အီရန်ကို နျူကလီးယားလက်နက်တွေ လုံးဝစွန့်လွှတ်ဖို့ ဒေါ်နယ်ထရမ့်ပြော

 279

Pika (NP News) - ဇွန် ၁၈

အီရန်နဲ့ နျူကလီးယားပြဿနာကို အမှန်တကယ်အဆုံးသတ်လိုကြောင်းနဲ့ အီရန်ကို နျူကလီးယားလက်နက်တွေအပေါ် လုံးဝစွန့်လွှတ်မှုတွေလုပ်ဆောင်စေလိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကနေဒါနိုင်ငံကနေ ထွက်ခွာစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ နှေးကွေးနေလိမ့်မှာ မဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ခန့်မှန်းပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "အစ္စရေးရဲ့ အီရန်အပေါ်တိုက်ခိုက်မှုတွေက အခုအချိန်အထိတော့ သိပ်မသိသာသေးဘူးဆိုပေမယ့် နောက်ထပ်နှစ်ရက်လောက်နေရင် သိသာလာပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်သံတမန်စတိဗ်ဝစ်အော့ဖ်နဲ့ ဒုသမ္မတ JD Vance တို့ကို စေလွှတ်နိုင်ခြေက ဖြစ်နိုင်တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့နျူကလီးယားသဘောတူညီချက်တစ်ခုကို ပြုလုပ်ဖို့ ရည်မှန်းထားဆဲဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

zawgyi version
အီရန္ကို န်ဴကလီးယားလက္နက္ေတြ လုံးဝစြန႔္လႊတ္ဖို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၁၈

အီရန္နဲ႔ န်ဴကလီးယားျပႆနာကို အမွန္တကယ္အဆုံးသတ္လိုေၾကာင္းနဲ႔ အီရန္ကို န်ဴကလီးယားလက္နက္ေတြအေပၚ လုံးဝစြန႔္လႊတ္မႈေတြလုပ္ေဆာင္ေစလိုတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ ကေနဒါႏိုင္ငံကေန ထြက္ခြာစဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရန္အေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈေတြဟာ ေႏွးေကြးေနလိမ့္မွာ မဟုတ္ဘူးလို႔လည္း ေဒၚနယ္ထရမ့္က ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "အစၥေရးရဲ႕ အီရန္အေပၚတိုက္ခိုက္မႈေတြက အခုအခ်ိန္အထိေတာ့ သိပ္မသိသာေသးဘူးဆိုေပမယ့္ ေနာက္ထပ္ႏွစ္ရက္ေလာက္ေနရင္ သိသာလာပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

အီရန္နဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ဖို႔အတြက္ အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အေမရိကန္သံတမန္စတိဗ္ဝစ္ေအာ့ဖ္နဲ႔ ဒုသမၼတ JD Vance တို႔ကို ေစလႊတ္ႏိုင္ေျခက ျဖစ္ႏိုင္တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အီရန္နဲ႔န်ဴကလီးယားသေဘာတူညီခ်က္တစ္ခုကို ျပဳလုပ္ဖို႔ ရည္မွန္းထားဆဲျဖစ္တယ္လို႔ အေမရိကန္အစိုးရက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.