(Article - 33) ကြောင့်ပြည်သူများ၏အသက်မွေးဝမ်းကြောင်းကို ထိခိုက်မှုမဖြစ်စေရန်အပါဝင် အချက်လေးချက်အား (UMFCCI) တိုက်တွန်း

110

သက်ပိုင် (NP News) - ဇွန် ၁၆
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ်-၃၃အရ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ကြောင့် ကြောင့်ပြည်သူများ၏ အသက်မွေးဝမ်း ကြောင်းကို ထိခိုက်မှုမဖြစ်စေရန်အပါဝင် အချက်လေးချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က တိုက်တွန်းကြောင်း ဇွန်လ (၁၆)ရက်နေ့က ထုတ်ပြန်သော ထုတ်ပြန်ချက်အရ သိရသည်။
ထိုအချက်လေးချက်အား (UMFCCI)အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံတကာစီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ် ပတ်သက်သူများကို အဓိကထားတိုက်တွန်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါတိုက်တွန်းချက်များမှာ (၁)ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(၃၃)အရ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မြန်မာနိုင်ငံရှိအလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်မွေးဝမ်း ကြောင်းကို ထိခိုက်မှုမဖြစ်စေရန်၊(၂)မြန်မာပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အထောက်အပံ့ဖြစ်ပေါ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည့် ဥပဒေကို လေးစာလိုက်နာလျက် တာဝန်ယူမှုရှိသော တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။
ထို့အပြင် (၃)ချက်မြောက် တိုက်တွန်းချက်မှာ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အခြေခံပြဌာန်းချက်များနှင့် လိုက်နာမှုကို တိုးမြှင့်ရန်အတွက် အလုပ်ရှင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံရှိ အခြားဆက်စပ်သူများကို အထောက်အပံ့ ပြုပေးသွားရန်နှင့် (၄)မြန်မာနိုင်ငံရှိအလုပ်ရှင်များနှင့် အလုပ်ရှင်အဖွဲ့အစည်းများ (ဥပမာ UMFCCI)ဆက်သွယ်ပူးပေါင်းမှုကို ထိန်းသိမ်းပြီး တိုးချဲ့ဆောင်ရွက်လျက် မြန်မာအလုပ်ရှင်များအနေဖြင့် အလုပ်သမားအခွင့်အရေးများကို မြှင့်တင်ခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေးများကို ကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အထများနှင့်လုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရဖော်ပြထားသည်။
(UMFCCI)အနေဖြင့် မြန်မာစီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှင်များအား ပံ့ပိုးကူညီရန် အဓိကရည်မှန်းချက်ကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ တာဝန်ယူမှုနှင့် ရေရှည်တည်တံ့သော စီးပွားရေး အခင်းအကျင်းကို လေ့ကျင့်ပြုစုလျက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွားမည်ဖြစ်ပြီး ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိတ်တူကိုယ်တူရှိသော ပြည်တွင်းအပါအဝင် နိုင်ငံတကာမိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟုဆိုကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၏ ၁၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)မှ မြန်မာနိုင်ငံအပေါ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ်-၃၃ ဖြင့်ရေးယူမည်ဖြစ်ကြောင်း ဆုံးဖြတ်ချခဲ့ခြင်းဖြစ်သည်။
ထိုသို့ (Article - 33)ဖြင့် အရေးယူခြင်းကြောင့် မြန်မာနိုင်ငံအပေါ်တွင် တစ်စုံတစ်ရာ သက်ရောက်မှုမရှိနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကလည်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
(Article - 33) ေၾကာင့္ျပည္သူမ်ား၏အသက္ေမြးဝမ္းေၾကာင္းကို ထိခိုက္မႈမျဖစ္ေစရန္အပါဝင္ အခ်က္ေလးခ်က္အား (UMFCCI) တိုက္တြန္း
သက္ပိုင္ (NP News) - ဇြန္ ၁၆
အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာအဖြဲ႕၏ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း အပိုဒ္-၃၃အရ ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္ခ်မွတ္ေၾကာင့္ ေၾကာင့္ျပည္သူမ်ား၏ အသက္ေမြးဝမ္း ေၾကာင္းကို ထိခိုက္မႈမျဖစ္ေစရန္အပါဝင္ အခ်က္ေလးခ်က္အား ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)က တိုက္တြန္းေၾကာင္း ဇြန္လ (၁၆)ရက္ေန႔က ထုတ္ျပန္ေသာ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုအခ်က္ေလးခ်က္အား (UMFCCI)အေနျဖင့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕၊ ႏိုင္ငံတကာအသိုင္းအဝိုင္း၊ ႏိုင္ငံတကာစီးပြားေရး လုပ္ငန္းမ်ားႏွင့္ ဆက္စပ္ ပတ္သက္သူမ်ားကို အဓိကထားတိုက္တြန္းရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
အဆိုပါတိုက္တြန္းခ်က္မ်ားမွာ (၁)ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း(၃၃)အရ ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္းသည္ ျမန္မာႏိုင္ငံရွိအလုပ္ရွင္မ်ား၊ အလုပ္သမားမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ျပည္သူမ်ား၏ အသက္ေမြးဝမ္း ေၾကာင္းကို ထိခိုက္မႈမျဖစ္ေစရန္၊(၂)ျမန္မာျပည္သူမ်ား၏ အသက္ေမြးဝမ္းေၾကာင္းကို အေထာက္အပံ့ျဖစ္ေပၚေစရန္ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးမည့္ ဥပေဒကို ေလးစာလိုက္နာလ်က္ တာဝန္ယူမႈရွိေသာ တရားဝင္စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားရန္ တိုက္တြန္းထားသည္။
ထို႔အျပင္ (၃)ခ်က္ေျမာက္ တိုက္တြန္းခ်က္မွာ ျမန္မာႏိုင္ငံအေနျဖင့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕၏ အေျခခံျပဌာန္းခ်က္မ်ားႏွင့္ လိုက္နာမႈကို တိုးျမႇင့္ရန္အတြက္ အလုပ္ရွင္မ်ားႏွင့္ အလုပ္သမားအဖြဲ႕အစည္းမ်ား အပါအဝင္ ျမန္မာႏိုင္ငံရွိ အျခားဆက္စပ္သူမ်ားကို အေထာက္အပံ့ ျပဳေပးသြားရန္ႏွင့္ (၄)ျမန္မာႏိုင္ငံရွိအလုပ္ရွင္မ်ားႏွင့္ အလုပ္ရွင္အဖြဲ႕အစည္းမ်ား (ဥပမာ UMFCCI)ဆက္သြယ္ပူးေပါင္းမႈကို ထိန္းသိမ္းၿပီး တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ ျမန္မာအလုပ္ရွင္မ်ားအေနျဖင့္ အလုပ္သမားအခြင့္အေရးမ်ားကို ျမႇင့္တင္ျခင္း၊ လုပ္ငန္းခြင္ ဆက္ဆံေရးမ်ားကို ေကာင္းမြန္ေအာင္ျပဳလုပ္ျခင္းႏွင့္ တာဝန္ယူမႈရွိေသာ စီးပြားေရးအေလ့အထမ်ားႏွင့္လုပ္ငန္းစဥ္မ်ားကို ျမႇင့္တင္ေဆာင္႐ြက္ရန္တို႔ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရေဖာ္ျပထားသည္။
(UMFCCI)အေနျဖင့္ ျမန္မာစီးပြားေရးလုပ္ငန္းမ်ားႏွင့္ အလုပ္ရွင္မ်ားအား ပံ့ပိုးကူညီရန္ အဓိကရည္မွန္းခ်က္ကို စဥ္ဆက္မျပတ္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး၊ တာဝန္ယူမႈႏွင့္ ေရရွည္တည္တံ့ေသာ စီးပြားေရး အခင္းအက်င္းကို ေလ့က်င့္ျပဳစုလ်က္ ျမန္မာျပည္သူမ်ားအတြက္ အလုပ္အကိုင္မ်ား ဖန္တီးေပးသြားမည္ျဖစ္ၿပီး ထိုသို႔ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ စိတ္တူကိုယ္တူရွိေသာ ျပည္တြင္းအပါအဝင္ ႏိုင္ငံတကာမိတ္ဖက္မ်ားႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ျမန္မာႏိုင္ငံတြင္ အလုပ္သမားအခြင့္အေရးႏွင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိသည္ဟုဆိုကာ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာညီလာခံ (ILC) ၏ ၁၁၃ ႀကိမ္ေျမာက္ အစည္းအေဝးတြင္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ (ILO)မွ ျမန္မာႏိုင္ငံအေပၚ ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း အပိုဒ္-၃၃ ျဖင့္ေရးယူမည္ျဖစ္ေၾကာင္း ဆုံးျဖတ္ခ်ခဲ့ျခင္းျဖစ္သည္။
ထိုသို႔ (Article - 33)ျဖင့္ အေရးယူျခင္းေၾကာင့္ ျမန္မာႏိုင္ငံအေပၚတြင္ တစ္စုံတစ္ရာ သက္ေရာက္မႈမရွိႏိုင္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကလည္း သတင္းထုတ္ျပန္ထားသည္။