သမိုင်းဝင်မြို့တော်အဖြစ် နာမည်ကျော်ကြားသည့် အီဒင်ဘာ့ဂ်မြို့

113

Pika (NP News) - ဇွန် ၂၇
အီဒင်ဘာ့ဂ်မြို့သည် စကော့တလန်နိုင်ငံ ၏မြို့တော်ဖြစ်ပြီး ကောင်စီဧရိယာ(၃၂)ခုထဲမှတစ်ခု လည်းဖြစ်ကာ သမိုင်းဝင်မြို့တော်နှင့် ခရီးသွားဆွဲ ဆောင်ရာနေရာတစ်ခုအဖြစ် နာမည်ကျော်ကြား သည်။ အီဒင်ဘာ့ဂ်မြို့၏ ထူးခြားသောလက္ခဏာ များ၊ (၁၂)ရာစုမှ (၁၆)ရာစုအတွင်း ဥရောပ အနောက်ခြမ်းတွင် တွေ့မြင်ရသော ဗိသုကာပညာ လက်ရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်ြွကယ်ဝမှု တို့က ၎င်းကို စကော့တလန်နိုင်ငံတွင် မဖြစ်မနေသွားရောက်လည်ပတ်ရမည့်နေရာတစ်ခုဖြစ်စေခဲ့ ကြောင်းလည်းသိရသည်။ အီဒင်ဘာ့ဂ်မြို့သည် စကော့တလန်နိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး (၂၀၂၅)ခုနှစ်အထိ ယင်းတွင်နေထိုင်သူ လူဦးရေအရေအတွက်မှာ (၅၆၃၅၃၄)ဦးရှိကာ စကော့တလန်နိုင်ငံတွင် ဒုတိယမြောက်လူဦးရေ အထူထပ်ဆုံးနှင့် ဗြိတိန်နိုင်ငံတွင် (၇)ခုမြောက်လူ ဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်စေခဲ့ကြောင်းသိရသည်။ ထို့ပြင် ကျယ်ပြန့်သောအီဒင်ဘာ့ဂ်မြို့ပြ ဧရိယာတွင် နေထိုင်သူလူဦးရေအရေအတွက်မှာ (၉၁၂၄၉၀)ဦးရှိကြောင်းလည်းသိရသည်။
သမိုင်းကြောင်းနှင့်ခေတ်သစ်ကာလ
(၁၅)ရာစုကတည်းက စကော့တလန်နိုင် ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရသော အီဒင်ဘာ့ဂ် မြို့သည် စကော့တလန်အစိုးရ၊ စကော့တလန်လွှတ် တော်၊ စကော့တလန်ရှိ အမြင့်ဆုံးတရားရုံးများနှင့် စကော့တလန်တွင် ဗြိတိသျှဘုရင် တရားဝင်နေထိုင် ရာနေရာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ အီဒင် ဘာ့ဂ်မြို့သည် စကော့တလန်ဘုရားကျောင်း၏ အထွေထွေညီလာခံကို နှစ်စဉ်ကျင်းပသည့်နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။ အထူးသဖြင့် ဆေးပညာ၊ စကော့တလန်ဥပဒေ၊ စာပေ၊ ဒဿနိက ဗေဒ၊ သိပ္ပံပညာနှင့် အင်ဂျင်နီယာ နယ်ပယ်တို့တွင် ကာလရှည်ကြာစွာ ပညာရေး အချက်အချာနေရာ တစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။ အီဒင်ဘာ့ဂ် တက္ကသိုလ်ကို (၁၅၈၂)ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြို့ရှိနာမည်ကြီး တက္ကသိုလ်(၃)ခုအနက်မှတစ်ခုအဖြစ် ဆက်လက်ရပ် တည်လျက်ရှိကြောင်းသိရသည်။ ထို့ပြင် စကော့ တလန်၏ဘဏ္ဍာရေးအချက်အချာနေရာဖြစ်သော အီဒင်ဘာ့ဂ်မြို့သည် ဗြိတိန်နိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံးဘဏ္ဍာရေးအချက်အချာနေရာ၊ ဥရောပ တွင် လေးခုမြောက်အကြီးဆုံးဘဏ္ဍာရေးအချက် အချာနေရာနှင့် ကမ္ဘာပေါ်တွင် (၁၃)ခုမြောက်အကြီး ဆုံးဘဏ္ဍာရေးအချက်အချာနေရာတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ အီဒင်ဘာ့ဂ်မြို့သည် ယဉ်ကျေးမှုအချက်အချာနေရာတစ်ခုလည်းဖြစ်ပြီး စကော့တ လန်အမျိုးသားပြတိုက်၊ စကော့တလန်အမျိုးသား စာ ကြည့်တိုက်နှင့် စကော့တလန်အမျိုးသားပြခန်းများအပါအဝင် အဖွဲ့အစည်းများစွာ၏ နေအိမ်တစ်ခုလည်း ဖြစ်သည်။ ထို့ပြင် အီဒင်ဘာ့ဂ်မြို့သည် ကမ္ဘာ့အကြီး ဆုံး နှစ်ပတ်လည် နိုင်ငံတကာအနုပညာပွဲတော်ဖြစ် သော Edinburgh International Festival and the Fringe ပွဲတော်အတွက် လူသိများကြောင်း လည်း သိရသည်။ အီဒင်ဘာ့ဂ်မြို့ရှိ သမိုင်းဝင်နေရာ များတွင် အီဒင်ဘာ့ဂ်ရဲတိုက်၊ Holyroodhouse နန်းတော်၊St. Giles၊ Greyfriars နှင့် Canongate ဘုရားကျောင်းများနှင့် (၁၈)ရာစုနှင့် (၁၉)ရာစုတို့အတွင်းတည်ဆောက်ခဲ့သော ကျယ်ပြန့်သည့် Georgian New Town တို့ပါဝင်ကြောင်းသိရ သည်။ အီဒင်ဘာ့ဂ် မြို့ဟောင်းနှင့်မြို့သစ်တို့သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများ အဖြစ် စာရင်းသွင်းခံထားရသည့်နေရာများဖြစ် ကြောင်းလည်းသိရသည်။ ထို့ပြင် အီဒင်ဘာ့ဂ်မြို့၏ သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများ သည် ၎င်းကို ဗြိတိန်နိုင်ငံတွင် ဒုတိယမြောက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးနေရာဖြစ်လာစေခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် နိုင်ငံခြားခရီးသွား(၂ ဒသမ ၄)သန်းအပါအဝင် ခရီးသွားစုစုပေါင်း(၄ ဒသမ ၉)သန်းကို ဆွဲဆောင် နိုင်ခဲ့ကြောင်းသိရသည်။
စီးပွားရေး
အီဒင်ဘာ့ဂ်မြို့သည် ဗြိတိန်နိုင်ငံတွင်းတွင် လန်ဒန်မြို့ပြီးလျှင် စီးပွားရေးအားအကောင်းဆုံးမြို့တစ်မြို့ဖြစ်ပြီး လူဦးရေ၏(၄၃)ရာခိုင်နှုန်းသည် ဒီဂရီ အဆင့် သို့မဟုတ် ပရော်ဖက်ရှင်နယ်အရည်အချင်းများကို ကိုင်ဆောင်ထားမှုနှင့်အတူ ဗြိတိန်နိုင်ငံတွင် ကျွမ်းကျင်ပညာရှင်များ ရာခိုင်နှုန်းအမြင့်ဆုံးရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ International Competitiveness စင်တာ၏ အဆိုအရ အီဒင်ဘာ့ဂ် မြို့သည် ဗြိတိန်နိုင်ငံတွင် ပြိုင်ဆိုင်မှုအရှိဆုံးမြို့ကြီးတစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် (၂၀၁၂)ခုနှစ်တွင် Financial Times မဂ္ဂဇင်းက အီဒင် ဘာ့ဂ်မြို့ကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အတွက် အနာဂတ်၏အကောင်းဆုံးဥရောပမြို့ကြီးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ အတွက် အကောင်းဆုံးမြို့ကြီးအဖြစ် ရေးသားဖော်ပြခဲ့ ကြောင်းသိရသည်။ အီဒင်ဘာ့ဂ်မြို့သည် စကော့တ လန်နိုင်ငံ၏ အစိုးရနှင့် တရားစီရင်ရေးစနစ်၏ အချက်အချာနေရာဖြစ်မှုနှင့်အတူ ပြည်သူ့ကဏ္ဍသည် အီဒင်ဘာ့ဂ်မြို့၏ စီးပွားရေးတွင် အဓိက အခန်းကဏ္ဍမှပါဝင်နေကြောင်းလည်းသိရသည်။အခြားအဓိကကဏ္ဍများတွင် အုပ်ချုပ်ရေးနှင့် ပံ့ပိုး ကူညီမှုဝန်ဆောင်မှုများ၊ ပညာရေးကဏ္ဍ၊ ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာဝန်ဆောင်မှုများနှင့် ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုတို့ ပါဝင်ကြောင်းသိရသည်။
ခရီးသွားလုပ်ငန်း
ခရီးသွားလုပ်ငန်းသည် အီဒင်ဘာ့ဂ်မြို့၏စီးပွားရေးအတွက် အရေးပါသောလုပ်ငန်းတစ်ခု လည်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ် မှုနှင့်အတူ ခရီးသွားများသည် အီဒင်ဘာ့ဂ်ရဲတိုက်၊ Holyroodhouse နန်းတော်နှင့် မြို့ဟောင်းနှင့်မြို့ သစ်တို့ကဲ့သို့သော သမိုင်းဝင်နေရာများကိုလာရောက်လည်ပတ်လေ့ရှိကြကြောင်းသိရသည်။ ခရီးသွား(၄ ဒသမ ၄) သန်းကို ဆွဲဆောင်ပြီး ဒေသတွင်းစီးပွားရေး အတွက် ပေါင်သန်း(၁၀ဝ)ကျော်ကို ထုတ်လုပ်ပေး သည့် အီဒင်ဘာ့ဂ်ပွဲတော်များအတွင်း နှစ်စဉ်နှစ် တိုင်း ဩဂုတ်လတွင် ခရီးသွားအရေအတွက်မှာ တိုး မြင့်လာခဲ့ကြောင်းလည်းသိရသည်။ (၂၀၁၀)ပြည့်နှစ် မတ်လတွင် အီဒင်ဘာ့ဂ်မြို့တွင် အလုပ်လက်မဲ့နှုန်း မှာ (၃ ဒသမ ၆)ရာခိုင်နှုန်းသာရှိပြီး စကော့တလန်၏ပုံမှန်အလုပ်လက်မဲ့နှုန်း(၄ဒသမ၅) ရာခိုင်နှုန်း အောက်တွင်သာ အမြဲတမ်းရှိခဲ့ကြောင်းသိရသည်။(၂၀၂၂)ခုနှစ်တွင် အီဒင်ဘာ့ဂ်မြို့သည် လန်ဒန်မြို့ ပြီးလျှင် ဗြိတိန်နိုင်ငံတွင်းတွင် ဒုတိယမြောက် နိုင်ငံ ခြားခရီးသွားလာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
သမိုင္းဝင္ၿမိဳ႕ေတာ္အျဖစ္ နာမည္ေက်ာ္ၾကားသည့္ အီဒင္ဘာ့ဂ္ၿမိဳ႕
Pika (NP News) - ဇြန္ ၂၇
အီဒင္ဘာ့ဂ္ၿမိဳ႕သည္ စေကာ့တလန္ႏိုင္ငံ ၏ၿမိဳ႕ေတာ္ျဖစ္ၿပီး ေကာင္စီဧရိယာ(၃၂)ခုထဲမွတစ္ခု လည္းျဖစ္ကာ သမိုင္းဝင္ၿမိဳ႕ေတာ္ႏွင့္ ခရီးသြားဆြဲ ေဆာင္ရာေနရာတစ္ခုအျဖစ္ နာမည္ေက်ာ္ၾကား သည္။ အီဒင္ဘာ့ဂ္ၿမိဳ႕၏ ထူးျခားေသာလကၡဏာ မ်ား၊ (၁၂)ရာစုမွ (၁၆)ရာစုအတြင္း ဥေရာပ အေနာက္ျခမ္းတြင္ ေတြ႕ျမင္ရေသာ ဗိသုကာပညာ လက္ရာမ်ားႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္ျြကယ္ဝမႈ တို႔က ၎ကို စေကာ့တလန္ႏိုင္ငံတြင္ မျဖစ္မေနသြားေရာက္လည္ပတ္ရမည့္ေနရာတစ္ခုျဖစ္ေစခဲ့ ေၾကာင္းလည္းသိရသည္။ အီဒင္ဘာ့ဂ္ၿမိဳ႕သည္ စေကာ့တလန္ႏိုင္ငံ၏ အေရွ႕ေတာင္ဘက္တြင္ တည္ရွိၿပီး (၂၀၂၅)ခုႏွစ္အထိ ယင္းတြင္ေနထိုင္သူ လူဦးေရအေရအတြက္မွာ (၅၆၃၅၃၄)ဦးရွိကာ စေကာ့တလန္ႏိုင္ငံတြင္ ဒုတိယေျမာက္လူဦးေရ အထူထပ္ဆုံးႏွင့္ ၿဗိတိန္ႏိုင္ငံတြင္ (၇)ခုေျမာက္လူ ဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေစခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ က်ယ္ျပန႔္ေသာအီဒင္ဘာ့ဂ္ၿမိဳ႕ျပ ဧရိယာတြင္ ေနထိုင္သူလူဦးေရအေရအတြက္မွာ (၉၁၂၄၉၀)ဦးရွိေၾကာင္းလည္းသိရသည္။
သမိုင္းေၾကာင္းႏွင့္ေခတ္သစ္ကာလ
(၁၅)ရာစုကတည္းက စေကာ့တလန္ႏိုင္ ငံ၏ ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခံခဲ့ရေသာ အီဒင္ဘာ့ဂ္ ၿမိဳ႕သည္ စေကာ့တလန္အစိုးရ၊ စေကာ့တလန္လႊတ္ ေတာ္၊ စေကာ့တလန္ရွိ အျမင့္ဆုံးတရား႐ုံးမ်ားႏွင့္ စေကာ့တလန္တြင္ ၿဗိတိသွ်ဘုရင္ တရားဝင္ေနထိုင္ ရာေနရာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ အီဒင္ ဘာ့ဂ္ၿမိဳ႕သည္ စေကာ့တလန္ဘုရားေက်ာင္း၏ အေထြေထြညီလာခံကို ႏွစ္စဥ္က်င္းပသည့္ေနရာတစ္ခုလည္းျဖစ္ေၾကာင္းသိရသည္။ အထူးသျဖင့္ ေဆးပညာ၊ စေကာ့တလန္ဥပေဒ၊ စာေပ၊ ဒႆနိက ေဗဒ၊ သိပၸံပညာႏွင့္ အင္ဂ်င္နီယာ နယ္ပယ္တို႔တြင္ ကာလရွည္ၾကာစြာ ပညာေရး အခ်က္အခ်ာေနရာ တစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။ အီဒင္ဘာ့ဂ္ တကၠသိုလ္ကို (၁၅၈၂)ခုႏွစ္တြင္ စတင္တည္ ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ၿမိဳ႕ရွိနာမည္ႀကီး တကၠသိုလ္(၃)ခုအနက္မွတစ္ခုအျဖစ္ ဆက္လက္ရပ္ တည္လ်က္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ စေကာ့ တလန္၏ဘ႑ာေရးအခ်က္အခ်ာေနရာျဖစ္ေသာ အီဒင္ဘာ့ဂ္ၿမိဳ႕သည္ ၿဗိတိန္ႏိုင္ငံတြင္ ဒုတိယေျမာက္ အႀကီးဆုံးဘ႑ာေရးအခ်က္အခ်ာေနရာ၊ ဥေရာပ တြင္ ေလးခုေျမာက္အႀကီးဆုံးဘ႑ာေရးအခ်က္ အခ်ာေနရာႏွင့္ ကမာၻေပၚတြင္ (၁၃)ခုေျမာက္အႀကီး ဆုံးဘ႑ာေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။ အီဒင္ဘာ့ဂ္ၿမိဳ႕သည္ ယဥ္ေက်းမႈအခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္ၿပီး စေကာ့တ လန္အမ်ိဳးသားျပတိုက္၊ စေကာ့တလန္အမ်ိဳးသား စာ ၾကည့္တိုက္ႏွင့္ စေကာ့တလန္အမ်ိဳးသားျပခန္းမ်ားအပါအဝင္ အဖြဲ႕အစည္းမ်ားစြာ၏ ေနအိမ္တစ္ခုလည္း ျဖစ္သည္။ ထို႔ျပင္ အီဒင္ဘာ့ဂ္ၿမိဳ႕သည္ ကမာၻ႔အႀကီး ဆုံး ႏွစ္ပတ္လည္ ႏိုင္ငံတကာအႏုပညာပြဲေတာ္ျဖစ္ ေသာ Edinburgh International Festival and the Fringe ပြဲေတာ္အတြက္ လူသိမ်ားေၾကာင္း လည္း သိရသည္။ အီဒင္ဘာ့ဂ္ၿမိဳ႕ရွိ သမိုင္းဝင္ေနရာ မ်ားတြင္ အီဒင္ဘာ့ဂ္ရဲတိုက္၊ Holyroodhouse နန္းေတာ္၊St. Giles၊ Greyfriars ႏွင့္ Canongate ဘုရားေက်ာင္းမ်ားႏွင့္ (၁၈)ရာစုႏွင့္ (၁၉)ရာစုတို႔အတြင္းတည္ေဆာက္ခဲ့ေသာ က်ယ္ျပန႔္သည့္ Georgian New Town တို႔ပါဝင္ေၾကာင္းသိရ သည္။ အီဒင္ဘာ့ဂ္ ၿမိဳ႕ေဟာင္းႏွင့္ၿမိဳ႕သစ္တို႔သည္ ယူနက္စကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေနရာမ်ား အျဖစ္ စာရင္းသြင္းခံထားရသည့္ေနရာမ်ားျဖစ္ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အီဒင္ဘာ့ဂ္ၿမိဳ႕၏ သမိုင္းဝင္ႏွင့္ ယဥ္ေက်းမႈဆိုင္ရာ ဆြဲေဆာင္မႈမ်ား သည္ ၎ကို ၿဗိတိန္ႏိုင္ငံတြင္ ဒုတိယေျမာက္ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္လည္ပတ္မႈ အမ်ားဆုံးေနရာျဖစ္လာေစခဲ့ၿပီး (၂၀၁၈)ခုႏွစ္တြင္ ႏိုင္ငံျခားခရီးသြား(၂ ဒသမ ၄)သန္းအပါအဝင္ ခရီးသြားစုစုေပါင္း(၄ ဒသမ ၉)သန္းကို ဆြဲေဆာင္ ႏိုင္ခဲ့ေၾကာင္းသိရသည္။
စီးပြားေရး
အီဒင္ဘာ့ဂ္ၿမိဳ႕သည္ ၿဗိတိန္ႏိုင္ငံတြင္းတြင္ လန္ဒန္ၿမိဳ႕ၿပီးလွ်င္ စီးပြားေရးအားအေကာင္းဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး လူဦးေရ၏(၄၃)ရာခိုင္ႏႈန္းသည္ ဒီဂရီ အဆင့္ သို႔မဟုတ္ ပေရာ္ဖက္ရွင္နယ္အရည္အခ်င္းမ်ားကို ကိုင္ေဆာင္ထားမႈႏွင့္အတူ ၿဗိတိန္ႏိုင္ငံတြင္ ကြၽမ္းက်င္ပညာရွင္မ်ား ရာခိုင္ႏႈန္းအျမင့္ဆုံးရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ International Competitiveness စင္တာ၏ အဆိုအရ အီဒင္ဘာ့ဂ္ ၿမိဳ႕သည္ ၿဗိတိန္ႏိုင္ငံတြင္ ၿပိဳင္ဆိုင္မႈအရွိဆုံးၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ (၂၀၁၂)ခုႏွစ္တြင္ Financial Times မဂၢဇင္းက အီဒင္ ဘာ့ဂ္ၿမိဳ႕ကို ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ အတြက္ အနာဂတ္၏အေကာင္းဆုံးဥေရာပၿမိဳ႕ႀကီးႏွင့္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမဟာဗ်ဴဟာ အတြက္ အေကာင္းဆုံးၿမိဳ႕ႀကီးအျဖစ္ ေရးသားေဖာ္ျပခဲ့ ေၾကာင္းသိရသည္။ အီဒင္ဘာ့ဂ္ၿမိဳ႕သည္ စေကာ့တ လန္ႏိုင္ငံ၏ အစိုးရႏွင့္ တရားစီရင္ေရးစနစ္၏ အခ်က္အခ်ာေနရာျဖစ္မႈႏွင့္အတူ ျပည္သူ႔က႑သည္ အီဒင္ဘာ့ဂ္ၿမိဳ႕၏ စီးပြားေရးတြင္ အဓိက အခန္းက႑မွပါဝင္ေနေၾကာင္းလည္းသိရသည္။အျခားအဓိကက႑မ်ားတြင္ အုပ္ခ်ဳပ္ေရးႏွင့္ ပံ့ပိုး ကူညီမႈဝန္ေဆာင္မႈမ်ား၊ ပညာေရးက႑၊ ျပည္သူ႔ အုပ္ခ်ဳပ္ေရးႏွင့္ ကာကြယ္ေရး၊ က်န္းမာေရးႏွင့္ လူမႈေရးေစာင့္ေရွာက္မႈက႑၊ သိပၸံႏွင့္ နည္းပညာ ဆိုင္ရာဝန္ေဆာင္မႈမ်ားႏွင့္ ေဆာက္လုပ္ေရးႏွင့္ ကုန္ထုတ္လုပ္မႈတို႔ ပါဝင္ေၾကာင္းသိရသည္။
ခရီးသြားလုပ္ငန္း
ခရီးသြားလုပ္ငန္းသည္ အီဒင္ဘာ့ဂ္ၿမိဳ႕၏စီးပြားေရးအတြက္ အေရးပါေသာလုပ္ငန္းတစ္ခု လည္းျဖစ္သည္။ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုျဖစ္ မႈႏွင့္အတူ ခရီးသြားမ်ားသည္ အီဒင္ဘာ့ဂ္ရဲတိုက္၊ Holyroodhouse နန္းေတာ္ႏွင့္ ၿမိဳ႕ေဟာင္းႏွင့္ၿမိဳ႕ သစ္တို႔ကဲ့သို႔ေသာ သမိုင္းဝင္ေနရာမ်ားကိုလာေရာက္လည္ပတ္ေလ့ရွိၾကေၾကာင္းသိရသည္။ ခရီးသြား(၄ ဒသမ ၄) သန္းကို ဆြဲေဆာင္ၿပီး ေဒသတြင္းစီးပြားေရး အတြက္ ေပါင္သန္း(၁၀ဝ)ေက်ာ္ကို ထုတ္လုပ္ေပး သည့္ အီဒင္ဘာ့ဂ္ပြဲေတာ္မ်ားအတြင္း ႏွစ္စဥ္ႏွစ္ တိုင္း ဩဂုတ္လတြင္ ခရီးသြားအေရအတြက္မွာ တိုး ျမင့္လာခဲ့ေၾကာင္းလည္းသိရသည္။ (၂၀၁၀)ျပည့္ႏွစ္ မတ္လတြင္ အီဒင္ဘာ့ဂ္ၿမိဳ႕တြင္ အလုပ္လက္မဲ့ႏႈန္း မွာ (၃ ဒသမ ၆)ရာခိုင္ႏႈန္းသာရွိၿပီး စေကာ့တလန္၏ပုံမွန္အလုပ္လက္မဲ့ႏႈန္း(၄ဒသမ၅) ရာခိုင္ႏႈန္း ေအာက္တြင္သာ အၿမဲတမ္းရွိခဲ့ေၾကာင္းသိရသည္။(၂၀၂၂)ခုႏွစ္တြင္ အီဒင္ဘာ့ဂ္ၿမိဳ႕သည္ လန္ဒန္ၿမိဳ႕ ၿပီးလွ်င္ ၿဗိတိန္ႏိုင္ငံတြင္းတြင္ ဒုတိယေျမာက္ ႏိုင္ငံ ျခားခရီးသြားလာေရာက္လည္ပတ္မႈအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။