လက်ရှိ ဘဏ္ဍာနှစ်၏ ကုန်ထုတ်လမ်းပိုင်းနှင့် တံတားများအတွက် ငွေကျပ်(၁၉)ဘီလျံ သုံးစွဲမည်

 95

ချယ်ရီ (NP News) - ဇွန် ၁၆

လက်ရှိ (၂၀၂၅- ၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်းပိုင်း (၁၁၆)မိုင်နှင့် တံတား (၃ဝ၅)စင်းကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ငွေကျပ် (၁၉) ဘီလျံသုံးစွဲသွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အဓိကအားဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်သော အခြေအနေအထိ အထောက်အကူပြုနိုင်သော လမ်းများကို ဆောင်ရွက်ပေးရန်၊ လမ်းတံတားများ ဆောင်ရွက်ပေး ရန် ရည်ရွယ်ချက်ဖြင့် ကုန်ထုတ်လမ်းများ ဖောက်လုပ် ပေးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“(၂၀၂၅- ၂၀၂၆) ဘဏ္ဍာရေးနှစ်မှာဆိုရင် ပြည်ထောင်စုရန်ပုံငွေနဲ့ ကုန်ထုတ်လမ်းပိုင်း (၁၁၆)မိုင်နဲ့ တံတား (၃၀၅) စင်းကို အကောင်ထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကုန်ထုတ်လမ်းကို ကျေးရွာပေါင်း (၁၁၅) ရွာမှာရှိတဲ့ လမ်းတွေကို ကျပ် (၁၉)ဘီလျံနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်တမ်းလိုအပ်ချက်အရ လုပ်မယ်ဆို ရင်တော့ လိုတာတွေက အများကြီးပါ။ သို့သော် စီမံကိန်းတွေက အများကြီးဖြစ်တဲ့အတွက် မျှပြီးတော့ တစ်နှစ်နဲ့ တစ်နှစ်ကို သူရဲ့ Plan အတိုင်း လျာထားဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ စီမံကိန်းကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှလွဲ၍ ကျန်တိုင်း ဒေသကြီး၊ ပြည်နယ် (၁၂)ခု၌ အကောင်ထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကာ လက်ရှိကာလ လုပ်ငန်းများအကောင်ထည်ဖော် ဆောင်ရွက်မှုဖြင့် ဌာနမှ တင်ဒါခေါ်ယူသည့်အစီအစဉ်နှင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တင်ဒါခေါ်ယူသည့် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေး နှစ်၌ ကုန်ထုတ်လမ်း၊ ရွာတွင်းလမ်းနှင့် တံတားများ ဆောင်ရွက်ရာတွင် ကုန်ထုတ်လမ်း မိုင်ပေါင်း (၂၀၃)မိုင် (၅) ဖာလုံနှင့် တံတား (၃၉၃) စင်းတို့ကို ကုန်ကျငွေ ကျပ် (၂၁ ဒသမ ၃၆) ဘီလျံဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ရာဂီမုန်တိုင်းဒဏ်၏ရိုက်ခတ်မှုကြောင့် လမ်းတံတား ပျက်စီးသွားမှုများ လည်းရှိခဲ့ကြောင်း သိရသည်။
“ရေကြီးမှုက လုပ်ငန်းအပေါ်ရိုက်ခဲ့မှု ဖြစ်ခဲ့တာပေါ့။ ကျေးလက်ဦးစီးဌာနက ဆောင်ရွက်ပေးထားတဲ့ ဒီကုန် ထုတ်လမ်းတွေ၊ ရွာတွင်းလမ်းတွေ နောက်စီမံကိန်းတွေက ဆောင်ရွက်ပေးထားတဲ့ လမ်းတံတားတွေ ရာဂီကြောင့် တိုင်း ဒေသကြီး၊ ပြည်နယ် (၇)ခုမှာ ကုန်ထုတ်လမ်း (၁၂၁)လမ်း၊ ရွာတွင်း လမ်းပေါင်း (၁၁) လမ်း စုစုပေါင်း (၁၃၂)လမ်းနဲ့ တံတား (၁၉)စင်း ပျက်စီးခဲ့တယ်။ အဲဒါကနေ ပြီးခဲ့တဲ့နှစ်ထဲမှာ ပဲ (၁၂၄) လမ်းနဲ့တံတား (၁၈)စင်းကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးပြီးဖြစ်တယ်။ ကျန်ရှိတဲ့လမ်းတွေကို (၂၅-၂၆)မှာ ဆက်ပြီးတော့လျာထားပြီး ဆောင်ရွက်ပေးနေ တယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ထို့ပြင် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့ သည့် ငလျင်ကြီးကြောင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ် (၃) ခုမှ ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်း (၅)လမ်းနှင့် တံတား (၆) စင်း ပျက်စီးခဲ့ရသည့်အတွက် လက်ရှိဘဏ္ဍာရေးနှစ် အတွင်း ပြုပြင်ဆောင်ရွက်နေရာ မကြာခင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လက္ရွိ ဘ႑ာႏွစ္၏ ကုန္ထုတ္လမ္းပိုင္းႏွင့္ တံတားမ်ားအတြက္ ေငြက်ပ္(၁၉)ဘီလ်ံ သုံးစြဲမည္
ခ်ယ္ရီ (NP News) - ဇြန္ ၁၆
လက္ရွိ (၂၀၂၅- ၂၀၂၆) ဘ႑ာေရးႏွစ္တြင္ ကုန္ထုတ္လမ္းပိုင္း (၁၁၆)မိုင္ႏွင့္ တံတား (၃ဝ၅)စင္းကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္အတြက္ ေငြက်ပ္ (၁၉) ဘီလ်ံသုံးစြဲသြားမည္ျဖစ္ေၾကာင္း သမဝါယမႏွင့္ ေက်းလက္ ဖြံ႕ၿဖိဳးေရးဝန္ႀကီး ဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမွ အဓိကအားျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ စိုက္ပ်ိဳး၊ ေမြးျမဴေရးႏွင့္ အျခားစီးပြားေရး ထြက္ကုန္မ်ားကို ကုန္က်စရိတ္အနည္းဆုံးျဖင့္ လ်င္ျမန္စြာ သယ္ယူပို႔ေဆာင္ႏိုင္ေသာ အေျခအေနအထိ အေထာက္အကူျပဳႏိုင္ေသာ လမ္းမ်ားကို ေဆာင္႐ြက္ေပးရန္၊ လမ္းတံတားမ်ား ေဆာင္႐ြက္ေပး ရန္ ရည္႐ြယ္ခ်က္ျဖင့္ ကုန္ထုတ္လမ္းမ်ား ေဖာက္လုပ္ ေပးေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“(၂၀၂၅- ၂၀၂၆) ဘ႑ာေရးႏွစ္မွာဆိုရင္ ျပည္ေထာင္စုရန္ပုံေငြနဲ႔ ကုန္ထုတ္လမ္းပိုင္း (၁၁၆)မိုင္နဲ႔ တံတား (၃၀၅) စင္းကို အေကာင္ထည္ေဖာ္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ဒီကုန္ထုတ္လမ္းကို ေက်း႐ြာေပါင္း (၁၁၅) ႐ြာမွာရွိတဲ့ လမ္းေတြကို က်ပ္ (၁၉)ဘီလ်ံနဲ႔ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။ တကယ္တမ္းလိုအပ္ခ်က္အရ လုပ္မယ္ဆို ရင္ေတာ့ လိုတာေတြက အမ်ားႀကီးပါ။ သို႔ေသာ္ စီမံကိန္းေတြက အမ်ားႀကီးျဖစ္တဲ့အတြက္ မွ်ၿပီးေတာ့ တစ္ႏွစ္နဲ႔ တစ္ႏွစ္ကို သူရဲ႕ Plan အတိုင္း လ်ာထားေဆာင္႐ြက္ရတာ ျဖစ္ပါတယ္” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
အဆိုပါ စီမံကိန္းကို ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တို႔မွလြဲ၍ က်န္တိုင္း ေဒသႀကီး၊ ျပည္နယ္ (၁၂)ခု၌ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ကာ လက္ရွိကာလ လုပ္ငန္းမ်ားအေကာင္ထည္ေဖာ္ ေဆာင္႐ြက္မႈျဖင့္ ဌာနမွ တင္ဒါေခၚယူသည့္အစီအစဥ္ႏွင့္ ေဆာင္႐ြက္ေနျခင္းျဖစ္သည့္အတြက္ တင္ဒါေခၚယူသည့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ၎က ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄- ၂၀၂၅) ဘ႑ာေရး ႏွစ္၌ ကုန္ထုတ္လမ္း၊ ႐ြာတြင္းလမ္းႏွင့္ တံတားမ်ား ေဆာင္႐ြက္ရာတြင္ ကုန္ထုတ္လမ္း မိုင္ေပါင္း (၂၀၃)မိုင္ (၅) ဖာလုံႏွင့္ တံတား (၃၉၃) စင္းတို႔ကို ကုန္က်ေငြ က်ပ္ (၂၁ ဒသမ ၃၆) ဘီလ်ံျဖင့္ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ေပးခဲ့ၿပီးျဖစ္ရာ ရာဂီမုန္တိုင္းဒဏ္၏႐ိုက္ခတ္မႈေၾကာင့္ လမ္းတံတား ပ်က္စီးသြားမႈမ်ား လည္းရွိခဲ့ေၾကာင္း သိရသည္။
“ေရႀကီးမႈက လုပ္ငန္းအေပၚ႐ိုက္ခဲ့မႈ ျဖစ္ခဲ့တာေပါ့။ ေက်းလက္ဦးစီးဌာနက ေဆာင္႐ြက္ေပးထားတဲ့ ဒီကုန္ ထုတ္လမ္းေတြ၊ ႐ြာတြင္းလမ္းေတြ ေနာက္စီမံကိန္းေတြက ေဆာင္႐ြက္ေပးထားတဲ့ လမ္းတံတားေတြ ရာဂီေၾကာင့္ တိုင္း ေဒသႀကီး၊ ျပည္နယ္ (၇)ခုမွာ ကုန္ထုတ္လမ္း (၁၂၁)လမ္း၊ ႐ြာတြင္း လမ္းေပါင္း (၁၁) လမ္း စုစုေပါင္း (၁၃၂)လမ္းနဲ႔ တံတား (၁၉)စင္း ပ်က္စီးခဲ့တယ္။ အဲဒါကေန ၿပီးခဲ့တဲ့ႏွစ္ထဲမွာ ပဲ (၁၂၄) လမ္းနဲ႔တံတား (၁၈)စင္းကို ျပန္လည္ျပဳျပင္ ေဆာင္႐ြက္ေပးၿပီးျဖစ္တယ္။ က်န္ရွိတဲ့လမ္းေတြကို (၂၅-၂၆)မွာ ဆက္ၿပီးေတာ့လ်ာထားၿပီး ေဆာင္႐ြက္ေပးေန တယ္” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
ထို႔ျပင္ မတ္လ (၂၈) ရက္က လႈပ္ခတ္ခဲ့ သည့္ ငလ်င္ႀကီးေၾကာင့္လည္း တိုင္းေဒသႀကီး၊ ျပည္နယ္ (၃) ခုမွ ကုန္ထုတ္လမ္းႏွင့္ ႐ြာတြင္းလမ္း (၅)လမ္းႏွင့္ တံတား (၆) စင္း ပ်က္စီးခဲ့ရသည့္အတြက္ လက္ရွိဘ႑ာေရးႏွစ္ အတြင္း ျပဳျပင္ေဆာင္႐ြက္ေနရာ မၾကာခင္ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.