ပုလဲမြို့နယ်တွင် PDF ပူးပေါင်းအဖွဲ့က အင်အား(၃၀၀၀)ခန့်ဖြင့် ကန်ဒေါင့်နယ်မြေရဲစခန်း နှင့် ဇီးဖြူကုန်းရွာကို ပိတ်ဆို့ တိုက်ခိုက်နေ

 905

Pearl (NP News) - ဇွန် ၁၈

ပုလဲမြို့နယ်တွင် PDF ပူးပေါင်းအဖွဲ့က အင်အား (၃၀၀၀)ခန့်ဖြင့် ကန်ဒေါင့်နယ်မြေရဲစခန်းနှင့် ဇီးဖြူကုန်း ကျေးရွာကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း ဒေသခံများထံ The Statesman ဂျာနယ်မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂)ရက်နေ့မှစတင်၍ PDF ပူးပေါင်းအဖွဲ့က စစ်ကိုင်းတိုင်းဒေကြီး၊ ပုလဲမြို့ရှိ ရဲစခန်းများ ပြည်သူ့စစ်ရွာများကို တိုက်ခိုက်ခဲ့ရာ လက်ရှိတွင်လည်း ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းကို ပိတောက်ကုန်းရွာ၊ နွယ်အင်းရွာနှင့် နှောရိုးရွာတို့ရှိ လူနေအိမ်ကို အခိုင်အမာနေရာယူရာ ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

“ကန်ဒေါင့်ကို တိုက်တော့မယ်ဆိုရင် ပိတောက်ကုန်းဆိုတာရှိတယ်။ ပိတောက်ကုန်းရွာကိုအခိုင်အမာယူတယ်။ မြောက်ဘက်ဆိုရင် နွယ်အင်း၊ နှောရိုး အခိုင်အမာနေရာယူတယ်၊ ဇီးဖြူကုန်း အရှေ့ ဘက်ကငှက်ပျောတော။ အင်မထိ ကိုတိုက်မယ်ဆို လှော်ကား၊ ကျောက်ကုန်း အဲဒီ ပတ်ပတ်လည်ကို အခြေကုတ်ယူထားတာ။ လက်ရှိဆိုရင် ပိတောက်ကုန်း၊ နွယ်အင်း၊ ငှက်ပျောတောက တော်တော်ကိုများတာ။ သူတို့က လူနေအိမ်တွေရယ် ၊ စာသင်ကျောင်းတွေရယ်ကို အခိုင်အမာယူထားတာ။ အင်အား (၃၀၀၀)လောက်ကို ဖြန့်ချထားတာ။ ဇီးဖြူကုန်းက ပြည်သူ့စစ်ရွာ။ ၂ရက်နေ့တည်းက ဆိုတော့ ၁၅ရက် ပြည့်ပြီ” ဟု ဒေသခံ တစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အင်မထိကျေးရွာများကိုလည်း PDF ပူးပေါင်းအဖွဲ့က လှော်ကားကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ ငှက်ပျောတောကျေးရွာများရှိ လူနေအိမ်များနှင့် စာသင်ကျောင်းကို အခိုင်အမာနေရာယူ တိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုသည်။

“သူတို့ဘက်က ထိခိုက်မှုတွေ၊ ကျတာတွေတော့ရှိတယ်။ ဒါပေမဲ့ အင်အားက လျော့သွားတာမရှိ တိုးလာတယ်။ ပြောရရင် ယင်းမာပင်မြို့နယ်က PDF တွေ စုဖွဲ့၊ တန့်ဆည်ဘက်က PDF တွေ စုဖွဲ့၊ မြိုင်ဘက်က PDF တွေ စုဖွဲ့ပြီးမှ လာတိုက်တာ အင်အားက လျော့သွားတယ်မရှိဘူး။ TNLA ပါတယ်၊ ချင်း CDF ပါတယ်၊ AA ပါတယ်၊ KIA ပါတယ်။ ဒါပေမဲ့ KIA က အစုအဖွဲ့လိုက်ကြီးလားဆိုတော့လည်းမဟုတ်ဘူး။ နည်းပညာပေးတဲ့ကောင်တွေပါတယ်၊ ဒရုန်းအဖွဲ့တွေပါတယ်၊ အင်းတော်မှာ တိုက်တဲ့အဖွဲ့တွေပါလာတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ နှင့် PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ (၁၅)ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတွင်လည်း စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
ပုလဲၿမိဳ႕နယ္တြင္ PDF ပူးေပါင္းအဖြဲ႕က အင္အား(၃၀၀၀)ခန႔္ျဖင့္ ကန္ေဒါင့္နယ္ေျမရဲစခန္း ႏွင့္ ဇီးျဖဴကုန္း႐ြာကို ပိတ္ဆို႔ တိုက္ခိုက္ေန
Pearl (NP News) - ဇြန္ ၁၈

ပုလဲၿမိဳ႕နယ္တြင္ PDF ပူးေပါင္းအဖြဲ႕က အင္အား (၃၀၀၀)ခန႔္ျဖင့္ ကန္ေဒါင့္နယ္ေျမရဲစခန္းႏွင့္ ဇီးျဖဴကုန္း ေက်း႐ြာကို ပိတ္ဆို႔တိုက္ခိုက္ေနေၾကာင္း ေဒသခံမ်ားထံ The Statesman ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ဇြန္လ (၂)ရက္ေန႔မွစတင္၍ PDF ပူးေပါင္းအဖြဲ႕က စစ္ကိုင္းတိုင္းေဒႀကီး၊ ပုလဲၿမိဳ႕ရွိ ရဲစခန္းမ်ား ျပည္သူ႔စစ္႐ြာမ်ားကို တိုက္ခိုက္ခဲ့ရာ လက္ရွိတြင္လည္း ပုလဲ-ဂန႔္ေဂါလမ္းမေပၚရွိ ကန္ေဒါင့္နယ္ေျမရဲစခန္းကို ပိေတာက္ကုန္း႐ြာ၊ ႏြယ္အင္း႐ြာႏွင့္ ေႏွာ႐ိုး႐ြာတို႔ရွိ လူေနအိမ္ကို အခိုင္အမာေနရာယူရာ ပိတ္ဆို႔တိုက္ခိုက္ေနေၾကာင္း သိရသည္။

“ကန္ေဒါင့္ကို တိုက္ေတာ့မယ္ဆိုရင္ ပိေတာက္ကုန္းဆိုတာရွိတယ္။ ပိေတာက္ကုန္း႐ြာကိုအခိုင္အမာယူတယ္။ ေျမာက္ဘက္ဆိုရင္ ႏြယ္အင္း၊ ေႏွာ႐ိုး အခိုင္အမာေနရာယူတယ္၊ ဇီးျဖဴကုန္း အေရွ႕ ဘက္ကငွက္ေပ်ာေတာ။ အင္မထိ ကိုတိုက္မယ္ဆို ေလွာ္ကား၊ ေက်ာက္ကုန္း အဲဒီ ပတ္ပတ္လည္ကို အေျခကုတ္ယူထားတာ။ လက္ရွိဆိုရင္ ပိေတာက္ကုန္း၊ ႏြယ္အင္း၊ ငွက္ေပ်ာေတာက ေတာ္ေတာ္ကိုမ်ားတာ။ သူတို႔က လူေနအိမ္ေတြရယ္ ၊ စာသင္ေက်ာင္းေတြရယ္ကို အခိုင္အမာယူထားတာ။ အင္အား (၃၀၀၀)ေလာက္ကို ျဖန႔္ခ်ထားတာ။ ဇီးျဖဴကုန္းက ျပည္သူ႔စစ္႐ြာ။ ၂ရက္ေန႔တည္းက ဆိုေတာ့ ၁၅ရက္ ျပည့္ၿပီ” ဟု ေဒသခံ တစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ ပုလဲၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာ၊ အင္မထိေက်း႐ြာမ်ားကိုလည္း PDF ပူးေပါင္းအဖြဲ႕က ေလွာ္ကားေက်း႐ြာ၊ ေက်ာက္ကုန္းေက်း႐ြာ၊ ငွက္ေပ်ာေတာေက်း႐ြာမ်ားရွိ လူေနအိမ္မ်ားႏွင့္ စာသင္ေက်ာင္းကို အခိုင္အမာေနရာယူ တိုက္ခိုက္ေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“သူတို႔ဘက္က ထိခိုက္မႈေတြ၊ က်တာေတြေတာ့ရွိတယ္။ ဒါေပမဲ့ အင္အားက ေလ်ာ့သြားတာမရွိ တိုးလာတယ္။ ေျပာရရင္ ယင္းမာပင္ၿမိဳ႕နယ္က PDF ေတြ စုဖြဲ႕၊ တန္႔ဆည္ဘက္က PDF ေတြ စုဖြဲ႕၊ ၿမိဳင္ဘက္က PDF ေတြ စုဖြဲ႕ၿပီးမွ လာတိုက္တာ အင္အားက ေလ်ာ့သြားတယ္မရွိဘူး။ TNLA ပါတယ္၊ ခ်င္း CDF ပါတယ္၊ AA ပါတယ္၊ KIA ပါတယ္။ ဒါေပမဲ့ KIA က အစုအဖြဲ႕လိုက္ႀကီးလားဆိုေတာ့လည္းမဟုတ္ဘူး။ နည္းပညာေပးတဲ့ေကာင္ေတြပါတယ္၊ ဒ႐ုန္းအဖြဲ႕ေတြပါတယ္၊ အင္းေတာ္မွာ တိုက္တဲ့အဖြဲ႕ေတြပါလာတာ” ဟု ၎က ဆက္လက္ေျပာသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္မ်ား ႏွင့္ PDF ပူးေပါင္းအဖြဲ႕ၾကား တိုက္ပြဲျဖစ္ပြားေနသည္မွာ (၁၅)ရက္ခန႔္ ၾကာျမင့္ေနၿပီျဖစ္ၿပီး လက္ရွိတြင္လည္း စစ္ေရး တင္းမာေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.