြုရန် တရားရုံးသို့တင်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ကန့်ကွက်ခဲ့သည့်အပြင် တရားရုံး ဘက်ကလည်း တရားနိုင်၏တင်ပြချက်များကို ဇွန်လ(၁၂)ရက်တွင် ပယ်ချခဲ့ပြီး ဇွန်လ(၁၉)ရက်သို့ ရုံးချိန်းထပ်မံချိန်း ဆိုထားကြောင်း သိရသည်။ (၂၀၂၄) ခုနှစ်ကတည်းက စတင်လေလံပစ်၍ရောင်းချခဲ့ရာတွင် တစ်နှစ်ကျော် လာသည်အထိ လေလံဆွဲဝယ်ယူမည့်သူ မပေါ်ပေါက်ခဲ့သောကြောင့် ငါးကြိမ်မြောက်လေလံပွဲအတွက် မြေထက်ဝက် ကျော်ကို ပိုင်းခြား၍ရောင်းချရန် ဦးအောင်ဆန်းဦး၏ရှေ့နေများက တရားမကျင့်ထုံး ဥပဒေ ပုဒ်မ(၅၁)အရ တင်ပြခဲ့ခြင်း လည်း ဖြစ်သည်။ ပုဒ်မ(၅၁)တွင် လေလံမအောင်မြင်ပါက အချက်ငါးချက်ထဲမှ တစ်ချက်ချက်ကို ကျင့်သုံးလျှောက် ထားနိုင် သည်ဟုဖော်ပြပါရှိပြီး အဆိုပါအချက်ငါးချက်မှာ (က) သီးခြားဖော်ပြကာ ဒီဂရီချမှတ်သောပစ္စည်းကို လက် ရောက်ပေးအပ်ခြင်း (ခ) ပစ္စည်းတစ်ခုခုကို ဝရမ်းကပ်၍ ရောင်းချခြင်း သို့မဟုတ် ဝရမ်းမကပ်ဘဲ ရောင်းချခြင်း (ဂ) လူကိုဖမ်းဆီး၍ အချုပ်ထောင်တွင် ချုပ်နှောင်ထားခြင်း (ဃ) ပစ္စည်းထိန်းခန့်ခြင်း (င) ခွင့်ပြုသော သက်သာခွင့်အမျိုး အစားအလျောက် လိုအပ်သည့်အတိုင်း အခြားနည်းဆောင်ရွက်ခြင်း ဟူ၍ ဖြစ်သည်။ ဦးအောင်ဆန်းဦး၏ ရှေ့နေများက တရားရုံးထံ တင်ပြခဲ့သည့်အချက်မှာ (ခ)ပါ အချက်ကို အသုံးချ၍ ပစ္စည်းတစ်ခုခုကို ဝရမ်းမကပ်ဘဲ ထက်ဝက်ခြမ်းကာ ရောင်းချစေခြင်းမျိုးဖြစ်သည်။ အဆိုပါ ထက်ဝက်ပိုင်းခြားမှုတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သော နေအိမ်ရှိ သည့်ဘက်ခြမ်းကို မူရင်းအတိုင်းထားရှိပြီး အခြားသောမြေလွတ် ဧရိယာတစ်ဧကကိုသာ လေလံတင် ရောင်းချလို သည်ဟု ဦးအောင်ဆန်းဦး၏ရှေ့နေများက တင်ပြလျှောက်ထားခဲ့ခြင်းဖြစ်သည်။ ရောင်းချမှုမှ ရရှိငွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ထက်ဝက်ပိုင်ဆိုင်လိုကြောင်း တောင်းဆိုလာပါက ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဦးအောင်ဆန်းဦး ၏ရှေ့နေများဘက်က ထည့်သွင်းတင်ပြခဲ့သည်ဟု သိရသည်။
အဆိုပါအချက်ကို ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေများဘက်က စီရင်ထုံးမရှိသည့်အတွက် ကန့်ကွက်ကြောင်း တင်ပြခဲ့ကြပြီး မူလ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာဆောင်ရွက်စေလိုသည့် သဘောမျိုး ပြောကြားခဲ့ကြောင်း သိရသည်။ ဆိုလိုရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော နေအိမ်ရှိသည့်ဘက် ခြမ်းအပါအဝင် ခြံဧရိယာ (၁ ဒသမ ၉ ဧက)ကျော်လုံး ကို လေလံပစ်၍ရောင်းချစေသည့် တရားရုံးဆုံးဖြတ် ဒီဂရီကိုသာ လက်ခံခြင်းမျိုးလည်း ဖြစ်သည်။
“ထက်ဝက်ပိုင်းရောင်းမယ့်ကိစ္စကို (၂၀၁၇)တုန်းက ဆုံးဖြတ်ထားတဲ့အတိုင်းပဲလို့ လူတွေကထင်ကြတယ်။ တကယ်တော့ (၂၀၁၇) တုန်းက တရားရုံးဆုံးဖြတ်ချက်မှာ ဦးခင်မောင်အေး ဆိုသူက ပေ (၁၀ဝx၇၀) မြေကို သူပိုင် တယ်ဆိုပြီး အမှုတစ်ခုရှိခဲ့ဖူးတယ်။ အဲဒီအမှုကြောင့် ထက်ဝက် ပိုင်းခြားစေခြင်းမှာ တရားမျှတမှုမရှိလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ ဦးအောင်ဆန်းဦးဘက်က တက်ခဲ့တာ။ ဦးခင်မောင်အေးက ဒေါ်ခင်ကြည် အမည်ပေါက်ခြံ ထဲမှာ ပေ(၁၀ဝ)ပတ်လည်လောက်ကြီး လာပိုင်နေတယ်ဆိုတဲ့ကိစ္စကို မရှင်းမလင်းထားပြီး အဲဒီမြေ ပါ/မပါ မသိဘဲ ထက်ဝက်ပိုင်းဖို့ ဆုံးဖြတ်တာကိုပါ အယူခံတင်တဲ့သဘော။ အခုဟာကျတော့ နှစ်ဧကနီးပါးလုံးရောင်းချရင် ဝယ်နိုင် မယ့်သူ မရှိမှာစိုးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နေခဲ့တဲ့ အိမ်ဘက်ခြမ်းကိုချန်ထားပြီး လွတ်နေတဲ့မြေကို လေ လံတင်ရောင်းချခွင့်တင်တာ။ လုပ်နည်းမတူဘူး” ဟု အဆိုပါမြေကိစ္စကို အသေးစိတ်နီးပါး သိရှိထားသူ တစ်ဦးက NP News ကို ပြောသည်။ သို့သော် လည်း ဇွန်လ (၁၂) ရက်က တရားခွင်အရ စီရင်ထုံး မရှိသောကြောင့်ဟုဆိုကာ တရားနိုင် ဦးအောင်ဆန်းဦး ဘက်မှတင်ပြချက်ကို ပယ်ချထားကြောင်းလည်း သိရသည်။
ခြံအမှတ်(၅၄)ကို ရောင်းချရေးနှင့်ပတ် သက်၍လည်း ပြည်ထောင်စုတစ်လွှား လွှတ်တော်ချုပ်က ဆုံးဖြတ် အတည်ပြုထားပြီးသားကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်က သဘောမတူကြောင်း ကန့်ကွက်ခဲ့ခြင်းမရှိသည့်အပြင် ၎င်းရသင့်ရထိုက် သည်များကို တောင်းယူရန်သာ ရှေ့နေများထံ အသိပေးခဲ့ကြောင်း သိရသည်။ ရှေ့နေ ဒေါ်စန်းမာ လာညွန့် ဦးဆောင်သောအဖွဲ့က မီဒီယာများထံ ပွင့်လင်းမြင် သာစွာ ထုတ်ပြောခြင်းမပြုဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် ၎င်းတို့လုပ်ကိုင်ရခက်ကြောင်း လှည့်ပတ်ပြောဆိုထားသည်ကို တွေ့ရသည်။ ဒေါ်စန်းမာလာ ညွန့်တို့အား ရှေ့နေကိုယ်စားလှယ်ခန့်အပ်စာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပေးအပ်ထားသည်ဟု NP News က စုံစမ်းသိရှိရပြီး အဆိုပါစာအတွင်း၌ “ကျွန်မကိုယ်စား တရားအတိုင်း လျှောက်ထားပြောဆိုရန်လွှဲအပ်ပါကြောင်း၊ တောင်းခံ ယူထိုက်သည့် ငွေကြေးများ၊ စာရင်းအင်းများ အစရှိ သည်တို့ကို ထည့်သွင်းရှင်းလင်းလျှောက်လဲနိုင်ခွင့်” ဆိုသောအချက်များ ပါဝင်သည်ဟု စုံစမ်းသိရှိရ သည်။
အဆိုပါ လွှဲအပ်စာကိုလည်း ဒေါ်စန်းမာ လာညွန့်တို့က လက်မှတ်ထိုး၍ လက်ခံထားခြင်း ဖြစ်ကြောင်းသိရကာ လွှဲအပ်စာဖော်ပြချက်အတွင်း၌ ခြံအမှတ်(၅၄)ကို လေလံတင်ရောင်းချခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်မ ခံနိုင်၊ ကန့်ကွက်ပါကြောင်း ထည့်သွင်းရေးသားထားခြင်းမရှိသည် ကိုလည်း သိရသည်။ “ (၉)ပါးထိုင် ဆုံးဖြတ်ထားပြီး သား ကိစ္စကို မအောင်မမြင်ဖြစ်အောင် ကန့်ကွက်တာ၊ အနှောင့်အယှက်ပေးတဲ့အပြုအမူတွေ လုပ်ဆောင် တာဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပေါ် မထီမဲ့မြင်ပြုတာဖြစ်သလို သက်ဆိုင်ရာတရားသူကြီးတွေနဲ့ တရားစီရင် ရေးကိုပါ စော်ကားသလိုဖြစ်နေ တယ်ဆိုတာ တချို့လူတွေ နားလည်ဖို့သင့်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ခြံအမှတ်(၅၄)ကို လေးကြိမ်မြောက်လေလံပွဲအတွင်း၌ ကျပ်(၂၇၀)ဘီလျံအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါဈေးနှုန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများဘက်က တင်ပြခဲ့ဖူးသော ရသင့်ရထိုက်သည့်ခန့်မှန်းဈေးနှုန်း ကျပ်(၂၅၁)ဘီလျံ ကျော်ထက် ပိုမိုများပြားနေသေး ကြောင်း သိရသည်။
ယင်းပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က လေလံဈေးနှုန်းကို အစဉ်တစိုက် ကန့်ကွက်မှုများ လုပ်ဆောင်နေသော်လည်း ၎င်းတို့ ဘက်က ဈေးဖွင့်လိုပါက ဖွင့်နိုင်သည်ဟု တရားနိုင် ဘက်က တင်ပြမှုကို တရားခွင် အတွင်း၌ပင် ပယ်ရှားခဲ့ဖူးကြောင်းလည်း သိရသည်။

Zawgyi Version:
ၿခံအမွတ္(၅၄)ကို ေရာင္းခ်မည့္ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ ကန႔္ကြက္မႈမရွိဘဲ ရသင့္ရထိုက္သည္မ်ား ေတာင္းယူရန္ ေရွ႕ေနမ်ားထံ ၫႊန္ၾကားထား
Iris (NP News) - ဇြန္ ၁၆
ၿခံအမွတ္(၅၄)ကို ေလလံတင္ေရာင္း ခ်ျခင္းႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ ဘက္က ကန႔္ကြက္ ထားျခင္းမရွိေၾကာင္း စုံစမ္း သိရွိရၿပီး ဇြန္လ(၁၂)ရက္က တရားခြင္ဆုံးျဖတ္ခ်က္အရ ႏွစ္ဧကနီးပါးလုံးကိုသာ ေလလံ တင္ေရာင္းခ်ေစ မည့္မူလဆုံးျဖတ္ခ်က္ကိုသာ လိုက္နာသင့္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားက တင္ျပခဲ့သည္ဟု သတင္းရရွိသည္။
တရားႏိုင္ျဖစ္သူ ဦးေအာင္ဆန္းဦး၏ ေရွ႕ေနမ်ားက ၿခံအမွတ္(၅၄)ကို ပိုင္းျခား၍ ေလ လံတင္ေရာင္းခ်ခြင့္ျပဳရန္ တရား႐ုံးသို႔တင္ျပခဲ့ေသာ္လည္း ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားက ကန႔္ကြက္ခဲ့သည့္အျပင္ တရား႐ုံး ဘက္ကလည္း တရားႏိုင္၏တင္ျပခ်က္မ်ားကို ဇြန္လ(၁၂)ရက္တြင္ ပယ္ခ်ခဲ့ၿပီး ဇြန္လ(၁၉)ရက္သို႔ ႐ုံးခ်ိန္းထပ္မံခ်ိန္း ဆိုထားေၾကာင္း သိရသည္။ (၂၀၂၄) ခုႏွစ္ကတည္းက စတင္ေလလံပစ္၍ေရာင္းခ်ခဲ့ရာတြင္ တစ္ႏွစ္ေက်ာ္ လာသည္အထိ ေလလံဆြဲဝယ္ယူမည့္သူ မေပၚေပါက္ခဲ့ေသာေၾကာင့္ ငါးႀကိမ္ေျမာက္ေလလံပြဲအတြက္ ေျမထက္ဝက္ ေက်ာ္ကို ပိုင္းျခား၍ေရာင္းခ်ရန္ ဦးေအာင္ဆန္းဦး၏ေရွ႕ေနမ်ားက တရားမက်င့္ထုံး ဥပေဒ ပုဒ္မ(၅၁)အရ တင္ျပခဲ့ျခင္း လည္း ျဖစ္သည္။ ပုဒ္မ(၅၁)တြင္ ေလလံမေအာင္ျမင္ပါက အခ်က္ငါးခ်က္ထဲမွ တစ္ခ်က္ခ်က္ကို က်င့္သုံးေလွ်ာက္ ထားႏိုင္ သည္ဟုေဖာ္ျပပါရွိၿပီး အဆိုပါအခ်က္ငါးခ်က္မွာ (က) သီးျခားေဖာ္ျပကာ ဒီဂရီခ်မွတ္ေသာပစၥည္းကို လက္ ေရာက္ေပးအပ္ျခင္း (ခ) ပစၥည္းတစ္ခုခုကို ဝရမ္းကပ္၍ ေရာင္းခ်ျခင္း သို႔မဟုတ္ ဝရမ္းမကပ္ဘဲ ေရာင္းခ်ျခင္း (ဂ) လူကိုဖမ္းဆီး၍ အခ်ဳပ္ေထာင္တြင္ ခ်ဳပ္ေႏွာင္ထားျခင္း (ဃ) ပစၥည္းထိန္းခန႔္ျခင္း (င) ခြင့္ျပဳေသာ သက္သာခြင့္အမ်ိဳး အစားအေလ်ာက္ လိုအပ္သည့္အတိုင္း အျခားနည္းေဆာင္႐ြက္ျခင္း ဟူ၍ ျဖစ္သည္။ ဦးေအာင္ဆန္းဦး၏ ေရွ႕ေနမ်ားက တရား႐ုံးထံ တင္ျပခဲ့သည့္အခ်က္မွာ (ခ)ပါ အခ်က္ကို အသုံးခ်၍ ပစၥည္းတစ္ခုခုကို ဝရမ္းမကပ္ဘဲ ထက္ဝက္ျခမ္းကာ ေရာင္းခ်ေစျခင္းမ်ိဳးျဖစ္သည္။ အဆိုပါ ထက္ဝက္ပိုင္းျခားမႈတြင္လည္း ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ခဲ့ေသာ ေနအိမ္ရွိ သည့္ဘက္ျခမ္းကို မူရင္းအတိုင္းထားရွိၿပီး အျခားေသာေျမလြတ္ ဧရိယာတစ္ဧကကိုသာ ေလလံတင္ ေရာင္းခ်လို သည္ဟု ဦးေအာင္ဆန္းဦး၏ေရွ႕ေနမ်ားက တင္ျပေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။ ေရာင္းခ်မႈမွ ရရွိေငြကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ဘက္က ထက္ဝက္ပိုင္ဆိုင္လိုေၾကာင္း ေတာင္းဆိုလာပါက ေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း ဦးေအာင္ဆန္းဦး ၏ေရွ႕ေနမ်ားဘက္က ထည့္သြင္းတင္ျပခဲ့သည္ဟု သိရသည္။
အဆိုပါအခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ ၏ ေရွ႕ေနမ်ားဘက္က စီရင္ထုံးမရွိသည့္အတြက္ ကန႔္ကြက္ေၾကာင္း တင္ျပခဲ့ၾကၿပီး မူလ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္၏ ဆုံးျဖတ္ခ်က္အတိုင္းသာ လိုက္နာေဆာင္႐ြက္ေစလိုသည့္ သေဘာမ်ိဳး ေျပာၾကားခဲ့ေၾကာင္း သိရသည္။ ဆိုလိုရင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ခဲ့ေသာ ေနအိမ္ရွိသည့္ဘက္ ျခမ္းအပါအဝင္ ၿခံဧရိယာ (၁ ဒသမ ၉ ဧက)ေက်ာ္လုံး ကို ေလလံပစ္၍ေရာင္းခ်ေစသည့္ တရား႐ုံးဆုံးျဖတ္ ဒီဂရီကိုသာ လက္ခံျခင္းမ်ိဳးလည္း ျဖစ္သည္။
“ထက္ဝက္ပိုင္းေရာင္းမယ့္ကိစၥကို (၂၀၁၇)တုန္းက ဆုံးျဖတ္ထားတဲ့အတိုင္းပဲလို႔ လူေတြကထင္ၾကတယ္။ တကယ္ေတာ့ (၂၀၁၇) တုန္းက တရား႐ုံးဆုံးျဖတ္ခ်က္မွာ ဦးခင္ေမာင္ေအး ဆိုသူက ေပ (၁၀ဝx၇၀) ေျမကို သူပိုင္ တယ္ဆိုၿပီး အမႈတစ္ခုရွိခဲ့ဖူးတယ္။ အဲဒီအမႈေၾကာင့္ ထက္ဝက္ ပိုင္းျခားေစျခင္းမွာ တရားမွ်တမႈမရွိလို႔ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္အထိ ဦးေအာင္ဆန္းဦးဘက္က တက္ခဲ့တာ။ ဦးခင္ေမာင္ေအးက ေဒၚခင္ၾကည္ အမည္ေပါက္ၿခံ ထဲမွာ ေပ(၁၀ဝ)ပတ္လည္ေလာက္ႀကီး လာပိုင္ေနတယ္ဆိုတဲ့ကိစၥကို မရွင္းမလင္းထားၿပီး အဲဒီေျမ ပါ/မပါ မသိဘဲ ထက္ဝက္ပိုင္းဖို႔ ဆုံးျဖတ္တာကိုပါ အယူခံတင္တဲ့သေဘာ။ အခုဟာက်ေတာ့ ႏွစ္ဧကနီးပါးလုံးေရာင္းခ်ရင္ ဝယ္ႏိုင္ မယ့္သူ မရွိမွာစိုးတာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ေနခဲ့တဲ့ အိမ္ဘက္ျခမ္းကိုခ်န္ထားၿပီး လြတ္ေနတဲ့ေျမကို ေလ လံတင္ေရာင္းခ်ခြင့္တင္တာ။ လုပ္နည္းမတူဘူး” ဟု အဆိုပါေျမကိစၥကို အေသးစိတ္နီးပါး သိရွိထားသူ တစ္ဦးက NP News ကို ေျပာသည္။ သို႔ေသာ္ လည္း ဇြန္လ (၁၂) ရက္က တရားခြင္အရ စီရင္ထုံး မရွိေသာေၾကာင့္ဟုဆိုကာ တရားႏိုင္ ဦးေအာင္ဆန္းဦး ဘက္မွတင္ျပခ်က္ကို ပယ္ခ်ထားေၾကာင္းလည္း သိရသည္။
ၿခံအမွတ္(၅၄)ကို ေရာင္းခ်ေရးႏွင့္ပတ္ သက္၍လည္း ျပည္ေထာင္စုတစ္လႊား လႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ အတည္ျပဳထားၿပီးသားကိစၥအေပၚ ေဒၚေအာင္ဆန္းစုၾကည္က သေဘာမတူေၾကာင္း ကန႔္ကြက္ခဲ့ျခင္းမရွိသည့္အျပင္ ၎ရသင့္ရထိုက္ သည္မ်ားကို ေတာင္းယူရန္သာ ေရွ႕ေနမ်ားထံ အသိေပးခဲ့ေၾကာင္း သိရသည္။ ေရွ႕ေန ေဒၚစန္းမာ လာၫြန႔္ ဦးေဆာင္ေသာအဖြဲ႕က မီဒီယာမ်ားထံ ပြင့္လင္းျမင္ သာစြာ ထုတ္ေျပာျခင္းမျပဳဘဲ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ခြင့္မရသည့္အတြက္ ၎တို႔လုပ္ကိုင္ရခက္ေၾကာင္း လွည့္ပတ္ေျပာဆိုထားသည္ကို ေတြ႕ရသည္။ ေဒၚစန္းမာလာ ၫြန႔္တို႔အား ေရွ႕ေနကိုယ္စားလွယ္ခန႔္အပ္စာ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ေပးအပ္ထားသည္ဟု NP News က စုံစမ္းသိရွိရၿပီး အဆိုပါစာအတြင္း၌ “ကြၽန္မကိုယ္စား တရားအတိုင္း ေလွ်ာက္ထားေျပာဆိုရန္လႊဲအပ္ပါေၾကာင္း၊ ေတာင္းခံ ယူထိုက္သည့္ ေငြေၾကးမ်ား၊ စာရင္းအင္းမ်ား အစရွိ သည္တို႔ကို ထည့္သြင္းရွင္းလင္းေလွ်ာက္လဲႏိုင္ခြင့္” ဆိုေသာအခ်က္မ်ား ပါဝင္သည္ဟု စုံစမ္းသိရွိရ သည္။
အဆိုပါ လႊဲအပ္စာကိုလည္း ေဒၚစန္းမာ လာၫြန႔္တို႔က လက္မွတ္ထိုး၍ လက္ခံထားျခင္း ျဖစ္ေၾကာင္းသိရကာ လႊဲအပ္စာေဖာ္ျပခ်က္အတြင္း၌ ၿခံအမွတ္(၅၄)ကို ေလလံတင္ေရာင္းခ်ျခင္းအေပၚ ေဒၚေအာင္ဆန္းစုၾကည္က လက္မ ခံႏိုင္၊ ကန႔္ကြက္ပါေၾကာင္း ထည့္သြင္းေရးသားထားျခင္းမရွိသည္ ကိုလည္း သိရသည္။ “ (၉)ပါးထိုင္ ဆုံးျဖတ္ထားၿပီး သား ကိစၥကို မေအာင္မျမင္ျဖစ္ေအာင္ ကန႔္ကြက္တာ၊ အေႏွာင့္အယွက္ေပးတဲ့အျပဳအမူေတြ လုပ္ေဆာင္ တာဟာ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အေပၚ မထီမဲ့ျမင္ျပဳတာျဖစ္သလို သက္ဆိုင္ရာတရားသူႀကီးေတြနဲ႔ တရားစီရင္ ေရးကိုပါ ေစာ္ကားသလိုျဖစ္ေန တယ္ဆိုတာ တခ်ိဳ႕လူေတြ နားလည္ဖို႔သင့္တယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။ ၿခံအမွတ္(၅၄)ကို ေလးႀကိမ္ေျမာက္ေလလံပြဲအတြင္း၌ က်ပ္(၂၇၀)ဘီလ်ံအျဖစ္ သတ္မွတ္ခဲ့ၿပီး အဆိုပါေဈးႏႈန္းသည္ ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနမ်ားဘက္က တင္ျပခဲ့ဖူးေသာ ရသင့္ရထိုက္သည့္ခန႔္မွန္းေဈးႏႈန္း က်ပ္(၂၅၁)ဘီလ်ံ ေက်ာ္ထက္ ပိုမိုမ်ားျပားေနေသး ေၾကာင္း သိရသည္။
ယင္းျပင္ ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားဘက္က ေလလံေဈးႏႈန္းကို အစဥ္တစိုက္ ကန႔္ကြက္မႈမ်ား လုပ္ေဆာင္ေနေသာ္လည္း ၎တို႔ ဘက္က ေဈးဖြင့္လိုပါက ဖြင့္ႏိုင္သည္ဟု တရားႏိုင္ ဘက္က တင္ျပမႈကို တရားခြင္ အတြင္း၌ပင္ ပယ္ရွားခဲ့ဖူးေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.