အပစ်အခတ်ရပ်စဲရေးအလွန် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး

 177

သန်းထိုက်စိုး (NP News) - ဇွန် ၁၈

အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေးသည် ယခုနှစ် မေလဆန်းပိုင်းတွင် အင်အားပြည့်စစ်ဖြစ် လုနီးပါး အခြေအနေတစ်ရပ်သို့ ရောက်ရှိခဲ့သည်။ ဧပြီလ (၂၂)ရက်တွင် အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသည့် ကက်ရှ် မီးယားဒေသရှိ Pahalgam တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ (၂၆)ဦး သေဆုံးခဲ့သည်။ အများစု မှာ ခရီးသွားများဖြစ်ကြပြီး အခြား ဒါဇင်နှင့်ချီ၍လည်း ဒဏ်ရာရရှိခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားကြသည့် တပ်မတော်နှစ်ရပ်ကြားထိတွေ့မှုသည် ထိလွယ် ရှလွယ် ဆက်ဆံရေးဖြစ်ပြီး မေလ (၁၀)ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ယခုအခါ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် ထိပ်တိုက်တွေ့ဆုံမှု အဆုံးသတ်ခဲ့ပြီးဖြစ်သော်လည်း တင်းမာမှုများဆက်ရှိနေဆဲ ဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် Pahalgam တိုက်ခိုက်မှုအပြီးတွင် စစ်ပွဲအဖြစ် တိုက်ရိုက်တိုက် ခိုက်ခြင်းမရှိကြသော်လည်း တစ်နိုင်ငံ၏အားနည်းချက်ကို တစ်နိုင်ငံက တိုက်ခိုက်ရန် ကြိုးပမ်းနေကြ သည်။ ပါကစ္စတန်နိုင်ငံက နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒအပေါ် ထောက်ခံမှုအား စွန့်လွှတ်သည့် တိုင် အိန္ဒိယနိုင်ငံအနေဖြင့် Indus Waters Treaty အား ထိန်းချုပ်ရန်ဆုံးဖြတ်ထားသည်။ အိန္ဒိယနယ် မြေထဲအထိ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာပါက နှစ်နိုင်ငံအကြား စစ်ရေးအရ ထိပ်တိုက်တွေ့မှုများ မကြာခဏဆိုသကဲ့သို့ ဖြစ်နိုင်သည်ဟု ခန့်မှန်းချက်များလည်း ရှိသည်။

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် မေလ (၁၂)ရက်တွင် နိုင်ငံသို့မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ အိန္ဒိယနိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်စခန်းများကို အင်အားသုံးတိုက်ခိုက်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း ၊ ယင်းမှာ new normal တစ်ခု ဖြစ်ကြောင်း ၊ အိန္ဒိယနယ်မြေအတွင်း မည်သည့်အကြမ်းဖက်တိုက်ခိုက်မှုကိုမဆို အိန္ဒိယနိုင်ငံအား စစ်ကြေညာမှုအဖြစ် ယူဆမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မိုဒီပြောသည့် နောက်ဆက်တွဲ မိန့်ခွန်းများတွင် မေလ (၆၊ ၇) ရက်နေ့ည အိန္ဒိယနိုင်ငံက တိုက်ခိုက်ခဲ့သည့် Operation Sindoor စစ်ရေး တိုက်ခိုက်မှုသည် ပြီးဆုံးခြင်းမရှိသေးကြောင်း၊ ပြည်သူ များ၏အင်အားနှင့် စစ်ဆင်ရေးကို ရှေ့ဆက်သွား မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဘက် ကလည်း တိုက်ခိုက်မှုလျှော့ချခဲ့ခြင်းမရှိသည့် အတွက် အိန္ဒိယနိုင်ငံအတွက်လည်း ဒေါသထွက်စရာ ဖြစ်ခဲ့ သည်။ အိန္ဒိယနိုင်ငံအနေဖြင့် သံတမန်ရေးအဆင့်တွင် ပါကစ္စတန်နိုင်ငံနှင့်စေ့စပ်ညှိနှိုင်းရန် အဆင်သင့် မဖြစ်သေးကြောင်း၊ အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပေါ်သည့် မည်သည့်အကြမ်းဖက်တိုက်ခိုက်မှုကိုမဆို နှစ် နိုင်ငံကြား စစ်ရေးအရတိုက်ရိုက်တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောဆိုခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် ဆယ်စုနှစ်ပေါင်းများစွာ မဖြေရှင်းနိုင်သေးသည့်အငြင်းပွားမှု အတော်များများရှိနေဆဲဖြစ်သည်။ နှစ်နိုင်ငံတို့သည် (၁၉၄၇-၄၈) ခုနှစ်၊ (၁၉၆၅) ခုနှစ်၊ (၁၉၇၁)ခုနှစ် နှင့် (၁၉၉၉) ခုနှစ်တို့တွင် စစ်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ နှစ်ဖက်ပဋိပက္ခများတွင် စေ့စပ်ညှိနှိုင်းခြင်းဖြင့် ရပ်စဲခဲ့ ကြသည်။ သို့သော် Jammu နှင့် Kashmir ပြဿနာတို့မှာ ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။ (၁၉၈၀) ပြည့်နှစ် နောက်ပိုင်းကတည်းက ပါကစ္စတန် ထောက်လှမ်းရေးဟာ အကြမ်းဖက်တိုက်ခိုက်မှု တွေ ပြုလုပ်ဖို့ စနစ်တကျ လေ့ကျင့်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ စစ်သွေးကြွ Jammu နှင့် Kashmir ဒေသများသို့ စေလွှတ်ပြီး အိန္ဒိယကို တိုက်ခိုက်စေခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အခြားသော ဒေသ များနှင့် Jammu နှင့် Kashmir ဒေသတို့တွင် ဖြစ်ပွားသည့်အကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ် တွင် ပါကစ္စတန်အစိုးရရှိနေ ကြောင်း အိန္ဒိယအစိုးရကလည်း မကြာခဏစွပ်စွဲ ပြောဆိုလေ့ရှိသည်။ တစ်ချိန်တည်းမှာပင် ပါကစ္စတန် နိုင်ငံအနေဖြင့် နိုင်ငံသား(၉)သောင်းကျော်တို့၏ အသက်များကို ပေးဆပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးတွင် ဦးဆောင်နေကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုလေ့ ရှိသည်။

ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမေရိကန် ဒေါ်လာ (၁၅၂)ဘီလျံကျော် ဆုံးရှုံးခဲ့ ကြောင်းလည်း ပါကစ္စတန်က ထည့်သွင်းပြောဆိုတတ်သည်။ အိန္ဒိယနိုင်ငံသည် Balochistan ပြည်နယ်ရှိ အကြမ်းဖက်အဖွဲ့များနှင့် သောင်းကျန်းသူများကို ထောက်ပံ့ပေးခြင်းနှင့် အကြမ်းဖက်မှုများ လှုံ့ဆော်ပေး ခြင်းတို့ပြုလုပ်နေကြောင်း ပါကစ္စတန်အစိုးရကလည်း ပြန်လည်စွပ်စွဲပြောဆိုသည်။

Jammu နှင့် Kashmir ပဋိပက္ခအပေါ်တွင် တင်းမာမှုများ ထပ်ဖြစ်လာရာတွင် Indus Water Treaty ပြဿနာဖြစ်လာတော့သည်။ အဆိုပါစာချုပ်သည် (၆၄)နှစ် သက်တမ်းဖြစ်သော်လည်း Pahalga- m တိုက်ခိုက်မှုကိစ္စအကြောင်းပြုပြီး Indus Water Treaty စာချုပ်အားတစ်ဖက်သတ် ရပ်ဆိုင်းခဲ့ရာ ပြဿနာမှာ မီးလောင်ရာ လေပင့်ဆိုသကဲ့သို့ ဖြစ်လာတော့သည်။

Indus Waters Treaty အရ Sutlej, Ravi နှင့် Beas စသည့် အရှေ့ဘက်မြစ်များမှ စီးဆင်းသည့် ရေကို အိန္ဒိယနိုင်ငံအတွက် ခွဲဝေ ပေးထားပြီး Jhelum, Chenab နှင့် Indus အနောက်ဖက် မြစ်များမှ စီးဆင်းသည့်ရေတို့ကို အိန္ဒိယနိုင်ငံအတွက် အကန့်အသတ်နှင့် ခွဲဝေပေးပြီး ပါကစ္စတန်နိုင်ငံဘက်ကို ခွဲဝေပေးထားခြင်းဖြစ်သည်။ မြစ်ကမ်းဘေးတွင် ရှိသည့် အိန္ဒိယနိုင်ငံသည် မြစ်ရေစီးပေါ်မှ ဓာတ်အား အများအပြား ထုတ်ယူသုံးစွဲနိုင်သည်။ အိန္ဒိယနိုင်ငံဘက်က Indus Waters Treaty (IWT) ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်သည် ပါကစ္စတန်နိုင်ငံအတွက် သေရေးရှင်ရေးတမျှ ဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပါကစ္စတန်ဘက်သို့ သဘာဝအလျောက်စီးဆင်းနေသည့် ရေစီးကြောင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ် သော ရေဆိုင်ရာအဆောက်အအုံများ မရှိသေးသော်လည်း IWT စာချုပ်၏ ပြဋ္ဌာန်းချက်ပါတာဝန်များအား ဆိုင်းငံ့လိုက်ခြင်းသည် မြစ်အောက်ပိုင်းအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၏ (၈၀) ရာခိုင်နှုန်းနှင့် စီးပွားရေး၏ လေးပုံတစ်ပုံသည် အနောက်ဖက်မြစ်များအပေါ် တွင် မှီခိုနေရခြင်းဖြစ်သည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍ၏ သုံးပုံတစ်ပုံမှာ ရေအား လျှပ်စစ်မှရယူခြင်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံသည် ရေရှားပါးသည့်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး (၂၀၂၅) ခုနှစ် တွင် နိုင်ငံသားတစ်ဦးချင်း၏ ရေသုံးစွဲနိုင်မှုပမာဏမှာ (၈၀ဝ) ကုဗမီတာ နီးပါးသာ ရှိသည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ IWT စာချုပ်အား ဆိုင်းငံ့ရန်ဆုံးဖြတ်ခြင်းအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။ မျှဝေအသုံးပြုရမည့် ရေအရင်းအမြစ်အား လက်နက်သဖွယ်အသုံးချ ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချခဲ့သည်။ IWT စာချုပ်အရဖြစ်စေ၊ မြစ်အောက်ပိုင်းနိုင်ငံ၏ အခွင့်အရေးဖြစ်စေ ပါကစ္စတန် နိုင်ငံဘက်က ပိုင်ဆိုင်ရမည့်ရေစီးကြောင်းကို ပြောင်းလဲရန် သို့မဟုတ် ရပ်တန့်ရန် ကြိုးပမ်းမှုမှန်သမျှသည် ပါကစ္စတန်နိုင်ငံအား စစ်ကြေညာခြင်း အဖြစ် ယူဆရမည်ဖြစ်ပြီး ပြည်သူ့အင်အားဖြင့် တုံ့ပြန်မည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကိုဖိအားမပေးပါနဲ့ ၊ ရေဟာ ကျွန်တော်တို့ရဲ့မျဉ်းနီလိုင်းပါ ၊ ကျွန်တော်တို့ ရေတွေ ကို လမ်းကြောင်းပြောင်းဖို့ စဉ်းတောင် မစဉ်းစားပါနဲ့ ၊ ရေနဲ့သွေးဟာ အတူတူ မစီးပါဘူးလို့” ပါကစ္စတန် ဝန်ကြီးချုပ်က အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံ၏ Neelum-Jhelum ရေအားလျှပ်စစ်စီမံကိန်း ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ထိခိုက်မှုရှိလာမည်ဆိုပါက Baglihar ဆည်အပါအဝင် အိန္ဒိယနိုင်ငံရှိ ဆည်များကိုလည်း ဖျက်ဆီးသွားမည်ဖြစ်ကြောင်း Arab News သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Inter Services Public Relations ဌာန၏ ညွှန်ကြားရေး မှူးချုပ် ဗိုလ်မှူးချုပ် Ahmed Sharif Chaudhry က IWTစာချုပ်ရပ်ဆိုင်းပါက မျိုးဆက်အလိုက် ဖြစ်လာ နိုင်သည့် အကျိုးဆက်များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအား ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်တို့သည် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးချိန်မှစ၍ ကက်ရှ်မီးယား၊ Pahalgam တိုက်ခိုက်မှုနှင့် စစ်ရေးတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ၎င်းတို့၏ ဆန့်ကျင်ဘက် သဘော ထားအမြင်များကို ဆက်လက်ပြောဆိုခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံက အိန္ဒိယနိုင်ငံနှင့်ဆွေးနွေးမှုများ ပြု လုပ်လိုသော်လည်း အိန္ဒိယနိုင်ငံကမူ ပါကစ္စတန်နိုင်ငံနှင့် ဆွေးနွေးရန် အချိန်မတန်သေးဟု ထုတ်ဖော် ပြောဆိုထားသည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ယုံကြည်မှုလျော့ပါးပြီး နိမ့်ပါးသည့်အခြေအနေသို့ ရောက်ရှိ နေသည်။

နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးမှုမရှိသော်လည်း နှစ်ဖက်အကျိုးရှိသည့်ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ကြသည့် သာဓကများရှိသည်။ အိန္ဒိယနှင့်တရုတ်တို့သည်လည်း အလားတူဖြစ်သည်။ နှစ်နိုင်ငံ ကြည်းတပ်များ ထိပ်တိုက်တွေ့မှုအပါအဝင် မတူ ကွဲပြားမှုအများအပြားရှိသော်လည်း အိန္ဒိယနှင့် ပါကစ္စ တန် တို့ ဆက်လက်ကုန်သွယ်နေကြသည်။ သို့သော် အိန္ဒိယနှင့်ပါကစ္စတန်ဆက်ဆံရေးမှာမူ အခြားသော နှစ်နိုင်ငံဆက်ဆံရေးများနှင့် မတူကွဲပြားပြီး လုံးဝပျက်စီးသွားသည့် ဆက်ဆံရေးမျိုးဖြစ်သည်။ နှစ်နိုင်ငံ ဆက်ဆံရေးကို လူမျိုးစုအကြမ်းဖက်မှု၊ ဘာသာရေးကွဲပြားမှုနှင့် အမုန်းတရားဆိုသည့် တံတိုင်းများဖြင့် ပိုင်းခြားထားခြင်းဖြစ်သည်။

zawgyi version
အပစ္အခတ္ရပ္စဲေရးအလြန္ အိႏၵိယ-ပါကစၥတန္ ဆက္ဆံေရး
သန္းထိုက္စိုး (NP News) - ဇြန္ ၁၈

အိႏၵိယ-ပါကစၥတန္ ဆက္ဆံေရးသည္ ယခုႏွစ္ ေမလဆန္းပိုင္းတြင္ အင္အားျပည့္စစ္ျဖစ္ လုနီးပါး အေျခအေနတစ္ရပ္သို႔ ေရာက္ရွိခဲ့သည္။ ဧၿပီလ (၂၂)ရက္တြင္ အိႏၵိယႏိုင္ငံကထိန္းခ်ဳပ္ထားသည့္ ကက္ရွ္ မီးယားေဒသရွိ Pahalgam တြင္ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ (၂၆)ဦး ေသဆုံးခဲ့သည္။ အမ်ားစု မွာ ခရီးသြားမ်ားျဖစ္ၾကၿပီး အျခား ဒါဇင္ႏွင့္ခ်ီ၍လည္း ဒဏ္ရာရရွိခဲ့သည္။

န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားၾကသည့္ တပ္မေတာ္ႏွစ္ရပ္ၾကားထိေတြ႕မႈသည္ ထိလြယ္ ရွလြယ္ ဆက္ဆံေရးျဖစ္ၿပီး ေမလ (၁၀)ရက္တြင္ အပစ္အခတ္ရပ္စဲခဲ့ၾကသည္။ ယခုအခါ ႏွစ္ႏိုင္ငံ တပ္မေတာ္ ႏွစ္ရပ္ ထိပ္တိုက္ေတြ႕ဆုံမႈ အဆုံးသတ္ခဲ့ၿပီးျဖစ္ေသာ္လည္း တင္းမာမႈမ်ားဆက္ရွိေနဆဲ ျဖစ္သည္။ အိႏၵိယႏွင့္ပါကစၥတန္တို႔သည္ Pahalgam တိုက္ခိုက္မႈအၿပီးတြင္ စစ္ပြဲအျဖစ္ တိုက္႐ိုက္တိုက္ ခိုက္ျခင္းမရွိၾကေသာ္လည္း တစ္ႏိုင္ငံ၏အားနည္းခ်က္ကို တစ္ႏိုင္ငံက တိုက္ခိုက္ရန္ ႀကိဳးပမ္းေနၾက သည္။ ပါကစၥတန္ႏိုင္ငံက နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္ဝါဒအေပၚ ေထာက္ခံမႈအား စြန႔္လႊတ္သည့္ တိုင္ အိႏၵိယႏိုင္ငံအေနျဖင့္ Indus Waters Treaty အား ထိန္းခ်ဳပ္ရန္ဆုံးျဖတ္ထားသည္။ အိႏၵိယနယ္ ေျမထဲအထိ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ပိုမိုျဖစ္ပြားလာပါက ႏွစ္ႏိုင္ငံအၾကား စစ္ေရးအရ ထိပ္တိုက္ေတြ႕မႈမ်ား မၾကာခဏဆိုသကဲ့သို႔ ျဖစ္ႏိုင္သည္ဟု ခန႔္မွန္းခ်က္မ်ားလည္း ရွိသည္။

ဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီသည္ ေမလ (၁၂)ရက္တြင္ ႏိုင္ငံသို႔မိန႔္ခြန္းတစ္ရပ္ ေျပာၾကားခဲ့ရာ အိႏၵိယႏိုင္ငံအေနျဖင့္ ပါကစၥတန္ႏိုင္ငံအတြင္းရွိ အၾကမ္းဖက္စခန္းမ်ားကို အင္အားသုံးတိုက္ခိုက္ရန္ တြန႔္ဆုတ္ေနမည္မဟုတ္ေၾကာင္း ၊ ယင္းမွာ new normal တစ္ခု ျဖစ္ေၾကာင္း ၊ အိႏၵိယနယ္ေျမအတြင္း မည္သည့္အၾကမ္းဖက္တိုက္ခိုက္မႈကိုမဆို အိႏၵိယႏိုင္ငံအား စစ္ေၾကညာမႈအျဖစ္ ယူဆမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။ မိုဒီေျပာသည့္ ေနာက္ဆက္တြဲ မိန႔္ခြန္းမ်ားတြင္ ေမလ (၆၊ ၇) ရက္ေန႔ည အိႏၵိယႏိုင္ငံက တိုက္ခိုက္ခဲ့သည့္ Operation Sindoor စစ္ေရး တိုက္ခိုက္မႈသည္ ၿပီးဆုံးျခင္းမရွိေသးေၾကာင္း၊ ျပည္သူ မ်ား၏အင္အားႏွင့္ စစ္ဆင္ေရးကို ေရွ႕ဆက္သြား မည္ျဖစ္ေၾကာင္းေျပာဆိုခဲ့သည္။ ပါကစၥတန္ႏိုင္ငံ ဘက္ ကလည္း တိုက္ခိုက္မႈေလွ်ာ့ခ်ခဲ့ျခင္းမရွိသည့္ အတြက္ အိႏၵိယႏိုင္ငံအတြက္လည္း ေဒါသထြက္စရာ ျဖစ္ခဲ့ သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ သံတမန္ေရးအဆင့္တြင္ ပါကစၥတန္ႏိုင္ငံႏွင့္ေစ့စပ္ညႇိႏႈိင္းရန္ အဆင္သင့္ မျဖစ္ေသးေၾကာင္း၊ အိႏၵိယႏိုင္ငံအတြင္း ျဖစ္ေပၚသည့္ မည္သည့္အၾကမ္းဖက္တိုက္ခိုက္မႈကိုမဆို ႏွစ္ ႏိုင္ငံၾကား စစ္ေရးအရတိုက္႐ိုက္တိုက္ခိုက္မႈျဖစ္ႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီက ေျပာဆိုခဲ့သည္။

အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ မေျဖရွင္းႏိုင္ေသးသည့္အျငင္းပြားမႈ အေတာ္မ်ားမ်ားရွိေနဆဲျဖစ္သည္။ ႏွစ္ႏိုင္ငံတို႔သည္ (၁၉၄၇-၄၈) ခုႏွစ္၊ (၁၉၆၅) ခုႏွစ္၊ (၁၉၇၁)ခုႏွစ္ ႏွင့္ (၁၉၉၉) ခုႏွစ္တို႔တြင္ စစ္ပြဲမ်ား ျဖစ္ပြားခဲ့ၾကသည္။ ႏွစ္ဖက္ပဋိပကၡမ်ားတြင္ ေစ့စပ္ညႇိႏႈိင္းျခင္းျဖင့္ ရပ္စဲခဲ့ ၾကသည္။ သို႔ေသာ္ Jammu ႏွင့္ Kashmir ျပႆနာတို႔မွာ ယေန႔တိုင္ ေျဖရွင္းႏိုင္ျခင္းမရွိေသးပါ။ (၁၉၈၀) ျပည့္ႏွစ္ ေနာက္ပိုင္းကတည္းက ပါကစၥတန္ ေထာက္လွမ္းေရးဟာ အၾကမ္းဖက္တိုက္ခိုက္မႈ ေတြ ျပဳလုပ္ဖို႔ စနစ္တက် ေလ့က်င့္ထားတဲ့ အၾကမ္းဖက္သမားေတြနဲ႔ စစ္ေသြးႂကြ Jammu ႏွင့္ Kashmir ေဒသမ်ားသို႔ ေစလႊတ္ၿပီး အိႏၵိယကို တိုက္ခိုက္ေစခဲ့သည္။ အိႏၵိယႏိုင္ငံ၏ အျခားေသာ ေဒသ မ်ားႏွင့္ Jammu ႏွင့္ Kashmir ေဒသတို႔တြင္ ျဖစ္ပြားသည့္အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၏ ေနာက္ကြယ္ တြင္ ပါကစၥတန္အစိုးရရွိေန ေၾကာင္း အိႏၵိယအစိုးရကလည္း မၾကာခဏစြပ္စြဲ ေျပာဆိုေလ့ရွိသည္။ တစ္ခ်ိန္တည္းမွာပင္ ပါကစၥတန္ ႏိုင္ငံအေနျဖင့္ ႏိုင္ငံသား(၉)ေသာင္းေက်ာ္တို႔၏ အသက္မ်ားကို ေပးဆပ္ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ ေရးတြင္ ဦးေဆာင္ေနေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာဆိုေလ့ ရွိသည္။

ထို႔ျပင္ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ အေမရိကန္ ေဒၚလာ (၁၅၂)ဘီလ်ံေက်ာ္ ဆုံးရႈံးခဲ့ ေၾကာင္းလည္း ပါကစၥတန္က ထည့္သြင္းေျပာဆိုတတ္သည္။ အိႏၵိယႏိုင္ငံသည္ Balochistan ျပည္နယ္ရွိ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ေသာင္းက်န္းသူမ်ားကို ေထာက္ပံ့ေပးျခင္းႏွင့္ အၾကမ္းဖက္မႈမ်ား လႈံ႕ေဆာ္ေပး ျခင္းတို႔ျပဳလုပ္ေနေၾကာင္း ပါကစၥတန္အစိုးရကလည္း ျပန္လည္စြပ္စြဲေျပာဆိုသည္။

Jammu ႏွင့္ Kashmir ပဋိပကၡအေပၚတြင္ တင္းမာမႈမ်ား ထပ္ျဖစ္လာရာတြင္ Indus Water Treaty ျပႆနာျဖစ္လာေတာ့သည္။ အဆိုပါစာခ်ဳပ္သည္ (၆၄)ႏွစ္ သက္တမ္းျဖစ္ေသာ္လည္း Pahalga- m တိုက္ခိုက္မႈကိစၥအေၾကာင္းျပဳၿပီး Indus Water Treaty စာခ်ဳပ္အားတစ္ဖက္သတ္ ရပ္ဆိုင္းခဲ့ရာ ျပႆနာမွာ မီးေလာင္ရာ ေလပင့္ဆိုသကဲ့သို႔ ျဖစ္လာေတာ့သည္။

Indus Waters Treaty အရ Sutlej, Ravi ႏွင့္ Beas စသည့္ အေရွ႕ဘက္ျမစ္မ်ားမွ စီးဆင္းသည့္ ေရကို အိႏၵိယႏိုင္ငံအတြက္ ခြဲေဝ ေပးထားၿပီး Jhelum, Chenab ႏွင့္ Indus အေနာက္ဖက္ ျမစ္မ်ားမွ စီးဆင္းသည့္ေရတို႔ကို အိႏၵိယႏိုင္ငံအတြက္ အကန႔္အသတ္ႏွင့္ ခြဲေဝေပးၿပီး ပါကစၥတန္ႏိုင္ငံဘက္ကို ခြဲေဝေပးထားျခင္းျဖစ္သည္။ ျမစ္ကမ္းေဘးတြင္ ရွိသည့္ အိႏၵိယႏိုင္ငံသည္ ျမစ္ေရစီးေပၚမွ ဓာတ္အား အမ်ားအျပား ထုတ္ယူသုံးစြဲႏိုင္သည္။ အိႏၵိယႏိုင္ငံဘက္က Indus Waters Treaty (IWT) ကို ဆိုင္းငံ့ရန္ ဆုံးျဖတ္ခ်က္သည္ ပါကစၥတန္ႏိုင္ငံအတြက္ ေသေရးရွင္ေရးတမွ် ျဖစ္လာခဲ့သည္။ အိႏၵိယႏိုင္ငံတြင္ ပါကစၥတန္ဘက္သို႔ သဘာဝအေလ်ာက္စီးဆင္းေနသည့္ ေရစီးေၾကာင္းကို ခ်က္ခ်င္းရပ္တန႔္ရန္ လိုအပ္ ေသာ ေရဆိုင္ရာအေဆာက္အအုံမ်ား မရွိေသးေသာ္လည္း IWT စာခ်ဳပ္၏ ျပ႒ာန္းခ်က္ပါတာဝန္မ်ားအား ဆိုင္းငံ့လိုက္ျခင္းသည္ ျမစ္ေအာက္ပိုင္းအေပၚ အက်ိဳးသက္ေရာက္ေစမည္ ျဖစ္သည္။ ပါကစၥတန္ႏိုင္ငံ စိုက္ပ်ိဳးေရးက႑၏ (၈၀) ရာခိုင္ႏႈန္းႏွင့္ စီးပြားေရး၏ ေလးပုံတစ္ပုံသည္ အေနာက္ဖက္ျမစ္မ်ားအေပၚ တြင္ မွီခိုေနရျခင္းျဖစ္သည္။ ထို႔ျပင္ ပါကစၥတန္ႏိုင္ငံ လွ်ပ္စစ္စြမ္းအင္က႑၏ သုံးပုံတစ္ပုံမွာ ေရအား လွ်ပ္စစ္မွရယူျခင္း ျဖစ္သည္။ ပါကစၥတန္ႏိုင္ငံသည္ ေရရွားပါးသည့္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ၿပီး (၂၀၂၅) ခုႏွစ္ တြင္ ႏိုင္ငံသားတစ္ဦးခ်င္း၏ ေရသုံးစြဲႏိုင္မႈပမာဏမွာ (၈၀ဝ) ကုဗမီတာ နီးပါးသာ ရွိသည္။

ပါကစၥတန္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံ၏ IWT စာခ်ဳပ္အား ဆိုင္းငံ့ရန္ဆုံးျဖတ္ျခင္းအေပၚ ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့သည္။ မွ်ေဝအသုံးျပဳရမည့္ ေရအရင္းအျမစ္အား လက္နက္သဖြယ္အသုံးခ် ျခင္းျဖစ္ေၾကာင္း ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ ရႈတ္ခ်ခဲ့သည္။ IWT စာခ်ဳပ္အရျဖစ္ေစ၊ ျမစ္ေအာက္ပိုင္းႏိုင္ငံ၏ အခြင့္အေရးျဖစ္ေစ ပါကစၥတန္ ႏိုင္ငံဘက္က ပိုင္ဆိုင္ရမည့္ေရစီးေၾကာင္းကို ေျပာင္းလဲရန္ သို႔မဟုတ္ ရပ္တန႔္ရန္ ႀကိဳးပမ္းမႈမွန္သမွ်သည္ ပါကစၥတန္ႏိုင္ငံအား စစ္ေၾကညာျခင္း အျဖစ္ ယူဆရမည္ျဖစ္ၿပီး ျပည္သူ႔အင္အားျဖင့္ တုံ႔ျပန္မည္ဟု ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

“ကြၽန္ေတာ္တို႔ကိုဖိအားမေပးပါနဲ႔ ၊ ေရဟာ ကြၽန္ေတာ္တို႔ရဲ႕မ်ဥ္းနီလိုင္းပါ ၊ ကြၽန္ေတာ္တို႔ ေရေတြ ကို လမ္းေၾကာင္းေျပာင္းဖို႔ စဥ္းေတာင္ မစဥ္းစားပါနဲ႔ ၊ ေရနဲ႔ေသြးဟာ အတူတူ မစီးပါဘူးလို႔” ပါကစၥတန္ ဝန္ႀကီးခ်ဳပ္က အတိအလင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ပါကစၥတန္ႏိုင္ငံ၏ Neelum-Jhelum ေရအားလွ်ပ္စစ္စီမံကိန္း ကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ရာ ထိခိုက္မႈရွိလာမည္ဆိုပါက Baglihar ဆည္အပါအဝင္ အိႏၵိယႏိုင္ငံရွိ ဆည္မ်ားကိုလည္း ဖ်က္ဆီးသြားမည္ျဖစ္ေၾကာင္း Arab News သတင္းဌာနႏွင့္ေတြ႕ဆုံေမးျမန္းခန္းတစ္ခုတြင္ Inter Services Public Relations ဌာန၏ ၫႊန္ၾကားေရး မႉးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ Ahmed Sharif Chaudhry က IWTစာခ်ဳပ္ရပ္ဆိုင္းပါက မ်ိဳးဆက္အလိုက္ ျဖစ္လာ ႏိုင္သည့္ အက်ိဳးဆက္မ်ားႏွင့္ပတ္သက္၍ အိႏၵိယႏိုင္ငံအား ၿခိမ္းေျခာက္ေျပာဆိုခဲ့သည္။

အိႏၵိယႏွင့္ပါကစၥတန္တို႔သည္ အပစ္အခတ္ရပ္စဲေရး ျပဳလုပ္ၿပီးခ်ိန္မွစ၍ ကက္ရွ္မီးယား၊ Pahalgam တိုက္ခိုက္မႈႏွင့္ စစ္ေရးတိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္၍ ၎တို႔၏ ဆန႔္က်င္ဘက္ သေဘာ ထားအျမင္မ်ားကို ဆက္လက္ေျပာဆိုခဲ့ၾကသည္။ ပါကစၥတန္ႏိုင္ငံက အိႏၵိယႏိုင္ငံႏွင့္ေဆြးေႏြးမႈမ်ား ျပဳ လုပ္လိုေသာ္လည္း အိႏၵိယႏိုင္ငံကမူ ပါကစၥတန္ႏိုင္ငံႏွင့္ ေဆြးေႏြးရန္ အခ်ိန္မတန္ေသးဟု ထုတ္ေဖာ္ ေျပာဆိုထားသည္။ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ယုံၾကည္မႈေလ်ာ့ပါးၿပီး နိမ့္ပါးသည့္အေျခအေနသို႔ ေရာက္ရွိ ေနသည္။

ႏွစ္ႏိုင္ငံဆက္ဆံေရး ေႏြးေထြးမႈမရွိေသာ္လည္း ႏွစ္ဖက္အက်ိဳးရွိသည့္ကိစၥရပ္မ်ားတြင္ ပူးေပါင္း ေဆာင္႐ြက္ၾကသည့္ သာဓကမ်ားရွိသည္။ အိႏၵိယႏွင့္တ႐ုတ္တို႔သည္လည္း အလားတူျဖစ္သည္။ ႏွစ္ႏိုင္ငံ ၾကည္းတပ္မ်ား ထိပ္တိုက္ေတြ႕မႈအပါအဝင္ မတူ ကြဲျပားမႈအမ်ားအျပားရွိေသာ္လည္း အိႏၵိယႏွင့္ ပါကစၥ တန္ တို႔ ဆက္လက္ကုန္သြယ္ေနၾကသည္။ သို႔ေသာ္ အိႏၵိယႏွင့္ပါကစၥတန္ဆက္ဆံေရးမွာမူ အျခားေသာ ႏွစ္ႏိုင္ငံဆက္ဆံေရးမ်ားႏွင့္ မတူကြဲျပားၿပီး လုံးဝပ်က္စီးသြားသည့္ ဆက္ဆံေရးမ်ိဳးျဖစ္သည္။ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို လူမ်ိဳးစုအၾကမ္းဖက္မႈ၊ ဘာသာေရးကြဲျပားမႈႏွင့္ အမုန္းတရားဆိုသည့္ တံတိုင္းမ်ားျဖင့္ ပိုင္းျခားထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.