မက္ကဆီကိုမြောက်ပိုင်းက စူပါမားကတ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂၃)ဦးသေဆုံး

 223

Pika (NP News) - နိုဝင်ဘာ ၄

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းက စူပါမားကတ်တစ်ခုမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂၃)ဦးသေဆုံးခဲ့ တယ်လို့ ဒေသတွင်းအရာရှိတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ လျှပ်စစ်ထရန်စဖော်မာ အမှားအယွင်းကြောင့်ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတစ်ခုဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဆိုနိုရာပြည်နယ်အုပ်ချုပ်ရေးမှူး အယ်လ်ဖွန်ဆိုဒူဇာရိုက “ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့တွေ့ရှိခဲ့တဲ့ သေဆုံးသူအများစုဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေဖြစ်နေတာပါ” လို့ ပြောခဲ့ပါတယ်။ သေဆုံးသူ အများစု ဟာ အဆိပ်ဓါတ်ငွေ့ရှူရှိုက်မိလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရရှေ့နေ ဂူစတာဗိုဆာလက်စ်က ပြောကြားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုအတွင်း အခြားလူ(၁၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုတွေ လုပ်ဆောင်ဖို့အတွက် ဆေးရုံကို ပို့ဆောင်ပြီးပြီဖြစ်တယ်လို့ ဂူစတာဗိုဆာလက်စ်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို ဆုံးဖြတ်ဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ တာဝန်ရှိသူတွေ အားလုံးကို အမိန့်ပေးခဲ့တယ်လို့ အယ်လ်ဖွန်ဆိုဒူဇာရိုက ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Verion:
မကၠဆီကိုေျမာက္ပိုင္းက စူပါမားကတ္တစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၂၃)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၄
မကၠဆီကိုႏိုင္ငံေျမာက္ပိုင္းက စူပါမားကတ္တစ္ခုမွာ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၂၃)ဦးေသဆုံးခဲ့ တယ္လို႔ ေဒသတြင္းအရာရွိေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီေပါက္ကြဲမႈဟာ လွ်ပ္စစ္ထရန္စေဖာ္မာ အမွားအယြင္းေၾကာင့္ျဖစ္ေပၚလာတဲ့ မေတာ္တဆမႈတစ္ခုျဖစ္ႏိုင္တယ္လို႔ စုံစမ္းစစ္ေဆးေရးမႉးေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဆိုႏိုရာျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အယ္လ္ဖြန္ဆိုဒူဇာ႐ိုက “ဝမ္းနည္းစရာေကာင္းတာက ကြၽန္ေတာ္တို႔ေတြ႕ရွိခဲ့တဲ့ ေသဆုံးသူအမ်ားစုဟာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးေတြျဖစ္ေနတာပါ” လို႔ ေျပာခဲ့ပါတယ္။ ေသဆုံးသူ အမ်ားစု ဟာ အဆိပ္ဓါတ္ေငြ႕ရႉရႈိက္မိလို႔ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ျပည္နယ္အစိုးရေရွ႕ေန ဂူစတာဗိုဆာလက္စ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီေပါက္ကြဲမႈအတြင္း အျခားလူ(၁၂)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေဆး႐ုံကို ပို႔ေဆာင္ၿပီးၿပီျဖစ္တယ္လို႔ ဂူစတာဗိုဆာလက္စ္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ေပါက္ကြဲမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကို ဆုံးျဖတ္ဖို႔နဲ႔ စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ဖို႔ တာဝန္ရွိသူေတြ အားလုံးကို အမိန႔္ေပးခဲ့တယ္လို႔ အယ္လ္ဖြန္ဆိုဒူဇာ႐ိုက ထုတ္ျပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.