အီရန်နိုင်ငံရဲ့ဝေဟင်ကို အလုံးစုံထိန်းချုပ်ထားနိုင်ဟု အမေရိကန်သမ္မတပြော

 694

ဂျန်ဇက် (NP News) - ဇွန် ၁၈

အမေရိကန်သမ္မတက အီရန်နိုင်ငံရဲ့ဝေဟင်ကိုအလုံးစုံထိန်းချုပ်ထားနိုင်ပြီး အီရန်နိုင်ငံကို လက်နက်ချဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို လုပ်ကြံသတ်ဖြတ်နိုင်စွမ်းရှိတယ်လို့လည်းဆိုပါတယ်။
အစ္စရေးဟာ ဇွန် ၁၃ ရက်က အီရန်နိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာနှစ်နိုင်ငံကြား တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးအမေရိကန်က အီရန်ကိုအညံခံဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
အမေရိကန်သမ္မတက "ကျွန်တော်တို့ဟာ အီရန်နိုင်ငံရဲ့ဝေဟင်ကို အလုံးစုံထိန်းချုပ်ထားတယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ရှိတဲ့နေရာကိုလည်း သိထားတယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ဟာ အလွယ်ကူဆုံးပစ်မှတ်ဖြစ်တယ်။ ဒါပေမယ့် သူဟာ ဘေးကင်းတဲ့နေရာမှာရှိနေတယ်။ ကျွန်တော်တို့ဟာ သူကိုလုပ်ကြံသတ်ဖြတ်ဖို့ လုပ်ဆောင်မှာမဟုတ်ဘူး။ သည်းခံနေတယ်" လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကလည်း အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကိုလုပ်ကြံမယ့်သတ်ဖြတ်မယ့် အစီအစဉ်ကို ငြင်းဆန်ပယ်ချထားတာမျိုးမရှိသေးပါဘူး။ အီရန်နိုင်ငံရဲ့နျူကလီးယားအစီစဉ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အစ္စရေးက အီရန်နိုင်ငံကို ဇွန်လ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့ပြီးဇွန်လ ၁၈ ရက်အထိ အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ အီရန်နိုင်ငံက ၎င်းတို့ဟာ စစ်ပွဲကို စတင်ခဲ့တာမျိုးမဟုတ်ဘဲ အီရန်ပြည်သူတွေနဲ့နိုင်ငံကို ကာကွယ်နေခြင်းမျိုးသာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးဟာအီရန်ကိုတိုက်ခိုက်ရာမှာတိုက်လေယာဉ်တွေ အဓိကထားအသုံးပြုတိုက်ခိုက်ခဲ့ပြီး အီရန်နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်စွမ်းမရှိခဲ့ပါဘူး။

Zawgyi Version:
အီရန္ႏိုင္ငံရဲ႕ေဝဟင္ကို အလုံးစုံထိန္းခ်ဳပ္ထားႏိုင္ဟု အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၈
အေမရိကန္သမၼတက အီရန္ႏိုင္ငံရဲ႕ေဝဟင္ကိုအလုံးစုံထိန္းခ်ဳပ္ထားႏိုင္ၿပီး အီရန္ႏိုင္ငံကို လက္နက္ခ်ဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အေမရိကန္ႏိုင္ငံဟာ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကို လုပ္ႀကံသတ္ျဖတ္ႏိုင္စြမ္းရွိတယ္လို႔လည္းဆိုပါတယ္။
အစၥေရးဟာ ဇြန္ ၁၃ ရက္က အီရန္ႏိုင္ငံကို ႀကိဳတင္သတိေပးခ်က္မရွိဘဲ တိုက္ခိုက္ခဲ့ရာႏွစ္ႏိုင္ငံၾကား တိုက္ခိုက္မႈမ်ားျဖစ္လာခဲ့ၿပီးအေမရိကန္က အီရန္ကိုအညံခံဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။
အေမရိကန္သမၼတက "ကြၽန္ေတာ္တို႔ဟာ အီရန္ႏိုင္ငံရဲ႕ေဝဟင္ကို အလုံးစုံထိန္းခ်ဳပ္ထားတယ္။ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ရွိတဲ့ေနရာကိုလည္း သိထားတယ္။ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ဟာ အလြယ္ကူဆုံးပစ္မွတ္ျဖစ္တယ္။ ဒါေပမယ့္ သူဟာ ေဘးကင္းတဲ့ေနရာမွာရွိေနတယ္။ ကြၽန္ေတာ္တို႔ဟာ သူကိုလုပ္ႀကံသတ္ျဖတ္ဖို႔ လုပ္ေဆာင္မွာမဟုတ္ဘူး။ သည္းခံေနတယ္" လို႔ ေျပာပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကလည္း အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီကိုလုပ္ႀကံမယ့္သတ္ျဖတ္မယ့္ အစီအစဥ္ကို ျငင္းဆန္ပယ္ခ်ထားတာမ်ိဳးမရွိေသးပါဘူး။ အီရန္ႏိုင္ငံရဲ႕န်ဴကလီးယားအစီစဥ္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အစၥေရးက အီရန္ႏိုင္ငံကို ဇြန္လ ၁၃ ရက္မွာ တိုက္ခိုက္ခဲ့ၿပီးဇြန္လ ၁၈ ရက္အထိ အျပန္အလွန္တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။ အီရန္ႏိုင္ငံက ၎တို႔ဟာ စစ္ပြဲကို စတင္ခဲ့တာမ်ိဳးမဟုတ္ဘဲ အီရန္ျပည္သူေတြနဲ႔ႏိုင္ငံကို ကာကြယ္ေနျခင္းမ်ိဳးသာျဖစ္တယ္လို႔ ဆိုပါတယ္။ အစၥေရးဟာအီရန္ကိုတိုက္ခိုက္ရာမွာတိုက္ေလယာဥ္ေတြ အဓိကထားအသုံးျပဳတိုက္ခိုက္ခဲ့ၿပီး အီရန္ႏိုင္ငံရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကအစၥေရးရဲ႕တိုက္ခိုက္မႈေတြကို ဟန႔္တားႏိုင္စြမ္းမရွိခဲ့ပါဘူး။

Related news

© 2021. All rights reserved.