ဂျပန်မှာ ဇွန်လ ၂၁ ရက်ကစ ငလျင်ငယ်ပေါင်း ၄၀၀ ကျော် လှုပ်ခတ်

 162

ရောင်နီ (NP News) - ဇွန် ၂၇

ဂျပန်နိုင်ငံ တောင်ပိုင်းမှာ ဇွန်လ ၂၁ ရက်က စ ငလျင်ငယ်ပေါင်း ၄၇၀ ကျော် လှုပ်ခတ်သွားခဲ့တယ်လို့ အမျိုးသားမိုးလေဝသအေဂျင်စီက ဇွန် ၂၆ ရက်မှာ ပြောကြားခဲ့ပြီး ဒေသခံတွေ သတိဝီရိယရှိရှိ နေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။
အဲဒီလို ငလျင်ဆက်တိုက် လှုပ်ခတ်မှုကြောင့် ထိခိုက်မှုတော့ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။ ဇွန် ၂၆ ရက် နံနက်အထိအတွင်း ဂျပန်နိုင်ငံ၊ ကျူရှူးတောင်ဘက် တိုကာရာ ကျွန်းကြိုးဝိုင်းတစ်ဝိုက်မှာ ငလျင်လှုပ်ခတ်မှု ၄၇၄ ကြိမ် ရှိခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားပါတယ်။ အဲဒီဒေသဟာ အရင်ကလည်း ငလျင်လှုပ်ခတ်မှု ကာလကြာရှည် ကြုံတွေ့ခဲ့ရဖူးတာကြောင့် အားပြင်းတဲ့ လှုပ်ခတ်မှု ဖြစ်စေတဲ့ ငလျင်တွေကို သတိထားကြဖို့ ၎င်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ပြင်းအားဟာ အမြင့်ဆုံး ၅.၁ ရက်ချ်စတာစကေးရှိပြီး ဇွန် ၂၂ ရက် က တစ်ကြိမ် နဲ့ ဇွန်လ ၂၄ ရက်က တစ်ကြိမ် အဲဒီပြင်းအားနဲ့ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ၊ တိုကာရာ ဧရိယာမှာ ၁၅ ရက်အတွင်း ငလျင် အကြိမ်ရေ ၃၄၆ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံဟာ ပြင်းအား ၉ ရက်ခ်စတာစကေးရှိ ငလျင်လှုပ်ခတ်မှု ဖြစ်နိုင်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက် ရှိနေပါတယ်။

Zawgyi Version:
ဂ်ပန္မွာ ဇြန္လ ၂၁ ရက္ကစ ငလ်င္ငယ္ေပါင္း ၄၀၀ ေက်ာ္ လႈပ္ခတ္
ေရာင္နီ (NP News) - ဇြန္ ၂၇

ဂ်ပန္ႏိုင္ငံ ေတာင္ပိုင္းမွာ ဇြန္လ ၂၁ ရက္က စ ငလ်င္ငယ္ေပါင္း ၄၇၀ ေက်ာ္ လႈပ္ခတ္သြားခဲ့တယ္လို႔ အမ်ိဳးသားမိုးေလဝသေအဂ်င္စီက ဇြန္ ၂၆ ရက္မွာ ေျပာၾကားခဲ့ၿပီး ေဒသခံေတြ သတိဝီရိယရွိရွိ ေနထိုင္ၾကဖို႔ သတိေပးလိုက္ပါတယ္။
အဲဒီလို ငလ်င္ဆက္တိုက္ လႈပ္ခတ္မႈေၾကာင့္ ထိခိုက္မႈေတာ့ ႀကီးႀကီးမားမား မရွိခဲ့ဘူးလို႔ သိရပါတယ္။ ဇြန္ ၂၆ ရက္ နံနက္အထိအတြင္း ဂ်ပန္ႏိုင္ငံ၊ က်ဴရႉးေတာင္ဘက္ တိုကာရာ ကြၽန္းႀကိဳးဝိုင္းတစ္ဝိုက္မွာ ငလ်င္လႈပ္ခတ္မႈ ၄၇၄ ႀကိမ္ ရွိခဲ့တယ္လို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီ (JMA) က ေျပာၾကားပါတယ္။ အဲဒီေဒသဟာ အရင္ကလည္း ငလ်င္လႈပ္ခတ္မႈ ကာလၾကာရွည္ ႀကဳံေတြ႕ခဲ့ရဖူးတာေၾကာင့္ အားျပင္းတဲ့ လႈပ္ခတ္မႈ ျဖစ္ေစတဲ့ ငလ်င္ေတြကို သတိထားၾကဖို႔ ၎က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ငလ်င္ျပင္းအားဟာ အျမင့္ဆုံး ၅.၁ ရက္ခ်္စတာစေကးရွိၿပီး ဇြန္ ၂၂ ရက္ က တစ္ႀကိမ္ နဲ႔ ဇြန္လ ၂၄ ရက္က တစ္ႀကိမ္ အဲဒီျပင္းအားနဲ႔ လႈပ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။
ဂ်ပန္ႏိုင္ငံ၊ တိုကာရာ ဧရိယာမွာ ၁၅ ရက္အတြင္း ငလ်င္ အႀကိမ္ေရ ၃၄၆ ႀကိမ္ လႈပ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။ ဂ်ပန္ႏိုင္ငံဟာ ျပင္းအား ၉ ရက္ခ္စတာစေကးရွိ ငလ်င္လႈပ္ခတ္မႈ ျဖစ္ႏိုင္တယ္ဆိုတဲ့ ေကာလဟာလေတြလည္း ထြက္ ရွိေနပါတယ္။

Related news

© 2021. All rights reserved.